တရားမဝင်ဆေးဝါးကုသခြင်းကို တားဆီးသည်ဆိုရာတွင် အပ်ပုန်းများကိုလည်း အရေးယူရန် လို

2317

Pearl (NP News) - ဖေဖော်ဝါရီလ ၂၅
တရားမဝင်ဆေးဝါးကုသခြင်းကို တားဆီး ရာတွင် တရားမဝင်ကုသသူ(အပ်ပုန်း)များကိုလည်း အရေးယူရန်လိုကြောင်း ဆရာဝန်တစ်ဦးက NP News မှတစ်ဆင့် ပြောကြားသည်။
မြို့နယ်အချို့နှင့် ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းမဟုတ်ဘဲ တရားမဝင်ကျန်းမာရေးဝန်ဆောင်မှုပေးနေသူ(အပ်ပုန်း)များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
" ဥပဒေအားနည်းချက်ကြောင့်မလွှမ်းခြုံ တာတွေကြောင့်ရော ကျေးရွာတွေ၊ မြို့တွေမှာ အပ်ပုန်းထိုးတဲ့လူတွေကလွတ်နေတယ်။ အပြင်မှာ ဆေး အကြောင်းသိလို့ ဆေးလိုက်ထိုးနေတဲ့လူတွေအပေါ်မှာ ဥပဒေမသက်ရောက်ရင် အားနည်းချက်အနေနဲ့ ပြင်ရဦးမှာပေါ့။ ဒီလို ကျန်းမာရေးဝန်ဆောင်မှုတွေကို သုံးစွဲနေတဲ့ပြည်သူတွေက အန္တရာယ်ကင်းမှာ။ သေချာမထိန်းချုပ်နိုင်ရင်လည်း ပြည်သူတွေက အန္တရာယ် ရှိတာပေါ့။ ရှိရင် အစိုးရဘက်ကလည်း ကျန်းမာရေးဝန် ထုပ်ဝန်ပိုးဖြစ်တာပေါ့။ အခုလည်း အဲဒါတွေကြောင့် ထပ်ပြင်တယ် လွတ်နေတယ်ဆိုရင်တော့ ဥပဒေအား နည်းချက်မဟုတ်ဘဲ ဥပဒေကို လက်ကိုင်သုံးစွဲနေ တဲ့လူတွေမှာ ဒီဥပဒေကို သက်ရောက်အောင်မလုပ် နိုင်တာလို့မြင်ပါတယ်။ တကယ်အရေးယူမယ့်လူတွေ၊ တားဆီးမယ့်လူတွေအပေါ်မှာပါ ဒီဥပဒေလွှမ်းခြုံမှုရှိ အောင်လုပ်ရမှာပေါ့ ။ ဥပဒေကတော့ လူတိုင်းအပေါ်သက်ရောက်သင့်တာပေါ့နော်" ဟု အထက်ပါဆရာဝန်က NP News သို့ ပြောသည်။
ထို့အတူ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိမြင့်ရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျန်းမာရေးအသိပညာပေးမှုများကို အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများ ကျန်းမာရေး အသိပညာမြင့်မားလျှင် ပြဿနာအများအပြားကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် တရားဝင်ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ပြည်သူများ လက်လှမ်းမီနိုင်စေ ရန်ချိတ်ဆက်၍ ဟန်ချက်ညီညီဆောင်ရွက်သင့် ကြောင်းလည်း ပြောသည်။
" တချို့ကျ အဲဒီဒေသရဲ့ အားကိုးရာလည်း ဖြစ်နေတော့ ဘယ်သူမှလည်းတိုင်မှာမဟုတ်ဘူး။ တိုင်တဲ့အလေ့အကျင့်ကိုလည်း ကျေးရွာမှာရှိတဲ့လူ တွေက လုပ်ရမှာဝန်လေးကြတယ်။ တစ်ခုခုဖြစ်ရင် တောင် သူ့ကံပဲလေဆိုပြီးတော့ ဖြေသိမ့်ကြတာများ တာ။ ဒီအန္တရာယ်ကိုသိဖို့အတွက် ကျန်းမာရေးအသိပညာမြှင့်ဖို့လိုတယ်။ အဲဒါကျတော့ အချိန်ယူပြီးလုပ်မှ ပြဿနာတော်တော်များများက ဖြေရှင်းနိုင်မယ်။ တစ် ဖက်ကလည်း တရားဝင် ံနေူအ့ ဃနညအနမ တွေပေါ့ နော်။ အဲဒါတွေက လက်လှမ်းမီဖို့လည်းလိုတယ်။ ဆရာ၊ ဆရာမတွေ ဝန်ဆောင်မှုတွေကအစပေါ့နော်။ ဆေးဝါးတွေ၊ သွားရေးလာရေးတွေ လွယ်အောင်လုပ်ဖို့ လိုတယ်။ အဲဒါတွေပြည့်ဖို့လည်း ကျန်းမာရေးဘဏ္ဍာ စီမံချက်ပေါ့။ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာ။ အ ကုန်တွဲလုပ်ရမှာ။ အကုန် ဟန်ချက်ညီညီတက်လာမှ လိုချင်တဲ့ပန်းတိုင်ရောက်မှာ" ဟုပြောသည်။
