လပေါ်မှ ကမ္ဘာမြေသို့ လျှပ်စစ်မီးပေးမည့် စီမံကိန်းလုပ်ဆောင်ရန် ဂျပန်နိုင်ငံ အဆိုပြု

 264

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇

ဂျပန်နိုင်ငံသည် သိပ္ပံစိတ်ကူးယဉ်ဇာတ် လမ်းများတွင်တွေ့ရတတ်သော စီမံကိန်းကြီးတစ်ခုကို အကောင် အထည်ဖော်ရန်မျှော်မှန်းနေကြောင်းသိရသည်။ လကမ္ဘာ၏အီကွေတာတစ်လျှောက်တွင် နေရောင်ခြည်စွမ်းအင်သုံးဆို လာပြားများတပ်ဆင်ပြီး ကမ္ဘာမြေကို လျှပ်စစ်ဓာတ်အားပေးပို့မည့် Luna Ring စီမံကိန်းဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်း၏ အဓိကစိတ်ကူးသည် လကမ္ဘာ၏အီကွေတာ လုံးပတ်(၁၁၀ဝဝ)ကီလိုမီတာတစ်လျှောက်တွင် ဆို လာပြား ခါးပတ်ကွင်းကြီးတစ်ခု တည်ဆောက်ရန်ဖြစ်ပြီး ကမ္ဘာမြေတွင်မိုးတိမ်ဖုံးခြင်း ညဘက်ရောက်သွား ခြင်းမျိုး မရှိဘဲ လကမ္ဘာပေါ်မှနေရောင်ခြည်ကို (၂၄) နာရီကြာရရှိနိုင်မည်ဖြစ်သည်။ ရရှိလာသောစွမ်းအင်များကို လေဆာ သို့မဟုတ် မိုက်ခရိုဝေ့ဖ်နည်းပညာနှင့် ကမ္ဘာမြေပေါ်မှလက်ခံစခန်းများဆီ ကြိုးမဲ့စနစ်ဖြင့်ပို့လွှတ်သွားဖွယ်ရှိနေကြောင်း သတင်းများထွက်နေသည်။ ဂျပန်အခြေစိုက် Shimizu Corporation စီးပွားရေး လုပ်ငန်းစု၏အဆိုပြုချက်အရ စီမံကိန်း ကို လူအင်အားထက် စက်ရုပ်များကို အဓိကထားအသုံးပြု တည်ဆောက်သွားရန်စီစဉ်နေကြောင်းသိရသည်။ လက်ရှိ အချိန်တွင် အဆိုပါစီမံကိန်းက ကြီးမားသည့် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုများရှိနေသော် လည်းကမ္ဘာ့စွမ်းအင်လို အပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အကောင်းဆုံးအဖြေတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ ဂျပန်ပညာရှင်များက အဆိုပါ စီမံကိန်း အောင်မြင်ခဲ့မည်ဆိုလျှင် ကမ္ဘာကြီးအနေဖြင့် ကျောက်မီးသွေးနှင့် ရေနံအပေါ် မှီခိုနေရခြင်း လျော့ကျနိုင် ဖွယ်ရှိသည် ဟုမျှော်လင့်နေသည်။

Zawgyi Version;
လေပၚမွ ကမာၻေျမသို႔ လွ်ပ္စစ္မီးေပးမည့္ စီမံကိန္းလုပ္ေဆာင္ရန္ ဂ်ပန္ႏိုင္ငံ အဆိုျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇

ဂ်ပန္ႏိုင္ငံသည္ သိပၸံစိတ္ကူးယဥ္ဇာတ္ လမ္းမ်ားတြင္ေတြ႕ရတတ္ေသာ စီမံကိန္းႀကီးတစ္ခုကို အေကာင္ အထည္ေဖာ္ရန္ေမွ်ာ္မွန္းေနေၾကာင္းသိရသည္။ လကမာၻ၏အီေကြတာတစ္ေလွ်ာက္တြင္ ေနေရာင္ျခည္စြမ္းအင္သုံးဆို လာျပားမ်ားတပ္ဆင္ၿပီး ကမာၻေျမကို လွ်ပ္စစ္ဓာတ္အားေပးပို႔မည့္ Luna Ring စီမံကိန္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါစီမံကိန္း၏ အဓိကစိတ္ကူးသည္ လကမာၻ၏အီေကြတာ လုံးပတ္(၁၁၀ဝဝ)ကီလိုမီတာတစ္ေလွ်ာက္တြင္ ဆို လာျပား ခါးပတ္ကြင္းႀကီးတစ္ခု တည္ေဆာက္ရန္ျဖစ္ၿပီး ကမာၻေျမတြင္မိုးတိမ္ဖုံးျခင္း ညဘက္ေရာက္သြား ျခင္းမ်ိဳး မရွိဘဲ လကမာၻေပၚမွေနေရာင္ျခည္ကို (၂၄) နာရီၾကာရရွိႏိုင္မည္ျဖစ္သည္။ ရရွိလာေသာစြမ္းအင္မ်ားကို ေလဆာ သို႔မဟုတ္ မိုက္ခ႐ိုေဝ့ဖ္နည္းပညာႏွင့္ ကမာၻေျမေပၚမွလက္ခံစခန္းမ်ားဆီ ႀကိဳးမဲ့စနစ္ျဖင့္ပို႔လႊတ္သြားဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေနသည္။ ဂ်ပန္အေျခစိုက္ Shimizu Corporation စီးပြားေရး လုပ္ငန္းစု၏အဆိုျပဳခ်က္အရ စီမံကိန္း ကို လူအင္အားထက္ စက္႐ုပ္မ်ားကို အဓိကထားအသုံးျပဳ တည္ေဆာက္သြားရန္စီစဥ္ေနေၾကာင္းသိရသည္။ လက္ရွိ အခ်ိန္တြင္ အဆိုပါစီမံကိန္းက ႀကီးမားသည့္ အင္ဂ်င္နီယာဆိုင္ရာ စိန္ေခၚမႈမ်ားရွိေနေသာ္ လည္းကမာၻ႔စြမ္းအင္လို အပ္ ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ အေကာင္းဆုံးအေျဖတစ္ခု ျဖစ္လာႏိုင္ဖြယ္ရွိေနသည္။ ဂ်ပန္ပညာရွင္မ်ားက အဆိုပါ စီမံကိန္း ေအာင္ျမင္ခဲ့မည္ဆိုလွ်င္ ကမာၻႀကီးအေနျဖင့္ ေက်ာက္မီးေသြးႏွင့္ ေရနံအေပၚ မွီခိုေနရျခင္း ေလ်ာ့က်ႏိုင္ ဖြယ္ရွိသည္ ဟုေမွ်ာ္လင့္ေနသည္။

Related news

© 2021. All rights reserved.