Centralized e-Pension စနစ်ကိုလည်း ပင်စင်စား ဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်

 1564

Pearl (NP News) - ဖေဖော်ဝါရီ ၂၄

Centralized e-Pension စနစ်ကိုလည်း ပင်စင်စား ဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်) က ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရန် e-ID စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် UID နံပါတ်များကောက်ယူမှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။
ထို့ပြင် ငွေသားသုံးစွဲမှုလျှော့ချနိုင်ရန် နှင့် နိုင်ငံ့ဝန်ထမ်းလစာနှင့် ပင်စင်လစာများကို MEB Pay Wallet သို့ထည့်သွင်း၍ လွယ်ကူစွာထုတ်ယူနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
CBM Net ဖြင့်ချိတ်ဆက်၍ FI Gate Way ကို ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၃၉ ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်ပြီး Centralized e-Pension စနစ်ကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ဘဏ်ခွဲပေါင်း ၁၈၅ ဘဏ်တွင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ပင်စင်စားဦးရေ၏ ၈၅ ဒသမ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပြီး Core Banking စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ Core Banking စနစ်မှသည် ကျန်ရှိသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
Centralized e-Pension စနစ်သည် မြန်မာ့စီးပွားရေးဘဏ်၏ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ထားသော စနစ်ဖြစ်ပြီး၊ အငြိမ်းစားများအနေဖြင့် ဘဏ်ခွဲ (၁၈၅) ခုတွင် မည်သည့်နေရာတွင်မဆို ဝန်ဆောင်ခအခမဲ့ဖြင့် ပင်စင်လစာများ ထုတ်ယူနိုင်ကြောင်း သိရသည်။

Zawgyi Version;
Centralized e-Pension စနစ္ကိုလည္း ပင္စင္စား ဦးေရ၏ ၈၅ ဒသမ ၇၅ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးျဖစ္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄

Centralized e-Pension စနစ္ကိုလည္း ပင္စင္စား ဦးေရ၏ ၈၅ ဒသမ ၇၅ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာ့စီးပြားေရးဘဏ္၏ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္ ႏွစ္ခ်ဳပ္စာရင္းပိတ္လုပ္ငန္းညႇိႏႈိင္းေဆြးေႏြးပြဲ ဖြင့္ပြဲကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၃ ရက္) က က်င္းပရာ အခမ္းအနားသို႔ ဘ႑ာေရးႏွင့္အခြန္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္ အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က အၿငိမ္းစားဝန္ထမ္းမ်ားကို ပင္စင္လစာထုတ္ေပးရာ၌ ပိုမိုအဆင္ေျပေခ်ာေမြ႕ေစရန္ e-ID စနစ္ျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းႏွင့္ UID နံပါတ္မ်ားေကာက္ယူမႈကို ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ေျပာသည္။
ထို႔ျပင္ ေငြသားသုံးစြဲမႈေလွ်ာ့ခ်ႏိုင္ရန္ ႏွင့္ ႏိုင္ငံ့ဝန္ထမ္းလစာႏွင့္ ပင္စင္လစာမ်ားကို MEB Pay Wallet သို႔ထည့္သြင္း၍ လြယ္ကူစြာထုတ္ယူႏိုင္ရန္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
CBM Net ျဖင့္ခ်ိတ္ဆက္၍ FI Gate Way ကို ဒီဇင္ဘာလအထိ ဘဏ္ခြဲေပါင္း ၃၉ ဘဏ္တြင္ ေဆာင္႐ြက္ၿပီးျဖစ္ၿပီး Centralized e-Pension စနစ္ကိုလည္း ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလအထိ ဘဏ္ခြဲေပါင္း ၁၈၅ ဘဏ္တြင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
ပင္စင္စားဦးေရ၏ ၈၅ ဒသမ ၇၅ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးျဖစ္ၿပီး Core Banking စနစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးကိုလည္း အစဥ္တစိုက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိကာ Core Banking စနစ္မွသည္ က်န္ရွိေသာ ဒစ္ဂ်စ္တယ္ဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ားကို တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းၾကရန္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
Centralized e-Pension စနစ္သည္ ျမန္မာ့စီးပြားေရးဘဏ္၏ ပင္စင္လစာထုတ္ေပးျခင္းလုပ္ငန္းကို ၂၀၂၃ ခုႏွစ္ စက္တင္ဘာလမွစ၍ အဆင့္ျမႇင့္တင္ထားေသာ စနစ္ျဖစ္ၿပီး၊ အၿငိမ္းစားမ်ားအေနျဖင့္ ဘဏ္ခြဲ (၁၈၅) ခုတြင္ မည္သည့္ေနရာတြင္မဆို ဝန္ေဆာင္ခအခမဲ့ျဖင့္ ပင္စင္လစာမ်ား ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.