လက်ရှိတွင် မည်သူမဆို ပုဂ္ဂလိက ဆေးရုံ လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက ကုသမှုအထောက်အကူ ပြုသင်တန်းကျောင်းလုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထို သူကို အနည်းဆုံး ထောင်ဒဏ်(၁)နှစ်မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အထိချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်ဟု ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ပုဒ်မ(၃၁)ကို အစားထိုးထားပြင်ဆင် ထားကြောင်းသိရသည်။
အလားတူ မည်သူမဆို ပုဂ္ဂလိက ဆေးရုံ လုပ်ငန်း၊ ပုဂ္ဂလိက ကုသမှုအထောက်အကူပြုသင် တန်းကျောင်းလုပ်ငန်း၊ ပုဂ္ဂလိကပြင်ပလူနာ ခွဲစိတ် ကုသရေးလုပ်ငန်း၊ ပုဂ္ဂလိကသားဖွားခန်းလုပ်ငန်းနှင့် ပုဂ္ဂလိက ဆေးခန်းလုပ်ငန်းတို့မှအပ အခြားပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်ကို လိုင်စင်မရှိဘဲလုပ် ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ အား အနည်းဆုံး ထောင်ဒဏ်(၃)လမှ အများဆုံး ထောင်ဒဏ်(၁)နှစ်အထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပုဂ္ဂလိက ကျန်းမာရေးလုပ် ငန်းဆိုင်ရာပုဒ်မ(၃၁)ကို အစားထိုးပြင်ဆင်ထားကြောင်း သိရသည်။

Zawgyi Version;
တရားမဝင္ေဆးဝါးကုသျခင္းကို တားဆီးသည္ဆိုရာတြင္ အပ္ပုန္းမ်ားကိုလည္း အေရးယူရန္ လို
Pearl (NP News) - ေဖေဖာ္ဝါရီလ ၂၅
တရားမဝင္ေဆးဝါးကုသျခင္းကို တားဆီး ရာတြင္ တရားမဝင္ကုသသူ(အပ္ပုန္း)မ်ားကိုလည္း အေရးယူရန္လိုေၾကာင္း ဆရာဝန္တစ္ဦးက NP News မွတစ္ဆင့္ ေျပာၾကားသည္။
ၿမိဳ႕နယ္အခ်ိဳ႕ႏွင့္ ေက်းလက္ေဒသမ်ားတြင္ က်န္းမာေရးဝန္ထမ္းမဟုတ္ဘဲ တရားမဝင္က်န္းမာေရးဝန္ေဆာင္မႈေပးေနသူ(အပ္ပုန္း)မ်ား ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။
" ဥပေဒအားနည္းခ်က္ေၾကာင့္မလႊမ္းၿခဳံ တာေတြေၾကာင့္ေရာ ေက်း႐ြာေတြ၊ ၿမိဳ႕ေတြမွာ အပ္ပုန္းထိုးတဲ့လူေတြကလြတ္ေနတယ္။ အျပင္မွာ ေဆး အေၾကာင္းသိလို႔ ေဆးလိုက္ထိုးေနတဲ့လူေတြအေပၚမွာ ဥပေဒမသက္ေရာက္ရင္ အားနည္းခ်က္အေနနဲ႔ ျပင္ရဦးမွာေပါ့။ ဒီလို က်န္းမာေရးဝန္ေဆာင္မႈေတြကို သုံးစြဲေနတဲ့ျပည္သူေတြက အႏၲရာယ္ကင္းမွာ။ ေသခ်ာမထိန္းခ်ဳပ္ႏိုင္ရင္လည္း ျပည္သူေတြက အႏၲရာယ္ ရွိတာေပါ့။ ရွိရင္ အစိုးရဘက္ကလည္း က်န္းမာေရးဝန္ ထုပ္ဝန္ပိုးျဖစ္တာေပါ့။ အခုလည္း အဲဒါေတြေၾကာင့္ ထပ္ျပင္တယ္ လြတ္ေနတယ္ဆိုရင္ေတာ့ ဥပေဒအား နည္းခ်က္မဟုတ္ဘဲ ဥပေဒကို လက္ကိုင္သုံးစြဲေန တဲ့လူေတြမွာ ဒီဥပေဒကို သက္ေရာက္ေအာင္မလုပ္ ႏိုင္တာလို႔ျမင္ပါတယ္။ တကယ္အေရးယူမယ့္လူေတြ၊ တားဆီးမယ့္လူေတြအေပၚမွာပါ ဒီဥပေဒလႊမ္းၿခဳံမႈရွိ ေအာင္လုပ္ရမွာေပါ့ ။ ဥပေဒကေတာ့ လူတိုင္းအေပၚသက္ေရာက္သင့္တာေပါ့ေနာ္" ဟု အထက္ပါဆရာဝန္က NP News သို႔ ေျပာသည္။
