ဖီဖာ အကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီ ထပ်မံဆွတ်ခူးရရှိ

 702

Pika (NP News) - ဖေဖော်ဝါရီ ၂၈

ပဲရစ်မြို့တွင် ဖေဖော်ဝါရီ(၂၇)ရက်က ကျင်းပသော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲတွင် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးမက်ဆီသည် အသင်းဖော်အမ်ဘာပေနှင့် ရီးရဲလ်မက်ဒရစ်အသင်း ကစားသမား ဘန်ဇီမာတို့ကို ကျော်ဖြတ်ကာ ဖီဖာအကောင်းဆုံးအမျိုးသားကစားသမားဆုကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိထားသော မက်ဆီသည် ၂ဝ၂၃ ခုနှစ်တွင် ဖီဖာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက်ဆီ က "ဒါဟာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ဒီနှစ်ဟာ ကြီးကျယ်ခမ်းနားတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ဖီဖာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ" ဟု ပြောဆိုခဲ့သည်။

မက်ဆီသည် ဖီဖာအကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး Ballon d'Or ဆုကို ခုနစ်ကြိမ် ရရှိထားကြောင်းလည်း သိရသည်။

မက်ဆီ က "အာဂျင်တီးနားအသင်း နည်းပြ Lionel Scaloni နဲ့ ကျွန်တော့်အသင်းဖော်တွေကို ကျေးဇူးတင်ချင်ပါ တယ်။ သူတို့မရှိဘဲ ကျွန်တော်ဒီနေရာကို ရောက်လာနိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်အချိန်အတော်ကြာ မျှော်လင့်ခဲ့ရတဲ့အိမ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ၊၊ ဒီဆုဟာ ကစားသမားတိုင်းရဲ့ အိမ်မက်ပါပဲ။ ဒီဆုကို လူအနည်းငယ်ကပဲ ရရှိနိုင်ပြီး ကျွန်တော်က ကံကောင်းစွာနဲ့ပဲ ရရှိခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

မက်ဆီသည် ကာတာတွင် ကျင်းပသော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၇)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းဖော် အမ်ဘာပေက (၈) ဂိုးသွင်းယူနိုင်ခဲ့ကာ ရွှေဖိနပ်ဆုကို ရရှိခဲ့ကြောင်းလည်း သိရသည်။ မက်ဆီသည် လက်ရှိရာသီတွင် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားထားပြီး (၁၆)ဂိုးသွင်းယူထားကာ (၁၄)ဂိုးဖန်တီးပေးထားနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version;
ဖီဖာ အေကာင္းဆုံးကစားသမားဆုကို ပီအက္စ္ဂ်ီတိုက္စစ္မႉးမက္ဆီ ထပ္မံဆြတ္ခူးရရွိ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈

ပဲရစ္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ(၂၇)ရက္က က်င္းပေသာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုေပးပြဲတြင္ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးမက္ဆီသည္ အသင္းေဖာ္အမ္ဘာေပႏွင့္ ရီးရဲလ္မက္ဒရစ္အသင္း ကစားသမား ဘန္ဇီမာတို႔ကို ေက်ာ္ျဖတ္ကာ ဖီဖာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို သိမ္းယူႏိုင္ခဲ့ေၾကာင္း သိရသည္။

၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ အာဂ်င္တီးနားအသင္းႏွင့္အတူ ကမာၻ႔ဖလားကို ဆြတ္ခူးရရွိထားေသာ မက္ဆီသည္ ၂ဝ၂၃ ခုႏွစ္တြင္ ဖီဖာအေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ထပ္မံဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မက္ဆီ က "ဒါဟာ တကယ္ကို အံ့ဩဖို႔ေကာင္းပါတယ္။ ဒီႏွစ္ဟာ ႀကီးက်ယ္ခမ္းနားတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ၿပီး ဖီဖာ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္တာက ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါပဲ" ဟု ေျပာဆိုခဲ့သည္။

မက္ဆီသည္ ဖီဖာအေကာင္းဆုံးကစားသမားဆုကို ဒုတိယအႀကိမ္ေျမာက္ ထပ္မံဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ၿပီး Ballon d'Or ဆုကို ခုနစ္ႀကိမ္ ရရွိထားေၾကာင္းလည္း သိရသည္။

မက္ဆီ က "အာဂ်င္တီးနားအသင္း နည္းျပ Lionel Scaloni နဲ႔ ကြၽန္ေတာ့္အသင္းေဖာ္ေတြကို ေက်းဇူးတင္ခ်င္ပါ တယ္။ သူတို႔မရွိဘဲ ကြၽန္ေတာ္ဒီေနရာကို ေရာက္လာႏိုင္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္အခ်ိန္အေတာ္ၾကာ ေမွ်ာ္လင့္ခဲ့ရတဲ့အိမ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါၿပီ၊၊ ဒီဆုဟာ ကစားသမားတိုင္းရဲ႕ အိမ္မက္ပါပဲ။ ဒီဆုကို လူအနည္းငယ္ကပဲ ရရွိႏိုင္ၿပီး ကြၽန္ေတာ္က ကံေကာင္းစြာနဲ႔ပဲ ရရွိခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

မက္ဆီသည္ ကာတာတြင္ က်င္းပေသာ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ (၇)ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အသင္းေဖာ္ အမ္ဘာေပက (၈) ဂိုးသြင္းယူႏိုင္ခဲ့ကာ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ေၾကာင္းလည္း သိရသည္။ မက္ဆီသည္ လက္ရွိရာသီတြင္ ၿပိဳင္ပြဲစုံ (၂၇)ပြဲ ကစားထားၿပီး (၁၆)ဂိုးသြင္းယူထားကာ (၁၄)ဂိုးဖန္တီးေပးထားႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.