တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF နှင့် AA အဖွဲ့ဝင် (၂၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာ

311

သန့်ဇင် (NP News) - မတ် ၂၁
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF နှင့် AA အဖွဲ့ဝင် (၂၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့ (မတ်လ ၂၀ ရက်) နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၁) ဦး၊ ရွှေကျင်မြို့မှ အမျိုးသား (၁) ဦး၊ ရွှေတောင်မြို့မှ အမျိုးသား (၁) ဦး၊ ရေတာရှည်မြို့မှ အမျိုးသား (၃) ဦး၊ ပန်းတောင်းမြို့မှ အမျိုးသား (၆) ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား (၂) ဦး၊ မင်းလှမြို့မှ အမျိုးသား (၁) ဦး၊ ဖြူးမြို့မှ အမျိုးသား (၁)ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား (၁) ဦး၊ စုစုပေါင်း အမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4 သေနတ် ၂ လက်၊ MA1 သေနတ် ၃ လက်၊ MA3 ၂ လက်၊ MA4 သေနတ် ၁ လက်၊ AK47 သေနတ် ၁ လက်၊ T-81 သေနတ် ၁ လက်၊ ပစ္စတို ၂ လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၄၀ မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ ခုတို့အား လွှဲပြောင်းအပ်နှံခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ PDF ႏွင့္ AA အဖြဲ႕ဝင္ (၂၂) ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ အလင္းဝင္ေရာက္လာ
သန႔္ဇင္ (NP News) - မတ္ ၂၁
ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ PDF ႏွင့္ AA အဖြဲ႕ဝင္ (၂၂) ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ အလင္းဝင္ေရာက္လာခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္လာၾကၿပီး တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံျခင္းအခမ္းအနားကို ယမန္ေန႔ (မတ္လ ၂၀ ရက္) နံနက္ပိုင္းက ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေအးခ်မ္းၿဖိဳးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လာသူမ်ားအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕မွ အမ်ိဳးသား (၅) ဦး၊ အမ်ိဳးသမီး (၁) ဦး၊ ေ႐ႊက်င္ၿမိဳ႕မွ အမ်ိဳးသား (၁) ဦး၊ ေ႐ႊေတာင္ၿမိဳ႕မွ အမ်ိဳးသား (၁) ဦး၊ ေရတာရွည္ၿမိဳ႕မွ အမ်ိဳးသား (၃) ဦး၊ ပန္းေတာင္းၿမိဳ႕မွ အမ်ိဳးသား (၆) ဦး၊ အုတ္ဖိုၿမိဳ႕မွ အမ်ိဳးသား (၂) ဦး၊ မင္းလွၿမိဳ႕မွ အမ်ိဳးသား (၁) ဦး၊ ျဖဴးၿမိဳ႕မွ အမ်ိဳးသား (၁)ဦး၊ ေပါက္ေခါင္းၿမိဳ႕မွ အမ်ိဳးသား (၁) ဦး၊ စုစုေပါင္း အမ်ိဳးသား (၂၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ဝင္ေရာက္လာၾကသည့္ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳး အမည္ခံအဖြဲ႕ဝင္မ်ားသည္ မိသားစုဝင္ေဆြမ်ိဳးမ်ားႏွင့္အၾကပ္ကိုင္၍ အတင္းအဓမၼစုေဆာင္းခံၾကရျခင္း၊ အၾကမ္းဖက္အဖြဲ႕မ်ား၏ အက်ိဳးစီးပြားအတြက္ အျပစ္မဲ့ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ သတ္ျဖတ္ျခင္း၊ စစ္ေရးပစ္မွတ္မဟုတ္သည့္ အေျခခံအေဆာက္အအုံမ်ား၊ လမ္း၊ တံတားမ်ားကို မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္လုပ္ေဆာင္ေနမႈမ်ားကို လက္မခံႏိုင္ေတာ့ျခင္းတို႔ေၾကာင့္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎အဖြဲ႕မ်ားအတြင္း၌ပင္ အထက္ေအာက္ အဆင့္အတန္းခြဲျခား၍ အခ်င္းခ်င္း ဗိုလ္က်ႏွိပ္စက္၊ သတ္ျဖတ္ျခင္း၊ အဓမၼမႈက်ဴးလြန္ျခင္း၊ အေနအစားဆင္းရဲ၍ ပင္ပန္းဆင္းရဲစြာေနထိုင္ရျခင္းႏွင့္ တပ္မေတာ္၏တိုက္စစ္ကို ခုခံႏိုင္ျခင္းမရွိေတာ့ဘဲ စိတ္ဓာတ္က်ဆင္းလာျခင္းတို႔အျပင္ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္လိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားက ၎တို႔ႏွင့္အတူ ပါရွိလာသည့္ M4 ေသနတ္ ၂ လက္၊ MA1 ေသနတ္ ၃ လက္၊ MA3 ၂ လက္၊ MA4 ေသနတ္ ၁ လက္၊ AK47 ေသနတ္ ၁ လက္၊ T-81 ေသနတ္ ၁ လက္၊ ပစၥတို ၂ လက္၊ ေလေသနတ္ ၁ လက္၊ က်ည္မ်ိဳးစုံ ၅၆၉ ေတာင့္၊ က်ည္အိမ္ ၁၆ ခု၊ လက္ပစ္ဗုံး ၄ လုံး၊ ၄၀ မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ ခုတို႔အား လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္းလည္း သိရသည္။