ကြို့ပင်ကောက်မြို့တွင် ရပ်ထားသောတွဲကားအား ဆိုင်ကယ်မှဝင်တိုက်မိ၍ အမျိုးသား(၂)ဦးသေဆုံး

1150

စော (NP News)- ဇွန် ၄
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် ရပ်ထားသောတွဲကားအား ဆိုင်ကယ်မှဝင်တိုက်မိ၍ အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၄ ရက်)၊ နံနက် (၁)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့၊ ကျွဲဘိကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း-ကြို့ပင်ကောက်ထံမှ သိရသည်။
အဆိုပါတွဲကားသည် ပြည်မြို့မှ ရန်ကုန်သို့ ပြန်လာသည့် ကားဖြစ်ပြီး စက်ပျက်နေသောကြောင့် လမ်းပေါ်တွင်ရပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က အမျိုးသားနှစ်ယောက်စီးလာတာပါ။ စီးလာရင်း ရပ်ထားတဲ့တွဲကားကို ဝင်တိုက်တာပါ။ တွဲကားက ပျက်နေတော့ မောင်းမရလို့ လမ်းပေါ်မှာရပ်ထားတာပါ။ တွဲကားမှာဘာမှတော့တင်မလာပါဘူး”ဟု နာရေးကူညီမှုအသင်း-ကြို့ပင်ကောက်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုးသားနှစ်ဦးအနက် တစ်ဦးသည် စိုင်းရှိုင်းထွတ် (၂၃)နှစ်ဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးသည် စိုင်းလင်းထက်(၂၆)နှစ်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် ဇီးကုန်းမြို့မှ ကြို့ပင်ကောက်မြို့သို့ ပြန်လာစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကြို့ပင်ကောက်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ရပ္ထားေသာတြဲကားအား ဆိုင္ကယ္မွဝင္တိုက္မိ၍ အမ်ိဳးသား(၂)ဦးေသဆုံး
ေစာ (NP News)- ဇြန္ ၄
ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ရပ္ထားေသာတြဲကားအား ဆိုင္ကယ္မွဝင္တိုက္မိ၍ အမ်ိဳးသား(၂)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၄ ရက္)၊ နံနက္ (၁)နာရီအခ်ိန္တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ ကြၽဲဘိေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း နာေရးကူညီမႈအသင္း-ႀကိဳ႕ပင္ေကာက္ထံမွ သိရသည္။
အဆိုပါတြဲကားသည္ ျပည္ၿမိဳ႕မွ ရန္ကုန္သို႔ ျပန္လာသည့္ ကားျဖစ္ၿပီး စက္ပ်က္ေနေသာေၾကာင့္ လမ္းေပၚတြင္ရပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ကယ္က အမ်ိဳးသားႏွစ္ေယာက္စီးလာတာပါ။ စီးလာရင္း ရပ္ထားတဲ့တြဲကားကို ဝင္တိုက္တာပါ။ တြဲကားက ပ်က္ေနေတာ့ ေမာင္းမရလို႔ လမ္းေပၚမွာရပ္ထားတာပါ။ တြဲကားမွာဘာမွေတာ့တင္မလာပါဘူး”ဟု နာေရးကူညီမႈအသင္း-ႀကိဳ႕ပင္ေကာက္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳးသားႏွစ္ဦးအနက္ တစ္ဦးသည္ စိုင္းရႈိင္းထြတ္ (၂၃)ႏွစ္ျဖစ္ၿပီး က်န္အမ်ိဳးသားတစ္ဦးသည္ စိုင္းလင္းထက္(၂၆)ႏွစ္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။
အဆိုပါအမ်ိဳးသားႏွစ္ဦးသည္ ဇီးကုန္းၿမိဳ႕မွ ႀကိဳ႕ပင္ေကာက္ၿမိဳ႕သို႔ ျပန္လာစဥ္ ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ႀကိဳ႕ပင္ေကာက္ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။