လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းကာ တိုင်းရင်းသားအားလုံး စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးဟုဆို

5621

သန့်ဇင်(NP News)-မတ် ၁၉
လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းကာ တိုင်းရင်းသားအားလုံး စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(မတ်လ ၁၉ ရက်)တွင်ကျရောက်သော (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
သမိုင်းကြောင်းသင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ပြည်နယ်သူ ပြည်နယ်သားများ၏အကျိုးစီးပွားနှင့် နိုင်ငံနှင့် ပြည်သူအားလုံးတို့၏ ကောင်းကျိုးကို ထမ်းဆောင်နိုင်သူများ ဖြစ်ကြစေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း နိုင်ငံသားတိုင်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိရေးအတွက် ဆေးရုံများတွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း၊ အခမဲ့ဆေးဝါးကုသခွင့်များ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန် ထမ်းများ ခန့်ထားပေးခြင်းတို့ကို နိုင်ငံတော်မှ အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက နိုင်ငံသားတိုင်းလူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်းအနေဖြင့် မွန်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် တံတားနှစ်စင်းဖြစ်သည့် ဂျိုင်း (ဇာသပြင်) တံတားသစ်နှင့် အတ္ထရံတံတားသစ် (၂) စင်းကိုလည်း ယခု မတ်လ (၈) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အဆိုပါတံတား (၂) စင်း ဖွင့်လှစ် ပေးနိုင်ခြင်းကြောင့် မော်လမြိုင်အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်းသို့လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့လည်းကောင်း ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှု လျင်မြန်စေမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi version:
လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္ဆူပူမႈမ်ား ခ်ဳပ္ၿငိမ္းကာ တိုင္းရင္းသားအားလုံး စိတ္ခ်မ္းသာစြာ ေနထိုင္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးညီၫြတ္ေရးမွာ အလြန္အေရးႀကီးေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔(မတ္လ ၁၉ ရက္)တြင္က်ေရာက္ေသာ (၅၂) ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
သမိုင္းေၾကာင္းသင္ခန္းစာမ်ားအရ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးသည္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္း သာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔အတြက္ အလြန္ပင္အေရးႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္ဆူပူမႈမ်ား ခ်ဳပ္ၿငိမ္းၿပီး တိုင္းရင္းသားျပည္သူအားလုံးသည္ ျပည္ေထာင္စုအတြင္း စိတ္ခ်မ္းသာစြာ ေနထိုင္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးညီၫြတ္ေရးမွာ အလြန္အေရးႀကီးေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
တိုင္းရင္းသားျပည္သူအားလုံး လိုလားသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုတည္ေဆာက္ရာတြင္ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအေနျဖင့္လည္း ျပည္ေထာင္စုစိတ္ဓာတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္ကို အေျခခံ၍ ျပည္နယ္သူ ျပည္နယ္သားမ်ား၏အက်ိဳးစီးပြားႏွင့္ ႏိုင္ငံႏွင့္ ျပည္သူအားလုံးတို႔၏ ေကာင္းက်ိဳးကို ထမ္းေဆာင္ႏိုင္သူမ်ား ျဖစ္ၾကေစေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
က်န္းမာေရးက႑အေနျဖင့္လည္း ႏိုင္ငံသားတိုင္း အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈမ်ား လက္လွမ္းမီရရွိေရးအတြက္ ေဆး႐ုံမ်ားတြင္ ေဆးဝါးႏွင့္ ပစၥည္းကိရိယာမ်ား ျပည့္စုံေအာင္ ျဖည့္ဆည္းေပးျခင္း၊ အခမဲ့ေဆးဝါးကုသခြင့္မ်ား ေဆာင္႐ြက္ေပးျခင္း၊ က်န္းမာေရးဝန္ ထမ္းမ်ား ခန႔္ထားေပးျခင္းတို႔ကို ႏိုင္ငံေတာ္မွ အစဥ္တစိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရက ႏိုင္ငံသားတိုင္းလူမႈစီးပြားဘဝ တိုးတက္ျမင့္မားေရးအတြက္ သယ္ယူပို႔ေဆာင္ေရး အဆင့္ျမႇင့္တင္ျခင္းအေနျဖင့္ မြန္ျပည္နယ္၏ လမ္းပန္းဆက္သြယ္ေရးမွအစ အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပည္တြင္းျပည္ပ ကုန္စည္စီးဆင္းမႈအတြက္ အဓိကက်သည့္ တံတားႏွစ္စင္းျဖစ္သည့္ ဂ်ိဳင္း (ဇာသျပင္) တံတားသစ္ႏွင့္ အတၳရံတံတားသစ္ (၂) စင္းကိုလည္း ယခု မတ္လ (၈) ရက္ေန႔တြင္ ဖြင့္လွစ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
အဆိုပါတံတား (၂) စင္း ဖြင့္လွစ္ ေပးႏိုင္ျခင္းေၾကာင့္ ေမာ္လၿမိဳင္အထူးစီးပြားေရးဇုန္ႏွင့္ ထားဝယ္ေရနက္ဆိပ္ကမ္းသို႔လည္းေကာင္း၊ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔မွ ျမန္မာႏိုင္ငံတစ္ဝန္းလုံးသို႔လည္းေကာင္း ပိုမိုလြယ္ကူအဆင္ေျပစြာ သြားလာႏိုင္မည္ျဖစ္ၿပီး ျပည္တြင္းျပည္ပ ကုန္စည္စီးဆင္းမႈ လ်င္ျမန္ေစမည္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။