စစ်ပွဲနိုင်မှ ဝင်ပါမည့်နိုင်ငံများကို မလိုအပ်ဟု အမေရိကန်သမ္မတ ဝေဖန်

186

ဂျန်ဇက် (NP News) - မတ် ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေနဲ့ အနိုင်ရပြီးမှ စစ်ပွဲထဲ ဝင်ပါလာမည့်နိုင်ငံများကို မလိုအပ်ဟု ထုတ်ဖော်ပြောဆိုမှုအတူ ဗြိတိန်ဝန်ကြီးချုပ်ကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။
ဗြိတိန်အနေဖြင့် အရှေ့အလယ်ပိုင်းသို့ ၎င်း၏ လေယာဉ်တင်သင်္ဘောများ စေလွှတ်ရန် ပြင်ဆင်နေချိန်တွင် အမေရိကန်သမ္မတက ယင်းကဲ့သို့တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက "တစ်ချိန်က ကျွန်တော်တို့ရဲ့အကြီးကျယ်ဆုံး မဟာမိတ်ဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘော (၂) စင်း စေလွှတ်ဖို့ နောက်ဆုံးတော့ အလေးအနက်စဉ်းစားလာပါပြီ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဝန်ကြီးချုပ်စတားမာ ခင်ဗျား အဲဒီလေယာဉ်တင်သင်္ဘောတွေကို မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့မှတ်ထားပါမယ်။ ကျုပ်တို့ အနိုင်ရပြီးခါမှ စစ်ပွဲထဲ ဝင်ပါလာမယ့်သူတွေကို ကျုပ်တို့ မလိုချင်ပါဘူး" ဟု ပြောခဲ့သည်။
အီရန်အပေါ် အမေရိကန်က တိုက်ခိုက်မှုများပြုလုပ်ရာတွင် ဗြိတိန်ရှိ အမေရိကန်လေတပ်စခန်းများကို အသုံးပြုခွင့်ပေးရန် ဗြိတိန်နိုင်ငံက အစောပိုင်းတွင် တွန့်ဆုတ်နေခဲ့ပြီး မကြာသေးမီက ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အမေရိကန်၏ B-1 Lancer ဗုံးကြဲလေယာဉ် (၄) စီးသည် ဗြိတိန်ရှိ RAF Fairford လေတပ်စခန်းတွင် ဆင်းသက်ထားပြီး စစ်ဆင်ရေးများအတွက် အသုံးပြုနေကြောင်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့ ချက်ချင်း စေလွှတ်မည်ဟု တရားဝင် မကြေညာသေးသော်လည်း မမျှော်လင့်ထားသောအခြေအနေများအတွက် သွားလာရန် "အသင့်အနေအထားပြင်ဆင်မှုကို အမြင့်ဆုံးအဆင့်သို့ တင်ထားကြောင်း" ပြောသည်။
အမေရိကန်စစ်တပ်သည် လက်ရှိအချိန်တွင် ဗြိတိန်လေတပ်စခန်းများကို အသုံးပြုနေရသော်လည်း နိုင်ငံရေးအရအမေရိကန် နှင့် အီရန် ကြားတွင်သဘောထားကွဲလွဲမှုများနှင့် ဆက်ဆံရေး အေးစက်မှုများရှိနေကြောင်း သိရသည်။ ဗြိတိန်သည် နှစ်ပေါင်းများစွာ အမေရိကန်၏ မဟာမိတ်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး စစ်ပွဲများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ဖူးသော်လည်း လက်ရှိစစ်ပွဲတွင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်းမျိုးမရှိဘဲ အမေရိကန်က အစ္စရေးနိုင်ငံနှင့် ပူးပေါင်းတိုက်ခိုက်နေရသည်။

