ပြင်သစ်သမ္မတကို လူပုံအလယ်တွင် ပါးရိုက်လိုက်သည့် အမျိုးသားထောင်ဒဏ် လေးလချမှတ်ခံရ
                        
                            
                             
 1084
 
                             
                            
                            
                         
                        
 
                        ဝတီ (NP News) - ဇွန် ၁၁
ပြင်သစ်သမ္မတကို လူပုံအလယ်တွင် ပါးရိုက်ခဲ့သည့် အမျိုးသားကို ပြင်သစ်တရားရုံးက ၁၄လ ဆိုင်းငံ့ထောင်ဒဏ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁၈လ ချမှတ်ခဲ့ကြောင်း ဇွန်လ ၁ဝရက် အယ်လ်ဂျာဇီးရားသတင်းတွင် ဖော်ပြထားသည်။ 
၁၈ လအနက် ၎င်းသည် လေးလသာထောင်ထဲတွင် နေရမည်ဖြစ်ပြီး ကျန် ၁၄လသည် ပြစ်ဒဏ်ထပ်မကျူးလွန်လျှင် ကျခံစရာမလိုပေ။ အသက် ၂၈ နှစ်အရွယ် ဒမ်မီယန်တရယ်လ်သည် သမ္မတကို ပါးရိုက်လိုက်ပြီး ပြီး ချင်းတွင်ပင် ထိန်းသိမ်းခံလိုက်ရပြီး သမ္မတကို ပါးရိုက်လိုက်သည့် ကိစ္စသည် လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စ၊ ရည်ရွယ်ချက်ရှိရှိ လက်ပါကာအကြမ်းဖက်သည့်ကိစ္စဖြစ်ကြောင်း အစိုးရရှေ့နေတစ်ဦးကပြောသည်။ ထိုအမှုကို တရားရုံးက မြန်မြန်ဆန်ဆန် စစ်ဆေးအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ 
 
သမ္မတက လူထုကို လက်ဆွဲနှုတ်ဆက်နေစဉ် တရယ်လ်က သမ္မတကို ဖြတ်ခနဲပါးလှမ်းရိုက်လိုက်ခြင်းဖြစ်ပြီး သမ္မ တကို ကြက်ဥဖြင့် ပစ်ပေါက်ရန် သို့မဟုတ် ခရင်မ်ဖြင့် ပစ်ပေါက်ရန် စိတ်ကူးခဲ့ကြောင်း၊ သို့သော် ပါးရိုက်သည့်ကိစ္စမှာ ကြိုတင်ကြံစည်ထားသည့် ကိစ္စမဟုတ်ကြောင်း တရယ်လ်က ပြောသည်။ 
“ဖော်ရွေချင်ယောင်ဆောင်နေတဲ့ ဟန်ဆောင်မျက်နှာပေးကြီးကို မြင်လိုက်ရတော့ အရမ်းရွံလာတယ်။ အဲဒါ ကြောင့် ထောင်းခနဲဖြစ်သွားပြီး ပါးရိုက်လိုက်မိတာ” ဟု ၎င်းက တရားရုံးတွင် ပြောကြားခဲ့သည်။ တိုင်းပြည်ကျဆင်းပျက်စီးရခြင်းသည် အဆိုပါသမ္မတကြောင့်ဖြစ်သည်ဟုလည်း ၎င်းက တရားရုံးတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
#NPNews