လက်မှတ်ပေါင်း (၆၇၅၀) ခုပါရှိသည့် ကြီးမားသော ဘေ့စ်ဘောလေပူဖောင်းက ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်

 232

Pika (NP News) - သြဂုတ် ၁၂
Minor League ဘေ့စ်ဘော အားကစား ကွင်းများသို့လည်ပတ်ခဲ့သော ကြီးမားသည့်ဘေ့စ် ဘောလေပူဖောင်း ကြီးတစ်ခုသည် လက်မှတ်ပေါင်း (၆၇၅၀) ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အချင်း (၈) ပေရှိသော ကြီးမားသည့် ဘေ့စ်ဘောလေပူဖောင်းသည် Indianapolis Indians ဘေ့စ်ဘောအသင်း၏ နေ အိမ်ဖြစ်သော Victory Field တွင် ၎င်း၏ခရီးစဉ် ကိုစတင်ကာ လက်မှတ်များကို စတင်စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြီးမားသော ဘေ့စ်ဘော လေပူဖောင်းကြီးသည် နယူးယောက်မြို့ရှိ MLB Flag- ship Store တွင် နောက်ဆုံးရပ်နားခြင်းမပြုမီ ဘေ့စ်ဘောအားကစားကွင်း (၁၅) ကွင်းသို့လည် ပတ်ခဲ့ကြောင်းသိရသည်။ ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက အဆိုပါဘေ့စ်ဘောကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ကြောင်း တရားဝင်ဆုံးဖြတ်ပေးခဲ့ ခြင်းဖြစ်သည်။
အဆိုပါ ဘေ့စ်ဘောလေပူဖောင်း၏ မျက်နှာပြင်ပေါ်တွင် လက်မှတ်ပေါင်း (၆၇၅၀) ခုရှိပြီး အား ကစား အမှတ်တရပစ္စည်းတစ်ခုတည်းတွင် လက်မှတ် အများဆုံးရှိသည့်ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ဂင်းနစ်စံချိန်နှင့်ပတ်သက်ပြီး ယခင်စံချိန်ကိုကိုင်ဆောင်ထားသူမှာ Cam- bridge United Football ကလပ်ဖြစ်ပြီး ပြီးခဲ့တဲ့သည့် နှစ် တွင် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Cambridge United Football ကလပ်သည် ကြီးမားသော လေဖောင်းဂျာစီပေါ်တွင် လက် မှတ်ရေးထိုးရန် အတွက် ပရိသတ်များကိုစုစည်းကာ လက်မှတ်ပေါင်း (၂၁၄၆) ခုအထိစုဆောင်းခဲ့ပြီး နောက်အားကစားအမှတ်တရ ပစ္စည်းတစ်ခုတည်းတွင် လက်မှတ်အများဆုံးရှိသည့် ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
လက္မွတ္ေပါင္း (၆၇၅၀) ခုပါရွိသည့္ ႀကီးမားေသာ ေဘ့စ္ေဘာေလပူေဖာင္းက ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္
Pika (NP News) - ၾသဂုတ္ ၁၂
Minor League ေဘ့စ္ေဘာ အားကစား ကြင္းမ်ားသို႔လည္ပတ္ခဲ့ေသာ ႀကီးမားသည့္ေဘ့စ္ ေဘာေလပူေဖာင္း ႀကီးတစ္ခုသည္ လက္မွတ္ေပါင္း (၆၇၅၀) ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အခ်င္း (၈) ေပရွိေသာ ႀကီးမားသည့္ ေဘ့စ္ေဘာေလပူေဖာင္းသည္ Indianapolis Indians ေဘ့စ္ေဘာအသင္း၏ ေန အိမ္ျဖစ္ေသာ Victory Field တြင္ ၎၏ခရီးစဥ္ ကိုစတင္ကာ လက္မွတ္မ်ားကို စတင္စုေဆာင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ႀကီးမားေသာ ေဘ့စ္ေဘာ ေလပူေဖာင္းႀကီးသည္ နယူးေယာက္ၿမိဳ႕ရွိ MLB Flag- ship Store တြင္ ေနာက္ဆုံးရပ္နားျခင္းမျပဳမီ ေဘ့စ္ေဘာအားကစားကြင္း (၁၅) ကြင္းသို႔လည္ ပတ္ခဲ့ေၾကာင္းသိရသည္။ ဂင္းနစ္စံခ်ိန္ မွတ္တမ္းအဖြဲ႕ တာဝန္ရွိသူတစ္ဦးက အဆိုပါေဘ့စ္ေဘာကို စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ေၾကာင္း တရားဝင္ဆုံးျဖတ္ေပးခဲ့ ျခင္းျဖစ္သည္။
အဆိုပါ ေဘ့စ္ေဘာေလပူေဖာင္း၏ မ်က္ႏွာျပင္ေပၚတြင္ လက္မွတ္ေပါင္း (၆၇၅၀) ခုရွိၿပီး အား ကစား အမွတ္တရပစၥည္းတစ္ခုတည္းတြင္ လက္မွတ္ အမ်ားဆုံးရွိသည့္ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ဂင္းနစ္စံခ်ိန္ႏွင့္ပတ္သက္ၿပီး ယခင္စံခ်ိန္ကိုကိုင္ေဆာင္ထားသူမွာ Cam- bridge United Football ကလပ္ျဖစ္ၿပီး ၿပီးခဲ့တဲ့သည့္ ႏွစ္ တြင္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Cambridge United Football ကလပ္သည္ ႀကီးမားေသာ ေလေဖာင္းဂ်ာစီေပၚတြင္ လက္ မွတ္ေရးထိုးရန္ အတြက္ ပရိသတ္မ်ားကိုစုစည္းကာ လက္မွတ္ေပါင္း (၂၁၄၆) ခုအထိစုေဆာင္းခဲ့ၿပီး ေနာက္အားကစားအမွတ္တရ ပစၥည္းတစ္ခုတည္းတြင္ လက္မွတ္အမ်ားဆုံးရွိသည့္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.