Zawgyi Version;
စစ္ပြဲႏိုင္မွ ဝင္ပါမည့္ႏိုင္ငံမ်ားကို မလိုအပ္ဟု အေမရိကန္သမၼတ ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္အေနနဲ႔ အႏိုင္ရၿပီးမွ စစ္ပြဲထဲ ဝင္ပါလာမည့္ႏိုင္ငံမ်ားကို မလိုအပ္ဟု ထုတ္ေဖာ္ေျပာဆိုမႈအတူ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကို ေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရသည္။
ၿဗိတိန္အေနျဖင့္ အေရွ႕အလယ္ပိုင္းသို႔ ၎၏ ေလယာဥ္တင္သေဘၤာမ်ား ေစလႊတ္ရန္ ျပင္ဆင္ေနခ်ိန္တြင္ အေမရိကန္သမၼတက ယင္းကဲ့သို႔တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတက "တစ္ခ်ိန္က ကြၽန္ေတာ္တို႔ရဲ႕အႀကီးက်ယ္ဆုံး မဟာမိတ္ျဖစ္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းကို ေလယာဥ္တင္သေဘၤာ (၂) စင္း ေစလႊတ္ဖို႔ ေနာက္ဆုံးေတာ့ အေလးအနက္စဥ္းစားလာပါၿပီ။ ဒါေပမဲ့ အဆင္ေျပပါတယ္။ ဝန္ႀကီးခ်ဳပ္စတားမာ ခင္ဗ်ား အဲဒီေလယာဥ္တင္သေဘၤာေတြကို မလိုအပ္ေတာ့ပါဘူး။ ဒါေပမဲ့ က်ဳပ္တို႔မွတ္ထားပါမယ္။ က်ဳပ္တို႔ အႏိုင္ရၿပီးခါမွ စစ္ပြဲထဲ ဝင္ပါလာမယ့္သူေတြကို က်ဳပ္တို႔ မလိုခ်င္ပါဘူး" ဟု ေျပာခဲ့သည္။
အီရန္အေပၚ အေမရိကန္က တိုက္ခိုက္မႈမ်ားျပဳလုပ္ရာတြင္ ၿဗိတိန္ရွိ အေမရိကန္ေလတပ္စခန္းမ်ားကို အသုံးျပဳခြင့္ေပးရန္ ၿဗိတိန္ႏိုင္ငံက အေစာပိုင္းတြင္ တြန႔္ဆုတ္ေနခဲ့ၿပီး မၾကာေသးမီက ျပန္လည္ခြင့္ျပဳေပးခဲ့သည္ဟု သိရသည္။
လက္ရွိတြင္ အေမရိကန္၏ B-1 Lancer ဗုံးႀကဲေလယာဥ္ (၄) စီးသည္ ၿဗိတိန္ရွိ RAF Fairford ေလတပ္စခန္းတြင္ ဆင္းသက္ထားၿပီး စစ္ဆင္ေရးမ်ားအတြက္ အသုံးျပဳေနေၾကာင္း သိရသည္။
ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေလယာဥ္တင္သေဘၤာကို အေရွ႕အလယ္ပိုင္းသို႔ ခ်က္ခ်င္း ေစလႊတ္မည္ဟု တရားဝင္ မေၾကညာေသးေသာ္လည္း မေမွ်ာ္လင့္ထားေသာအေျခအေနမ်ားအတြက္ သြားလာရန္ "အသင့္အေနအထားျပင္ဆင္မႈကို အျမင့္ဆုံးအဆင့္သို႔ တင္ထားေၾကာင္း" ေျပာသည္။
အေမရိကန္စစ္တပ္သည္ လက္ရွိအခ်ိန္တြင္ ၿဗိတိန္ေလတပ္စခန္းမ်ားကို အသုံးျပဳေနရေသာ္လည္း ႏိုင္ငံေရးအရအေမရိကန္ ႏွင့္ အီရန္ ၾကားတြင္သေဘာထားကြဲလြဲမႈမ်ားႏွင့္ ဆက္ဆံေရး ေအးစက္မႈမ်ားရွိေနေၾကာင္း သိရသည္။ ၿဗိတိန္သည္ ႏွစ္ေပါင္းမ်ားစြာ အေမရိကန္၏ မဟာမိတ္ႏိုင္ငံအျဖစ္ရပ္တည္ခဲ့ၿပီး စစ္ပြဲမ်ားတြင္ ပူးေပါင္းပါဝင္တိုက္ခိုက္ခဲ့ဖူးေသာ္လည္း လက္ရွိစစ္ပြဲတြင္ ကိုယ္တိုင္ ပါဝင္တိုက္ခိုက္ျခင္းမ်ိဳးမရွိဘဲ အေမရိကန္က အစၥေရးႏိုင္ငံႏွင့္ ပူးေပါင္းတိုက္ခိုက္ေနရသည္။