ထို႔အတူ ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးႏွင့္ပတ္သက္၍ က်န္းမာေရးအသိျမင့္ရန္ လိုအပ္သည့္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကလည္း က်န္းမာေရးအသိပညာေပးမႈမ်ားကို အခ်ိန္ယူ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျပည္သူမ်ား က်န္းမာေရး အသိပညာျမင့္မားလွ်င္ ျပႆနာအမ်ားအျပားကို ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။
ထို႔ျပင္ တရားဝင္က်န္းမာေရးဝန္ေဆာင္မႈ လုပ္ငန္းမ်ားကိုလည္း ျပည္သူမ်ား လက္လွမ္းမီႏိုင္ေစ ရန္ခ်ိတ္ဆက္၍ ဟန္ခ်က္ညီညီေဆာင္႐ြက္သင့္ ေၾကာင္းလည္း ေျပာသည္။
" တခ်ိဳ႕က် အဲဒီေဒသရဲ႕ အားကိုးရာလည္း ျဖစ္ေနေတာ့ ဘယ္သူမွလည္းတိုင္မွာမဟုတ္ဘူး။ တိုင္တဲ့အေလ့အက်င့္ကိုလည္း ေက်း႐ြာမွာရွိတဲ့လူ ေတြက လုပ္ရမွာဝန္ေလးၾကတယ္။ တစ္ခုခုျဖစ္ရင္ ေတာင္ သူ႔ကံပဲေလဆိုၿပီးေတာ့ ေျဖသိမ့္ၾကတာမ်ား တာ။ ဒီအႏၲရာယ္ကိုသိဖို႔အတြက္ က်န္းမာေရးအသိပညာျမႇင့္ဖို႔လိုတယ္။ အဲဒါက်ေတာ့ အခ်ိန္ယူၿပီးလုပ္မွ ျပႆနာေတာ္ေတာ္မ်ားမ်ားက ေျဖရွင္းႏိုင္မယ္။ တစ္ ဖက္ကလည္း တရားဝင္ ံေနူအ့ ဃနညအနမ ေတြေပါ့ ေနာ္။ အဲဒါေတြက လက္လွမ္းမီဖို႔လည္းလိုတယ္။ ဆရာ၊ ဆရာမေတြ ဝန္ေဆာင္မႈေတြကအစေပါ့ေနာ္။ ေဆးဝါးေတြ၊ သြားေရးလာေရးေတြ လြယ္ေအာင္လုပ္ဖို႔ လိုတယ္။ အဲဒါေတြျပည့္ဖို႔လည္း က်န္းမာေရးဘ႑ာ စီမံခ်က္ေပါ့။ တစ္ခုနဲ႔တစ္ခုက ခ်ိတ္ဆက္ေနတာ။ အ ကုန္တြဲလုပ္ရမွာ။ အကုန္ ဟန္ခ်က္ညီညီတက္လာမွ လိုခ်င္တဲ့ပန္းတိုင္ေရာက္မွာ" ဟုေျပာသည္။
လက္ရွိတြင္ မည္သူမဆို ပုဂၢလိက ေဆး႐ုံ လုပ္ငန္း သို႔မဟုတ္ ပုဂၢလိက ကုသမႈအေထာက္အကူ ျပဳသင္တန္းေက်ာင္းလုပ္ငန္း သို႔မဟုတ္ ပုဂၢလိက ျပင္ပလူနာခြဲစိတ္ကုသေရးလုပ္ငန္းကို လိုင္စင္မရွိဘဲ လုပ္ကိုင္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထို သူကို အနည္းဆုံး ေထာင္ဒဏ္(၁)ႏွစ္မွ အမ်ားဆုံး ေထာင္ဒဏ္(၅)ႏွစ္အထိခ်မွတ္ရမည့္အျပင္ ေငြဒဏ္ လည္းခ်မွတ္ႏိုင္သည္ဟု ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာ ပုဒ္မ(၃၁)ကို အစားထိုးထားျပင္ဆင္ ထားေၾကာင္းသိရသည္။
အလားတူ မည္သူမဆို ပုဂၢလိက ေဆး႐ုံ လုပ္ငန္း၊ ပုဂၢလိက ကုသမႈအေထာက္အကူျပဳသင္ တန္းေက်ာင္းလုပ္ငန္း၊ ပုဂၢလိကျပင္ပလူနာ ခြဲစိတ္ ကုသေရးလုပ္ငန္း၊ ပုဂၢလိကသားဖြားခန္းလုပ္ငန္းႏွင့္ ပုဂၢလိက ေဆးခန္းလုပ္ငန္းတို႔မွအပ အျခားပုဂၢလိက က်န္းမာေရးလုပ္ငန္းတစ္ရပ္ရပ္ကို လိုင္စင္မရွိဘဲလုပ္ ကိုင္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူ အား အနည္းဆုံး ေထာင္ဒဏ္(၃)လမွ အမ်ားဆုံး ေထာင္ဒဏ္(၁)ႏွစ္အထိခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ပုဂၢလိက က်န္းမာေရးလုပ္ ငန္းဆိုင္ရာပုဒ္မ(၃၁)ကို အစားထိုးျပင္ဆင္ထားေၾကာင္း သိရသည္။