Adriatic ပင်လယ်၏ ပုလဲ (သို့မဟုတ်) ဒူဘရိုဗင့်ခ်

207

Pika (NP News) - အောက်တိုဘာလ ၁ဝ
ဒူဘရိုဗင့်ခ်မြို့သည် ခရိုအေးရှားနိုင်ငံ Dalmatia ဒေသတောင်ပိုင်းတွင်တည်ရှိသည့်မြို့ တစ်မြို့ဖြစ်ပြီး Adriatic ပင်လယ်၏ပုလဲအဖြစ် နာမည်ကျော်ကြားကာ ကောင်းမွန်သောအလယ်ခေတ်ဗိသုကာလက်ရာများကြောင့် နာမည်ကြီး သည့်မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် ဒူဘရိုဗင့်ခ်မြို့ ဟောင်းသည် ယူနက်စကိုအဖွဲ့ကသတ်မှတ်ထား သော ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး နာမည် ကျော်ရုပ်ရှင်စီးရီး Game of Thrones ၏ ဇာတ် ဝင်ခန်းအချို့ကိုရိုက်ကူးသည့်နေရာတစ်ခုလည်း ဖြစ်သည်။ ဒူဘရိုဗင့်ခ်မြို့သည် မြေထဲပင်လယ်တွင် အထင်ရှားဆုံးခရီးသွားနေရာများထဲမှတစ်ခုလည်း ဖြစ်သည်။ ဒူဘရိုဗင့်ခ်မြို့၏ ထူးခြားသောအလယ် ခေတ်ဗိသုကာနှင့်ခံတပ်များကြောင့် ယူနက်စကို အဖွဲ့က ဒူဘရိုဗင့်ခ်မြို့ဟောင်းကို ကမ္ဘာ့အမွေအ နှစ်နေရာတစ်ခုအဖြစ် (၁၉၇၉)ခုနှစ်တွင် တရား ဝင်အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။
သမိုင်းကြောင်း
အစောပိုင်းတွင် ရာဂူဆာမြို့အဖြစ်လူသိ များခဲ့သော ဒူဘရိုဗင့်ခ်မြို့ကို (၇)ရာစုတွင် ရှေး ဟောင်းဂရိနယ်မြေ Epidaurum မှ ဒုက္ခသည် များက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒူဘရိုဗင့်ခ်မြို့သည် Byzantine အင်ပါ ယာ၏ အကာအကွယ်အောက်တွင်ရှိပြီး နောက် ပိုင်းတွင် ဗင်းနစ်သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာအောက်သို့ ကျရောက်သွားခဲ့ကြောင်းသိရ သည်။ (၁၄)ရာစုနှင့် (၁၉)ရာစုများကြားတွင် ဒူဘရိုဗင့်ခ်မြို့သည် လွတ်လပ်သောနိုင်ငံအဖြစ် ကိုယ်ပိုင်အုပ်ချုပ်မှုများကိုလုပ်ဆောင်ခဲ့သည်။ ဒူဘရိုဗင့်ခ်မြို့၏ သာယာဝပြောသောသမိုင်း ကြောင်းသည် ရေကြောင်းကုန်သွယ်မှုကို အခြေခံ ထားပြီး ၎င်း၏ကြွယ်ဝမှုနှင် သံတမန်ရေးဆိုင်ရာကျွမ်းကျင်မှုတို့ကြောင့် (၁၅)ရာစုနှင့် (၁၆)ရာစုများ အတွင်း အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုများကိုကြုံ တွေ့ခဲ့ရသည်။ တစ်ချိန်တည်းတွင်ပင် ဒူဘရိုဗင့်ခ် မြို့သည် ခရိုအေးရှားစာပေလောက၏ အချက်အချာ နေရာတစ်ခုဖြစ်လာခဲ့ပြီး (၁၅၆၄)ခုနှစ်တွင် ကဗျာ ဆရာ Ivan Vidali က ၎င်းကို ခရိုအေးရှားမြို့များ ၏သရဖူအဖြစ် အမည်တပ်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း (၁၆၆၇)ခုနှစ်တွင်လှုပ်ခတ် ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဒူဘရိုဗင့်ခ်တစ် မြို့လုံးနီးပါး ပျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။ နပိုလီ ယန်စစ်ပွဲအတွင်း ဒူဘရိုဗင့်ခ်မြို့ကို ပြင်သစ်အင်ပါယာ တပ်ဖွဲ့များကသိမ်းပိုက်ခဲ့ပြီး ရာဂူဆာသမ္မတနိုင်ငံကို ဖျက်သိမ်းကာ အီတလီ၏ နပိုလီယန်နိုင်ငံတော်အ တွင်းသို့ပေါင်းထည့်ခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်၏ Illyrian ပြည်နယ်များသို့ ပေါင်းစည်းခဲ့ကြောင်းသိရ သည်။ (၁၉)ရာစုနှင့်(၂၀)ရာစုအစောပိုင်းတွင် ဒူဘရို ဗင့်ခ်မြို့သည် ဩစတြီးယားအင်ပါယာ Dalmatia Kingd ၏ အစိတ်အပိုင်းဖြစ်လာခဲ့သော်လည်း ဒုတိ ယကမ္ဘာစစ်အတွင်းတွင် လွတ်လပ်သော ခရိုအေးရှား နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ကြောင်းသိရသည်။ (၁၉၉၁)ခုနှစ်တွင် ခရိုအေးရှားလွတ်လပ်ရေးစစ်ပွဲအတွင်း ဒူဘရိုဗင့်ခ်မြို့သည် ယူဂိုဆလပ်ဗ်ပြည်သူ့တပ်မ တော်၏ဝိုင်းရံထားမှုကို (၇)လကြာရင်ဆိုင်ခဲ့ရပြီး ပစ် ခတ်မှုများကြောင့် သိသိသာသာပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ (၁၉၉၀)ပြည့်နှစ်များနှင့် (၂၀ဝဝ)ပြည့် နှစ်များအစောပိုင်းတွင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ပြီးနောက် ဒူဘရိုဗင့်ခ်မြို့သည် မြေထဲပင်လယ်၏ ထိပ်တန်းခရီးသွားနေရာများထဲမှ တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး လူကြိုက် များသော ရိုက်ကူးရေးနေရာတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ Adriatic ပင်လယ်၏ဘုရင်မဟု ခေါ်ဆို လေ့ရှိသော ဒူဘရိုဗင့်ခ်မြို့သည် Adriatic နှင့် ဥရော ပရှိ ရေပန်းအစားဆုံးနေရာများထဲမှတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းလည်းသိရသည်။
သယ်ယူပို့ဆောင်ရေး လေဆိပ်
ဒူဘရိုဗင့်ခ်မြို့တွင် ကိုယ်ပိုင်နိုင်ငံတကာ လေဆိပ်တစ်ခုရှိပြီး မြို့လယ်ကောင်၏ အရှေ့တောင် ဘက်(၂၀)ကီလိုမီတာအကွာတွင်တည်ရှိကြောင်း သိ ရသည်။ ဒူဘရိုဗင့်ခ်လေဆိပ်သည် ဇာဂရက်နှင့် စပလစ်လေဆိပ်တို့ပြီးလျှင် ခရိုအေးရှားနိုင်ငံတွင်း တွင် တတိယမြောက်အလုပ်အများဆုံးလေဆိပ်တစ် ခုဖြစ်ကြောင်းလည်းသိရသည်။ (၂၀၂၄)ခုနှစ်တွင် ဒူဘရိုဗင့်ခ်လေဆိပ်သည် ခရီးသွား(၃)သန်းနီးပါးကို လက်ခံရရှိခဲ့ပြီး စံချိန်သစ်တစ်ခုကိုရရှိခဲ့ကြောင်းသိရ သည်။ ထို့ပြင် ဒူဘရိုဗင့်ခ်လေဆိပ်သည် အမေရိကန် နိုင်ငံနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများရှိသော ခရိုအေးရှားရှိ တစ်ခုတည်းသောလေဆိပ်လည်းဖြစ် သည်။
