ကလေးသူငယ်များ၏ အခွင့်အရေးအရ ကျောင်းများတွင် သင်ယူမှု့များပြုလုပ်နိုင်ရန် လုံခြုံမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု  UNICEF  တိုက်တွန်း
                        
                            
                             
 1128
 
                             
                            
                            
                         
                        
 
                        NPNews - ဇွန် ၂ 
ပညာသင်ယူသည့်နေရာများနှင့် ပညာရေးဝန်ထမ်းများအား တိုက်ခိုက်ခြင်း၊ ပညာရေးဝန်ဆောင်မှုပေးသောနေရာများကို သိမ်းယူအသုံးပြုခြင်း၊ စာသင်
ကျောင်းများကို ဗုံးပေါက်ခွဲခြင်း သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ချိုးဖောက်မှုများဖြစ်ပြီး ကလေးများ သင်ယူလေ့လာမှုများပြုလုပ်နိုင်ရန် မည်သည့်အချိန်တွင်မဆို စိတ်ချလုံခြုံမှုရှိစေရေးကိုသာ ဦးစားပေးဆောင်ရွက်ရန်လိုအပ်သည်ဟု UNICEF မှ တိုက်တွန်းခဲ့သည်။ 
မြန်မာနိုင်ငံတွင် ယခုရက်သတ္တပါတ်အတွင်း စာသင်ကျောင်းများ၊ ပညာရေးဝန်ဆောင်မှုပေးသည့် နေရာများနှင့် ရုံးများတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်း အရေအတွက် များပြားလျက်ရှိသည်။
ဖေဖော်ဝါရီလ (၁) ရက်နေ့ နှင့် မေလ (၃၁) ရက်နေ့ကြားတွင် စာသင်ကျောင်းများနှင့် ကျောင်း၏ ဝန်ထမ်းများအား တိုက်ခိုက်မှု အနည်းဆုံး (၅၄)ခုရှိသည့်အပြင်၊ စစ်တပ်က အသုံးပြုနေသည့် ပညာရေးဝန်ဆောင်မှုပေးသည့် နေရာများတွင် မတော်တဆဖြစ်မှု (၁၄၁) ခု၊ တိုက်ခိုက်မှု (၅၄)ခုအနက် အနည်းဆုံး (၃၉) ခုမှာ မေလ တစ်လတည်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 
ကျောင်းများအတွင်းတွင် ယခုကဲ့သို့ အကြမ်းဖက်မှု (သို့) ကျောင်းအနီးအနားတွင် အကြမ်းဖက်မှုကို လုံးဝလက်သင့်၍ မရသလို ကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးသောနေရာများတွင် ပဋိပက္ခများနှင့် မငြိမ်မသက်ဖြစ်မှုများထံမှ ကာကွယ်ပေးရမည်ဖြစ်ကြောင်း UNICF က ပြောသည်။ 
၂၀၂၁-၂၀၂၂ အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတက်သူဦးရေ  အလွန်နည်းပါးလျက်ရှိသည်။ 
#NPNews