EAO အဖွဲ့အချို့သည် ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုယူကာ လူငယ်များအား အကြမ်းဖက်မှုများလုပ်ရန် မြှောက်ပင့်ပေးခဲ့ဟုဆို

1223

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၅
NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များသည့် ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုယူကာ လူငယ်များအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၅ ရက်) က နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံကာ အမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆူပူဆန္ဒပြမှုများကို ထိန်းထိန်း သိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
ထို့ပြင် NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်များ၊ နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာ ထောက်ထားမှု အကြောင်းအရာခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များတပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန် မြှောက်ပင့်ပေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
အလားတူ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှအဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက် အဖွဲ့များ အမျိုးမျိုးပေါ်ပေါက်လာခဲ့ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ယင်းအဖွဲ့များသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ နှိမ်နင်းလျက်ရှိကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြားစိန်ခေါ်မှုများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
EAO အဖြဲ႕အခ်ိဳ႕သည္ ျပည္ပႏိုင္ငံႀကီးအခ်ိဳ႕၏ ေငြေၾကးေထာက္ပံ့မႈယူကာ လူငယ္မ်ားအား အၾကမ္းဖက္မႈမ်ားလုပ္ရန္ ေျမႇာက္ပင့္ေပးခဲ့ဟုဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၅
NCA လက္မွတ္ေရးထိုးထားသည့္ EAO အဖြဲ႕အခ်ိဳ႕ႏွင့္ လက္မွတ္ေရးထိုးထားျခင္းမရွိသည့္ EAO အဖြဲ႕မ်ားသည့္ ျပည္ပႏိုင္ငံႀကီးအခ်ိဳ႕၏ ေငြေၾကးေထာက္ပံ့မႈယူကာ လူငယ္မ်ားအား အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ေစရန္ ေျမႇာက္ပင့္ေပးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၅ ရက္) က ေနာင္ဝိုး၊ က်ိဳင္းခမ္းႏွင့္ မိုင္းပ်ဥ္းတပ္နယ္တို႔ရွိ နယ္ေျမခံတပ္မ်ားသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီး အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံကာ အမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
စတင္တာဝန္ယူခဲ့ရသည့္အခ်ိန္တြင္ ဆူပူဆႏၵျပမႈမ်ား၊ လက္နက္ကိုင္အၾကမ္းဖက္ျခင္းမ်ားျဖစ္ေပၚခဲ့ၿပီး ဆူပူဆႏၵျပမႈမ်ားကို ထိန္းထိန္း သိမ္းသိမ္းျဖင့္ ေျဖရွင္းႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
ထို႔ျပင္ NCA လက္မွတ္ေရးထိုးထားသည့္ EAO အဖြဲ႕အခ်ိဳ႕ႏွင့္ လက္မွတ္ေရးထိုးထားျခင္းမရွိသည့္ EAO အဖြဲ႕မ်ားအေနျဖင့္ ႏိုင္ငံေရးျဖစ္စဥ္မ်ားေၾကာင့္ နယ္စပ္ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ လူငယ္မ်ား၊ ႏိုင္ငံ့ဝန္ထမ္းအခ်ိဳ႕တို႔အား လူသားခ်င္းစာနာ ေထာက္ထားမႈ အေၾကာင္းအရာေခါင္းစဥ္ေအာက္၌ လက္ခံထိန္းသိမ္းၿပီး ျပည္ပႏိုင္ငံႀကီးအခ်ိဳ႕၏ ေငြေၾကးေထာက္ပံ့မႈမ်ားရယူကာ အၾကမ္းဖက္သင္တန္းမ်ား သင္ၾကားပို႔ခ်၍ လက္နက္မ်ားတပ္ဆင္ေပးကာ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ေစရန္ ေျမႇာက္ပင့္ေပးခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
အလားတူ တည္ၿငိမ္ေအးခ်မ္းေရးကို မလိုလားသည့္ ျပည္တြင္း၊ ျပည္ပမွအဖြဲ႕အစည္းမ်ား၊ ျပည္ဖ်က္မီဒီယာမ်ား၏ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ တရားမဝင္ဖြဲ႕စည္းထားသည့္ CRPH ႏွင့္ NUG တို႔၏ လက္ေဝခံ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕အပါအဝင္ အၾကမ္းဖက္ အဖြဲ႕မ်ား အမ်ိဳးမ်ိဳးေပၚေပါက္လာခဲ့ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ ယင္းအဖြဲ႕မ်ားသည္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လုပ္ေဆာင္လာခဲ့သည့္အတြက္ တပ္မေတာ္အေနျဖင့္ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ဝင္မ်ား၊ တည္ၿငိမ္ေအးခ်မ္းေရးကိုလိုလားသည့္ ျပည္သူလူထုမ်ားႏွင့္ အတူတကြပူးေပါင္း၍ တရားဥပေဒႏွင့္အညီ ႏွိမ္နင္းလ်က္ရွိေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဆိုသည္။
အလားတူ ၂၀၂၃ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္၌ ထိခိုက္မႈျဖစ္ေပၚခဲ့သည့္ မိုခါမုန္တိုင္း၊ ၂၀၂၄ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းတြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚျခင္းႏွင့္ ၂၀၂၅ ခုႏွစ္၊ မတ္လ ၂၈ ရက္ေန႔တြင္ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီး စသည့္ သဘာဝေဘး အႏၲရာယ္မ်ား ျဖစ္ေပၚခဲ့ျခင္းမ်ားႏွင့္ အျခားစိန္ေခၚမႈမ်ားကိုလည္း အခက္အခဲမ်ားၾကားမွ ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ေၾကာင္းလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ထည့္သြင္းေျပာၾကားခဲ့သည္။