အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်မည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

452

ဂျန်ဇက် (NP News) - မတ် ၂၀
ဂျပန်နှင့်အမေရိကန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ဆောင်နိုင်ရန် အမေရိကန်သမ္မတနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်တာကိုင်ချီက ထုတ်ဖော်ပြောကြားလိုက်သည်။
ဂျပန်ဝန်ကြီးချုပ်သည် မတ်လ ၁၉ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် (၁) နာရီကျော် ကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဂျပန်ဝန်ကြီးချုပ်တာကိုင်ချီက "ဒီနေ့မှာ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံစလုံးကို ပိုမိုခိုင်မာပြီး ကြွယ်ဝချမ်းသာအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ ဆွေးနွေးမှုလုပ်ခဲ့တယ်။ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များစွာကို အတည်ပြုနိုင်ခဲ့တယ်။ အခြေအနေ တင်းမာမှုကို စောစီးစွာ လျှော့ချဖို့ လိုအပ်တာ အပါအဝင် ဂျပန်ရဲ့အမြင်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာရေး ဘေးကင်းလုံခြုံမှုနဲ့ တည်ငြိမ်တဲ့စွမ်းအင်ထောက်ပံ့မှုတွေ အပါအဝင် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရရှိဖို့အတွက် အမေရိကန်နဲ့နီးကပ်စွာ ဆက်သွယ် ဆောင်ရွက်သွားဖို့ အတည်ပြုပါတယ်” ဟု ပြောသည်။ ဂျပန်ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတနှင့်တွေ့ဆုံ ဆွေးနွေးချိန်အတွင်း ဂျပန်နိုင်ငံက ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံပဒေဘောင်အတွင်းမှ လုပ်ဆောင်နိုင်သော အရာများ နှင့် မလုပ်ဆောင်နိုင်သည့်အရာများကို ရှင်းပြခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့သည်။
အမေရိကန်မှာ ရေနံထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြောင်း၊ ဂျပန်က အမေရိကန်စီးပွားရေးလုပ်ငန်းများတွင်အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ့မည့် သဘောတူညီ ချက်အရ ဒုတိယအကျော့ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ် နှင့် အလာဘားမားပြည်နယ်များတွင် မော်ဂျူလာ ဓာတ်ပေါင်းဖိုငယ်တွေ တည်ဆောက်ရန်အပြင် ပင်ဆယ်ဗေးနီးယားပြည်နယ်တွင်သဘာဝဓာတ်ငွေ့ဓာတ်အားပေး စက်ရုံများတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် အဓိက စက်မှုလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များကို တိုးချဲ့လုပ်ဆောင်ရန်အပြင် အရေးပါသော သတ္တုအရင်းအမြစ်များ၏ ပူးတွဲသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်သွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုလုပ္ေဆာင္မည္ဟု ဂ်ပန္ဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၀
ဂ်ပန္ႏွင့္အေမရိကန္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုလုပ္ေဆာင္ႏိုင္ရန္ အေမရိကန္သမၼတႏွင့္ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီက ထုတ္ေဖာ္ေျပာၾကားလိုက္သည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္သည္ မတ္လ ၁၉ ရက္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ အိမ္ျဖဴေတာ္တြင္ (၁) နာရီေက်ာ္ ၾကာေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္တာကိုင္ခ်ီက "ဒီေန႔မွာ ဂ်ပန္နဲ႔ အေမရိကန္ ျပည္ေထာင္စု ႏွစ္ႏိုင္ငံစလုံးကို ပိုမိုခိုင္မာၿပီး ႂကြယ္ဝခ်မ္းသာေအာင္ ဘယ္လိုပူးေပါင္းေဆာင္႐ြက္ႏိုင္မလဲဆိုတဲ့ ေဆြးေႏြးမႈလုပ္ခဲ့တယ္။ ပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္မ်ားစြာကို အတည္ျပဳႏိုင္ခဲ့တယ္။ အေျခအေန တင္းမာမႈကို ေစာစီးစြာ ေလွ်ာ့ခ်ဖို႔ လိုအပ္တာ အပါအဝင္ ဂ်ပန္ရဲ႕အျမင္ေတြကို ကြၽန္မ ရွင္းရွင္းလင္းလင္းေဖာ္ျပခဲ့ပါတယ္။ ေဟာ္မုဇ္ေရလက္ၾကားမွာ ေရေၾကာင္းသြားလာေရး ေဘးကင္းလုံၿခဳံမႈနဲ႔ တည္ၿငိမ္တဲ့စြမ္းအင္ေထာက္ပံ့မႈေတြ အပါအဝင္ အေရွ႕အလယ္ပိုင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ ရရွိဖို႔အတြက္ အေမရိကန္နဲ႔နီးကပ္စြာ ဆက္သြယ္ ေဆာင္႐ြက္သြားဖို႔ အတည္ျပဳပါတယ္” ဟု ေျပာသည္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္သည္ အေမရိကန္သမၼတႏွင့္ေတြ႕ဆုံ ေဆြးေႏြးခ်ိန္အတြင္း ဂ်ပန္ႏိုင္ငံက ဂ်ပန္ႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံပေဒေဘာင္အတြင္းမွ လုပ္ေဆာင္ႏိုင္ေသာ အရာမ်ား ႏွင့္ မလုပ္ေဆာင္ႏိုင္သည့္အရာမ်ားကို ရွင္းျပခဲ့ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က ထပ္မံေျပာဆိုခဲ့သည္။
အေမရိကန္မွာ ေရနံထုတ္လုပ္မႈတိုးျမႇင့္ႏိုင္ရန္ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း သေဘာတူညီခဲ့ေၾကာင္း၊ ဂ်ပန္က အေမရိကန္စီးပြားေရးလုပ္ငန္းမ်ားတြင္အေမရိကန္ေဒၚလာ ၅၅၀ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံ႔မည့္ သေဘာတူညီ ခ်က္အရ ဒုတိယအေက်ာ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးအတည္ျပဳႏိုင္ခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ တန္နက္ဆီျပည္နယ္ ႏွင့္ အလာဘားမားျပည္နယ္မ်ားတြင္ ေမာ္ဂ်ဴလာ ဓာတ္ေပါင္းဖိုငယ္ေတြ တည္ေဆာက္ရန္အျပင္ ပင္ဆယ္ေဗးနီးယားျပည္နယ္တြင္သဘာဝဓာတ္ေငြ႕ဓာတ္အားေပး စက္႐ုံမ်ားတည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။ အေမရိကန္သမၼတႏွင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္တို႔သည္ အဓိက စက္မႈလုပ္ငန္းမ်ားအတြက္ ယုံၾကည္စိတ္ခ်ရေသာ ေထာက္ပံ့ေရးကြင္းဆက္မ်ားကို တိုးခ်ဲ႕လုပ္ေဆာင္ရန္အျပင္ အေရးပါေသာ သတၱဳအရင္းအျမစ္မ်ား၏ ပူးတြဲသုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အရွိန္ျမႇင့္တင္သြားမည္ျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာခဲ့သည္။