ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကလပ်အသင်း(၁၀)သင်းစာရင်း ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာမြို့ခံတွေ ဦးဆောင်

1005

မိုးတိမ် (NP News) - စက်တင်ဘာ ၉
ကမ္ဘာ့ဘောလုံးလောကမှာ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ်အသင်း (၁၀)သင်း စာရင်းကို ကြေညာလိုက်ပြီဖြစ်ပြီး မန်ချက်စတာမြို့ခံအသင်းနှစ်သင်းက ထိပ်ဆုံးကနေ ဦး ဆောင်လိုက်တယ်လို့ သိရပါတယ်။
နှစ်စဉ်လိုလို ကမ္ဘာ့တန်ဖိုးအကြီးဆုံးကလပ်အသင်းတွေစာရင်းကို ကစားသမားအင်အား၊ ဈေးကွက်ပေါက် ဈေးနဲ့ တန်ဖိုးမြင့်လာနိုင်ခြေအလားအလာတွေအပေါ်မှာ အခြေခံပြီး ထုတ်ပြန်တာဖြစ်သလို ဒီစာရင်းမှာ ချန်ပီယံဆုဖလားတွေ သိမ်းပိုက်ထားတဲ့အသင်းတွေကသာ အမြဲလိုလို ဦးဆောင်လေ့ရှိပါတယ်။ ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် ကစားသမားအဝင်အထွက် ဈေးကွက်အပြီးမှာ တန်ဖိုးအကြီးဆုံးကလပ်အသင်းအဖြစ် မန်စီးတီးအသင်းက ပေါင်(၁ ဒသမ ၀၈) ဘီလျံနဲ့ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ ပေါင်သန်း(၁၀၀)တန်ကစားသမားအသစ် ဂျက် ဂရီးလစ်ရှ်လိုလူမျိုးကို ထပ်ပေါင်းထည့် နိုင်ခဲ့ခြင်းကြောင့် တန်ဖိုးအကြီးဆုံးကလပ်အသင်းစာရင်းကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး သူ့နောက်မှာတော့ ဂန္တဝင်အသင်းသားဟောင်း စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူထားတဲ့ မန်ယူအသင်းက ပေါင် (၁ ဒသမ ၀၂ )ဘီလျံနဲ့ ဒုတိယလိုက်နေပါတယ်။ မန်ယူအသင်းဟာ စီရော်နယ်ဒိုကြောင့် အဆင့်(၂)ကို ဝင်နိုင်ခဲ့တာမျိုး မဟုတ်ဘဲ ဂျေဒန်ဆန်ချိုလိုမျိုး ပေါင်(၅၀)အထက် ကစားသမားကို ခေါ်ယူထားနိုင်ခဲ့ခြင်း ကလည်း သက်ရောက်မှု ရှိသွားခဲ့တာပါ။ တတိယနေရာမှာတော့ ပြင်သစ်ထိပ်သီး ပီအက်ဂျီက ပေါင်(၉၃၉) သန်းနဲ့ ရှိနေပြီး ထိပ်သီးကစားသမားခေါ်ယူမှုအဖြစ် ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီ၊ ကမ္ဘာ့ အကောင်းဆုံးခံစစ်မှူးဟောင်း ရာမို့စ်၊ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားစာရင်းဝင် ၀၀်နဲဒမ်း တို့ကို အားဖြည့်ထားခဲ့ပါတယ်။ စတုတ္ထနေရာမှာတော့ စပိန်လိဂ်က ရီရဲလ်မက်ဒရစ်က ပေါင်(၇၈၇)သန်းနဲ့ ရှိနေပြီး ချဲလ်ဆီးအသင်းကလည်း ပေါင်သန်း(၇၈၀)နဲ့ အဆင့်ငါးမှာ ရပ်တည်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ နာမည်ကျော်တိုက်စစ်မှူး လူကာကူကို ပြန်လည်ခေါ်ယူအားဖြည့်ထားတဲ့အတွက် ဒီစာရင်းထဲမှာရော အပြင်ဘက်မှာ ကြောက်စရာကောင်းတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ ချန်ပီယံလိဂ် ချန်ပီယံဟောင်း လီဗာပူးအသင်းက ပေါင်(၆၇၂)သန်းနဲ့ ရှိနေသလို သူ့နောက်မှာတော့ ဂျုဗင်တပ်အသင်းက ပေါင်(၆၅၇)သန်းနဲ့ အဆင့်(၇)နေရာမှာ ရှိနေပါတယ်။
ထူးခြားစွာအဖြစ် ဆုဖလားအသီးနဲ့ ဝေးထားတဲ့ ဖလားဝေး အာဆင်နယ်အသင်းက ပေါင်သန်း(၆၃၀)နဲ့ အဆင့်(၈)မှာ ရပ်တပ်သွားပါတယ်။ စပိန်ထိပ်သီး ဘာစီလိုနာအသင်းကတောင် ပေါင်(၅၇၈)သန်းနဲ့ အာဆင်နယ်ရဲ့အောက် အဆင့်(၉)မှာ ရပ်တည်သွားခဲ့ပြီး အဆင့်(၁၀)နေရာကိုတော့ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ပေါင်(၅၅၁)သန်းနဲ့ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ဒီရာသီ တန်ဖိုးကြီးအသင်း(၁၀)သင်းစာရင်း ဝင်လာတဲ့ပုံပြင်ကတော့ ကစားသမား အသစ် ဝယ်ယူမှုအတွက် ပေါင်သန်း(၁၀၀)ကျော် သုံးစွဲထားခဲ့တာကြောင့်ဖြစ်ပြီး ထိပ်ဆုံး (၁၀)သင်းထဲမှာ တော့ ပရီးမီးယားလိဂ်က(၆)သင်းအထိ ပါဝင်နေတာကို တွေ့ရပါတယ်။
#NPNews