အီရန်ခေါင်းဆောင်သစ်အဖြစ် နာမည်ကြီးနေသူ မိုဂျ်တာဘာ ခါမေနီ လုပ်ကြံခံရမှုမှ လက်လွတ်မြောက်ခဲ့သော်လည်း ပြင်းထန်သည့်ဒဏ်ရာရများရနေ

 2380

ဂျန်ဇက် (NP News) - မတ် ၈

သေဆုံးသွားပြီဖြစ်သော အီရန်အဓိပတိ အလီခါမေနီ၏ သားဖြစ်သူသလို အီရန်နိုင်ငံ၏အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံထားရသည့် မိုဂျ်တာဘာ ခါမေနီသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း အစ္စရေးလုံခြုံရေးအရာရှိများက အတည်ပြုပြောကြားလိုက်သည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ခဲ့သည့် Operation Epic Fury စစ်ဆင်ရေး၏ အဖွင့်လေကြောင်းတိုက်ခိုက်မှုများအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သူ အလီခါမေနီနှင့်အတူ အီရန်ထိပ်ပိုင်းစစ်ခေါင်းဆောင် အများအပြား လုပ်ကြံခံခဲ့ရကာ သေဆုံးခဲ့ကြောင်း သိရသည်။

မိုဂျ်တာဘာ ခါမေနီသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဖခင်ဖြစ်သူ၏ နေအိမ်ဝင်းကို အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ချိန်တွင် အဆိုပါနေရာအနီးတစ်ဝိုက်၌ ရှိနေခဲ့ပြီး တိုက်ရိုက်ပစ်မှတ်ထား လုပ်ကြံခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။
မိုဂျ်တာဘာ ခါမေနီသည် အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သော်လည်း တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိထားပြီး လက်ရှိအချိန်အထိ လူလုံးထွက်ပြနိုင်ခြင်း (သို့မဟုတ်) လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်၏ တိုက်ခိုက်မှုအတွင်း လေကြောင်း တိုက်ခိုက်မှုအတွင်း ဖခင်ဖြစ်သူ အလီခါမေနီသာမက၊ မိုဂျ်တာဘာ၏ မိခင်၊ ဇနီး နှင့် မိသားစုဝင်အချို့ပါ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်များက ဖော်ပြကြသည်။ အီရန်နိုင်ငံ၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းတွင် သတင်းများထွက်ခဲ့သည့်မိုဂျ်တာဘာသည် အီရန်နိုင်ငံရေးတွင် ဩဇာတိက္ကမကြီးမားသူဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အီရန်ခေါင်းဆောင်သစ်အဖြစ် နာမည်ကြီးနေသူ မိုဂ်ျတာဘာ ခါမေနီ လုပ်ကြံခံရမှုမှ လက်လွတ်မြောက်ခဲ့သော်လည်း ပြင်းထန်သည့်ဒဏ်ရာရများရနေ
ဂျန်ဇက် (NP News) - မတ် ၈
သေဆုံးသွားပြီဖြစ်သော အီရန်အဓိပတိ အလီခါမေနီ၏ သားဖြစ်သူသလို အီရန်နိုင်ငံ၏အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခံထားရသည့် မိုဂ်ျတာဘာ ခါမေနီသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း အစ္စရေးလုံခြုံရေးအရာရှိများက အတည်ပြုပြောကြားလိုက်သည်။


မိုဂ်ျတာဘာ ခါမေနီသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဖခင်ဖြစ်သူ၏ နေအိမ်ဝင်းကို အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ချိန်တွင် အဆိုပါနေရာအနီးတစ်ဝိုက်၌ ရှိနေခဲ့ပြီး တိုက်ရိုက်ပစ်မှတ်ထား လုပ်ကြံခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။
မိုဂ်ျတာဘာ ခါမေနီသည် အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သော်လည်း တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိထားပြီး လက်ရှိအချိန်အထိ လူလုံးထွက်ပြနိုင်ခြင်း (သို့မဟုတ်) လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်၏ တိုက်ခိုက်မှုအတွင်း လေကြောင်း တိုက်ခိုက်မှုအတွင်း ဖခင်ဖြစ်သူ အလီခါမေနီသာမက၊ မိုဂ်ျတာဘာ၏ မိခင်၊ ဇနီး နှင့် မိသားစုဝင်အချို့ပါ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်များက ဖော်ပြကြသည်။ အီရန်နိုင်ငံ၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းတွင် သတင်းများထွက်ခဲ့သည့်မိုဂ်ျတာဘာသည် အီရန်နိုင်ငံရေးတွင် ဩဇာတိက္ကမကြီးမားသူဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.