တစ်ဖက်သတ်အခွန်တွေကို ပယ်ဖျက်ပေးဖို့ အမေရိကန်ကို တရုတ်အစိုးရ တိုက်တွန်း

 266

Pika (NP News) - ဖေဖော်ဝါရီ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ချမှတ်ခဲ့တဲ့တစ်ဖက်သတ်အခွန်တွေကို ပယ်ဖျက်ပေးဖို့ အမေရိကန်ကို တရုတ်အစိုးရက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်ဖက်နိုင်ငံအများအပြားက တရားမျှတမှုမရှိတဲ့ ကုန်သွယ်မှုအလေ့အကျင့်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပြီး နောက် ပြီးခဲ့တဲ့နှစ် အစောပိုင်းတည်းကနေ စတင်ပြီး ကုန်သွယ်ဖက်များစွာအပေါ်ကို အခွန်တွေချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့အတူ နိုင်ငံအများစုက ကုန်သွယ်မှုဆိုင်ရာမညီမျှမှုတွေအတွက် အပိုဆောင်း ကြေးတွေအပြင် အခြေခံအခွန်(၁၀)ရာခိုင်နှုန်း ကောက်ခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်ကို အခွန်တွေရုတ်သိမ်းဖို့ တိုက်တွန်းခဲ့ပြီး အမေရိကန်က ၎င်းရဲ့ပြည်တွင်းဥပဒေကို ကိုယ်တိုင်ချိုးဖောက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက “တစ်ဖက်သတ်အခွန်တိုးမြှင့်မှုပုံစံတွေအားလုံးကို တရုတ်က အဆက်မပြတ်ဆန့်ကျင်ကန့်ကွက်ခဲ့ ပြီး ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရတဲ့သူမရှိဘူးဆိုတာကို အကြိမ်ကြိမ်အလေးပေးပြောကြားခဲ့ပါတယ်။ တစ်ဖက်သတ်အခွန်တွေကို ပယ်ဖျက်ပေးဖို့ အမေရိကန်ကို ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တစ္ဖက္သတ္အခြန္ေတြကို ပယ္ဖ်က္ေပးဖို႔ အေမရိကန္ကို တ႐ုတ္အစိုးရ တိုက္တြန္း
Pika (NP News) - ေဖေဖာ္ဝါရီ ၂၅
အေမရိကန္သမၼတေဒၚနယ္ထရမ့္ ခ်မွတ္ခဲ့တဲ့တစ္ဖက္သတ္အခြန္ေတြကို ပယ္ဖ်က္ေပးဖို႔ အေမရိကန္ကို တ႐ုတ္အစိုးရက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ရဲ႕ကုန္သြယ္ဖက္ႏိုင္ငံအမ်ားအျပားက တရားမွ်တမႈမရွိတဲ့ ကုန္သြယ္မႈအေလ့အက်င့္ေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ၿပီး ေနာက္ ၿပီးခဲ့တဲ့ႏွစ္ အေစာပိုင္းတည္းကေန စတင္ၿပီး ကုန္သြယ္ဖက္မ်ားစြာအေပၚကို အခြန္ေတြခ်မွတ္ခဲ့တာလည္း ျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔အတူ ႏိုင္ငံအမ်ားစုက ကုန္သြယ္မႈဆိုင္ရာမညီမွ်မႈေတြအတြက္ အပိုေဆာင္း ေၾကးေတြအျပင္ အေျခခံအခြန္(၁၀)ရာခိုင္ႏႈန္း ေကာက္ခံမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အေမရိကန္ကို အခြန္ေတြ႐ုတ္သိမ္းဖို႔ တိုက္တြန္းခဲ့ၿပီး အေမရိကန္က ၎ရဲ႕ျပည္တြင္းဥပေဒကို ကိုယ္တိုင္ခ်ိဳးေဖာက္ေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက “တစ္ဖက္သတ္အခြန္တိုးျမႇင့္မႈပုံစံေတြအားလုံးကို တ႐ုတ္က အဆက္မျပတ္ဆန႔္က်င္ကန႔္ကြက္ခဲ့ ၿပီး ကုန္သြယ္ေရးစစ္ပြဲမွာ အႏိုင္ရတဲ့သူမရွိဘူးဆိုတာကို အႀကိမ္ႀကိမ္အေလးေပးေျပာၾကားခဲ့ပါတယ္။ တစ္ဖက္သတ္အခြန္ေတြကို ပယ္ဖ်က္ေပးဖို႔ အေမရိကန္ကို ကြၽန္ေတာ္တို႔ တိုက္တြန္းခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.