လက်ဘနွန်နိုင်ငံတောင်ပိုင်းကို သိမ်းယူတာမျိုးမလုပ်ဖို့ အစ္စရေးကို ပြင်သစ်အစိုးရ တိုက်တွန်း

 305

Pika (NP News) - မတ် ၂၅

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဇုန်တစ်ခုကို ထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်တာကို အစ္စရေးက ရှောင်ကြဉ်သင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဂျင်းနိုရယ်ဘာရော့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီလိုမျိုး လုပ်ရပ်တွေက ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကို ရှိလာစေလိမ့်မယ်လို့လည်း ဂျင်းနိုရယ်ဘာရော့က ပြောကြားခဲ့ပါတယ်။
၎င်းက "အစ္စရေးက အဲဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင် အဓိကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျိုးဆက်တွေရှိလာမှာဖြစ်လို့ လက်ဘနွန်နိုင်ငံရဲ့လက်ရှိဆိုးရွားနေတဲ့ အခြေအနေတွေကို ပိုမိုဆိုးရွားလာစေမယ့် မြေပြင်စစ်ဆင်ရေးတွေကို ရှောင်ကြဉ်ဖို့ အစ္စရေးအာဏာပိုင်တွေကို ကျွန်တော်တို့တိုက်တွန်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးနယ်စပ်ကနေ ကီလိုမီတာ(၃၀)ခန့်အကွာမှာရှိတဲ့ Litani မြစ်အထိ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဂျင်းနိုရယ်ဘာရော့ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ(၂)ရက်မှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်ကြားတိုက်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို သိမ္းယူတာမ်ိဳးမလုပ္ဖို႔ အစၥေရးကို ျပင္သစ္အစိုးရ တိုက္တြန္း
Pika (NP News) - မတ္ ၂၅
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဇုန္တစ္ခုကို ထိန္းခ်ဳပ္ဖို႔ တပ္ဖြဲ႕ဝင္ေတြေစလႊတ္တာကို အစၥေရးက ေရွာင္ၾကဥ္သင့္တယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဂ်င္းႏိုရယ္ဘာေရာ့က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အဲဒီလိုမ်ိဳး လုပ္ရပ္ေတြက ႀကီးမားတဲ့လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ိဳးဆက္ေတြကို ရွိလာေစလိမ့္မယ္လို႔လည္း ဂ်င္းႏိုရယ္ဘာေရာ့က ေျပာၾကားခဲ့ပါတယ္။
၎က "အစၥေရးက အဲဒီလိုမ်ိဳးလုပ္ခဲ့မယ္ဆိုရင္ အဓိကလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအက်ိဳးဆက္ေတြရွိလာမွာျဖစ္လို႔ လက္ဘႏြန္ႏိုင္ငံရဲ႕လက္ရွိဆိုး႐ြားေနတဲ့ အေျခအေနေတြကို ပိုမိုဆိုး႐ြားလာေစမယ့္ ေျမျပင္စစ္ဆင္ေရးေတြကို ေရွာင္ၾကဥ္ဖို႔ အစၥေရးအာဏာပိုင္ေတြကို ကြၽန္ေတာ္တို႔တိုက္တြန္းပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အစၥေရးနယ္စပ္ကေန ကီလိုမီတာ(၃၀)ခန႔္အကြာမွာရွိတဲ့ Litani ျမစ္အထိ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ထိန္းခ်ဳပ္သြားမယ္လို႔ အစၥေရးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ဂ်င္းႏိုရယ္ဘာေရာ့ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လ(၂)ရက္မွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဘက္ၾကားတိုက္ပြဲေတြ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.