ဆိပ်ကမ်း
ဒူဘရိုဗင့်ခ်မြို့ရှိ အဓိကဆိပ်ကမ်းသည် Gruž ရပ်ကွက်တွင်တည်ရှိပြီး ခရီးသွားများနှင့် ခရီး သည်များအတွက် သယ်ယူပို့ဆောင်ရေးနေရာအဖြစ် ဆောင်ရွက်ပေးကြောင်းသိရသည်။ ခရိုအေးရှားနိုင်ငံ ၏ အထင်ရှားဆုံးဆိပ်ကမ်းများထဲမှတစ်ခုဖြစ်သော ဒူဘရိုဗင့်ခ်ဆိပ်ကမ်းသည် အပျော်စီးသင်္ဘောများ၊ ကူးတို့များ၊ ကိုယ်ပိုင်ရွက်လှေများနှင့် ကုန်တင် သင်္ဘောများစွာကို လက်ခံသည့်နေရာတစ်ခုလည်းဖြစ် သည်။ ထို့ပြင် ဒူဘရိုဗင့်ခ်ဆိပ်ကမ်းသည်
Split၊ Rijeka၊ Komiža၊ Korčula၊ Sobra၊ Pomena၊ Lopud နှင့် Bari ကျွန်းတို့အပါအဝင်
အခြားကျွန်းများစွာနှင့်ချိတ်ဆက်မှုများရှိသည့် ဆိပ်ကမ်းလည်းဖြစ်သည်။
ဘတ်စကားများ
ဒူဘရိုဗင့်ခ်မြို့၌ Gruž ရပ်ကွက်တွင်ရှိ သော အဓိကဘတ်စကားမှတ်တိုင်ဟောင်းနှင့် လေဆိပ်သို့ဆက်သွယ်ပေးသော အများသူငါ ဘတ်စကားစနစ်တစ်ခုလည်းရှိသည်။ ထို့ပြင် ခေတ်မီသော ဒေသတွင်းဘတ်စကားများကွန်ရက် သည် ဒူဘရိုဗင့်ခ်မြို့တွင်းရှိ ရပ်ကွက်များအားလုံး ကိုချိတ်ဆက်ထားကြောင်းသိရသည်။ သို့သော် လည်း ဒူဘရိုဗင့်ခ်မြို့သည် ခရိုအေးရှားနိုင်ငံတွင်း ရှိအခြားမြို့ကြီးများနှင့်မတူဘဲ ရထားလမ်းဖြင့် သွားလာ၍မရကြောင်းလည်းသိရသည်။
ကေဘယ်ကားများ
ဒူဘရိုဗင့်ခ်မြို့တွင် မြို့ဟောင်းမှ Sr တောင်ထိပ်အထိဆက်သွယ်ထားသော ကေဘယ် ကားဝန်ဆောင်မှုရှိသည်။ ခရိုအေးရှားတွင် 'žičara' ဟုလူသိများသော ဒူဘရိုဗင့်ခ်ကေဘယ် ကားကို (၁၉၆၉)ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၎င်းသည် Adriatic ဒေသရှိပထမဆုံး ကေ ဘယ်လ်ကားဖြစ်ကာ တစ်ကြိမ်လျှင် လူ(၁၅)ဦးအ ထိ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ သို့သော် လည်း (၁၉၉၁)ခုနှစ်ခရိုအေးရှားလွတ်လပ်ရေးစစ်ပွဲအတွင်း အဆိုပါကေဘယ်လ်ကားသည် ပြင်းထန်စွာပျက်စီးခဲ့ပြီးလုပ်ငန်းများရပ်ဆိုင်း သွားခဲ့သည်။ နောက်ပိုင်းတွင် ကေဘယ်ကားကို ပြန်လည်မွမ်းမံမှုများလုပ်ဆောင်ခဲ့ပြီး နောက် (၂၀၁၀)ပြည့်နှစ်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များအတွက် ခေတ်မီပြီး ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
Adriatic ပင္လယ္၏ ပုလဲ (သို႔မဟုတ္) ဒူဘ႐ိုဗင့္ခ္
Pika (NP News) - ေအာက္တိုဘာလ ၁ဝ
ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ ခ႐ိုေအးရွားႏိုင္ငံ Dalmatia ေဒသေတာင္ပိုင္းတြင္တည္ရွိသည့္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး Adriatic ပင္လယ္၏ပုလဲအျဖစ္ နာမည္ေက်ာ္ၾကားကာ ေကာင္းမြန္ေသာအလယ္ေခတ္ဗိသုကာလက္ရာမ်ားေၾကာင့္ နာမည္ႀကီး သည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ထို႔ျပင္ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕ ေဟာင္းသည္ ယူနက္စကိုအဖြဲ႕ကသတ္မွတ္ထား ေသာ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္ၿပီး နာမည္ ေက်ာ္႐ုပ္ရွင္စီးရီး Game of Thrones ၏ ဇာတ္ ဝင္ခန္းအခ်ိဳ႕ကို႐ိုက္ကူးသည့္ေနရာတစ္ခုလည္း ျဖစ္သည္။ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ ေျမထဲပင္လယ္တြင္ အထင္ရွားဆုံးခရီးသြားေနရာမ်ားထဲမွတစ္ခုလည္း ျဖစ္သည္။ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕၏ ထူးျခားေသာအလယ္ ေခတ္ဗိသုကာႏွင့္ခံတပ္မ်ားေၾကာင့္ ယူနက္စကို အဖြဲ႕က ဒူဘ႐ိုဗင့္ခ္ၿမိဳ႕ေဟာင္းကို ကမာၻ႔အေမြအ ႏွစ္ေနရာတစ္ခုအျဖစ္ (၁၉၇၉)ခုႏွစ္တြင္ တရား ဝင္အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။
သမိုင္းေၾကာင္း
အေစာပိုင္းတြင္ ရာဂူဆာၿမိဳ႕အျဖစ္လူသိ မ်ားခဲ့ေသာ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕ကို (၇)ရာစုတြင္ ေရွး ေဟာင္းဂရိနယ္ေျမ Epidaurum မွ ဒုကၡသည္ မ်ားက စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ Byzantine အင္ပါ ယာ၏ အကာအကြယ္ေအာက္တြင္ရွိၿပီး ေနာက္ ပိုင္းတြင္ ဗင္းနစ္သမၼတႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာေအာက္သို႔ က်ေရာက္သြားခဲ့ေၾကာင္းသိရ သည္။ (၁၄)ရာစုႏွင့္ (၁၉)ရာစုမ်ားၾကားတြင္ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ လြတ္လပ္ေသာႏိုင္ငံအျဖစ္ ကိုယ္ပိုင္အုပ္ခ်ဳပ္မႈမ်ားကိုလုပ္ေဆာင္ခဲ့သည္။ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕၏ သာယာဝေျပာေသာသမိုင္း ေၾကာင္းသည္ ေရေၾကာင္းကုန္သြယ္မႈကို အေျခခံ ထားၿပီး ၎၏ႂကြယ္ဝမႈႏွင္ သံတမန္ေရးဆိုင္ရာကြၽမ္းက်င္မႈတို႔ေၾကာင့္ (၁၅)ရာစုႏွင့္ (၁၆)ရာစုမ်ား အတြင္း အဆင့္ျမင့္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုႀကဳံ ေတြ႕ခဲ့ရသည္။ တစ္ခ်ိန္တည္းတြင္ပင္ ဒူဘ႐ိုဗင့္ခ္ ၿမိဳ႕သည္ ခ႐ိုေအးရွားစာေပေလာက၏ အခ်က္အခ်ာ ေနရာတစ္ခုျဖစ္လာခဲ့ၿပီး (၁၅၆၄)ခုႏွစ္တြင္ ကဗ်ာ ဆရာ Ivan Vidali က ၎ကို ခ႐ိုေအးရွားၿမိဳ႕မ်ား ၏သရဖူအျဖစ္ အမည္တပ္ခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္လည္း (၁၆၆၇)ခုႏွစ္တြင္လႈပ္ခတ္ ခဲ့ေသာ အင္အားျပင္းငလ်င္ေၾကာင့္ ဒူဘ႐ိုဗင့္ခ္တစ္ ၿမိဳ႕လုံးနီးပါး ပ်က္စီးလုနီးပါးျဖစ္သြားခဲ့သည္။ နပိုလီ ယန္စစ္ပြဲအတြင္း ဒူဘ႐ိုဗင့္ခ္ၿမိဳ႕ကို ျပင္သစ္အင္ပါယာ တပ္ဖြဲ႕မ်ားကသိမ္းပိုက္ခဲ့ၿပီး ရာဂူဆာသမၼတႏိုင္ငံကို ဖ်က္သိမ္းကာ အီတလီ၏ နပိုလီယန္ႏိုင္ငံေတာ္အ တြင္းသို႔ေပါင္းထည့္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ျပင္သစ္၏ Illyrian ျပည္နယ္မ်ားသို႔ ေပါင္းစည္းခဲ့ေၾကာင္းသိရ သည္။ (၁၉)ရာစုႏွင့္(၂၀)ရာစုအေစာပိုင္းတြင္ ဒူဘ႐ို ဗင့္ခ္ၿမိဳ႕သည္ ဩစႀတီးယားအင္ပါယာ Dalmatia Kingd ၏ အစိတ္အပိုင္းျဖစ္လာခဲ့ေသာ္လည္း ဒုတိ ယကမာၻစစ္အတြင္းတြင္ လြတ္လပ္ေသာ ခ႐ိုေအးရွား ႏိုင္ငံ၏ တစ္စိတ္တစ္ပိုင္းျဖစ္လာခဲ့ေၾကာင္းသိရသည္။ (၁၉၉၁)ခုႏွစ္တြင္ ခ႐ိုေအးရွားလြတ္လပ္ေရးစစ္ပြဲအတြင္း ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ ယူဂိုဆလပ္ဗ္ျပည္သူ႔တပ္မ ေတာ္၏ဝိုင္းရံထားမႈကို (၇)လၾကာရင္ဆိုင္ခဲ့ရၿပီး ပစ္ ခတ္မႈမ်ားေၾကာင့္ သိသိသာသာပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ (၁၉၉၀)ျပည့္ႏွစ္မ်ားႏွင့္ (၂၀ဝဝ)ျပည့္ ႏွစ္မ်ားအေစာပိုင္းတြင္ ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကိုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ ေျမထဲပင္လယ္၏ ထိပ္တန္းခရီးသြားေနရာမ်ားထဲမွ တစ္ခုအျဖစ္ ျပန္လည္ေပၚထြက္လာခဲ့ၿပီး လူႀကိဳက္ မ်ားေသာ ႐ိုက္ကူးေရးေနရာတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ Adriatic ပင္လယ္၏ဘုရင္မဟု ေခၚဆို ေလ့ရွိေသာ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ Adriatic ႏွင့္ ဥေရာ ပရွိ ေရပန္းအစားဆုံးေနရာမ်ားထဲမွတစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းလည္းသိရသည္။
သယ္ယူပို႔ေဆာင္ေရး ေလဆိပ္
ဒူဘ႐ိုဗင့္ခ္ၿမိဳ႕တြင္ ကိုယ္ပိုင္ႏိုင္ငံတကာ ေလဆိပ္တစ္ခုရွိၿပီး ၿမိဳ႕လယ္ေကာင္၏ အေရွ႕ေတာင္ ဘက္(၂၀)ကီလိုမီတာအကြာတြင္တည္ရွိေၾကာင္း သိ ရသည္။ ဒူဘ႐ိုဗင့္ခ္ေလဆိပ္သည္ ဇာဂရက္ႏွင့္ စပလစ္ေလဆိပ္တို႔ၿပီးလွ်င္ ခ႐ိုေအးရွားႏိုင္ငံတြင္း တြင္ တတိယေျမာက္အလုပ္အမ်ားဆုံးေလဆိပ္တစ္ ခုျဖစ္ေၾကာင္းလည္းသိရသည္။ (၂၀၂၄)ခုႏွစ္တြင္ ဒူဘ႐ိုဗင့္ခ္ေလဆိပ္သည္ ခရီးသြား(၃)သန္းနီးပါးကို လက္ခံရရွိခဲ့ၿပီး စံခ်ိန္သစ္တစ္ခုကိုရရွိခဲ့ေၾကာင္းသိရ သည္။ ထို႔ျပင္ ဒူဘ႐ိုဗင့္ခ္ေလဆိပ္သည္ အေမရိကန္ ႏိုင္ငံႏွင့္ တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈမ်ားရွိေသာ ခ႐ိုေအးရွားရွိ တစ္ခုတည္းေသာေလဆိပ္လည္းျဖစ္ သည္။
ဆိပ္ကမ္း
ဒူဘ႐ိုဗင့္ခ္ၿမိဳ႕ရွိ အဓိကဆိပ္ကမ္းသည္ Gruž ရပ္ကြက္တြင္တည္ရွိၿပီး ခရီးသြားမ်ားႏွင့္ ခရီး သည္မ်ားအတြက္ သယ္ယူပို႔ေဆာင္ေရးေနရာအျဖစ္ ေဆာင္႐ြက္ေပးေၾကာင္းသိရသည္။ ခ႐ိုေအးရွားႏိုင္ငံ ၏ အထင္ရွားဆုံးဆိပ္ကမ္းမ်ားထဲမွတစ္ခုျဖစ္ေသာ ဒူဘ႐ိုဗင့္ခ္ဆိပ္ကမ္းသည္ အေပ်ာ္စီးသေဘၤာမ်ား၊ ကူးတို႔မ်ား၊ ကိုယ္ပိုင္႐ြက္ေလွမ်ားႏွင့္ ကုန္တင္ သေဘၤာမ်ားစြာကို လက္ခံသည့္ေနရာတစ္ခုလည္းျဖစ္ သည္။ ထို႔ျပင္ ဒူဘ႐ိုဗင့္ခ္ဆိပ္ကမ္းသည္
Split၊ Rijeka၊ Komiža၊ Korčula၊ Sobra၊ Pomena၊ Lopud ႏွင့္ Bari ကြၽန္းတို႔အပါအဝင္
အျခားကြၽန္းမ်ားစြာႏွင့္ခ်ိတ္ဆက္မႈမ်ားရွိသည့္ ဆိပ္ကမ္းလည္းျဖစ္သည္။
ဘတ္စကားမ်ား
ဒူဘ႐ိုဗင့္ခ္ၿမိဳ႕၌ Gruž ရပ္ကြက္တြင္ရွိ ေသာ အဓိကဘတ္စကားမွတ္တိုင္ေဟာင္းႏွင့္ ေလဆိပ္သို႔ဆက္သြယ္ေပးေသာ အမ်ားသူငါ ဘတ္စကားစနစ္တစ္ခုလည္းရွိသည္။ ထို႔ျပင္ ေခတ္မီေသာ ေဒသတြင္းဘတ္စကားမ်ားကြန္ရက္ သည္ ဒူဘ႐ိုဗင့္ခ္ၿမိဳ႕တြင္းရွိ ရပ္ကြက္မ်ားအားလုံး ကိုခ်ိတ္ဆက္ထားေၾကာင္းသိရသည္။ သို႔ေသာ္ လည္း ဒူဘ႐ိုဗင့္ခ္ၿမိဳ႕သည္ ခ႐ိုေအးရွားႏိုင္ငံတြင္း ရွိအျခားၿမိဳ႕ႀကီးမ်ားႏွင့္မတူဘဲ ရထားလမ္းျဖင့္ သြားလာ၍မရေၾကာင္းလည္းသိရသည္။
ေကဘယ္ကားမ်ား
ဒူဘ႐ိုဗင့္ခ္ၿမိဳ႕တြင္ ၿမိဳ႕ေဟာင္းမွ Sr ေတာင္ထိပ္အထိဆက္သြယ္ထားေသာ ေကဘယ္ ကားဝန္ေဆာင္မႈရွိသည္။ ခ႐ိုေအးရွားတြင္ 'žičara' ဟုလူသိမ်ားေသာ ဒူဘ႐ိုဗင့္ခ္ေကဘယ္ ကားကို (၁၉၆၉)ခုႏွစ္တြင္စတင္တည္ေဆာက္ခဲ့ၿပီး ၎သည္ Adriatic ေဒသရွိပထမဆုံး ေက ဘယ္လ္ကားျဖစ္ကာ တစ္ႀကိမ္လွ်င္ လူ(၁၅)ဦးအ ထိ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း (၁၉၉၁)ခုႏွစ္ခ႐ိုေအးရွားလြတ္လပ္ေရးစစ္ပြဲအတြင္း အဆိုပါေကဘယ္လ္ကားသည္ ျပင္းထန္စြာပ်က္စီးခဲ့ၿပီးလုပ္ငန္းမ်ားရပ္ဆိုင္း သြားခဲ့သည္။ ေနာက္ပိုင္းတြင္ ေကဘယ္ကားကို ျပန္လည္မြမ္းမံမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္ (၂၀၁၀)ျပည့္ႏွစ္တြင္ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ဧည့္သည္မ်ားအတြက္ ေခတ္မီၿပီး ပိုမိုေကာင္းမြန္ေသာဝန္ေဆာင္မႈမ်ားကို ေပးအပ္ခဲ့ေၾကာင္းသိရသည္။