မန္တလေးတွင် ဆေးဘက်ဆိုင်ရာနည်းပညာပါရဂူသင်တန်း နှင့် မဟာသိပ္ပံသင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေ

953

စော (NP News) - ဇွန်လ ၂၃
မန္တလေးတွင် ဆေးဘက်ဆိုင်ရာ နည်းပညာပါရဂူသင်တန်းနှင့် မဟာသိပ္ပံသင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှ ယမန်နေ့(ဇွန်လ ၂၂ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထား ခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ ပါရဂူသင်တန်းသားများအတွက် သင်တန်း ကာလ (၃)နှစ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်ခွဲနည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်းပညာအပြင် ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ မဟာသိပ္ပံသင်တန်း သားများအတွက် သင်တန်းကာလ (၂)နှစ်စီ သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပါရဂူသင်တန်းအတွက် ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့ ရရှိရန်လိုအပ်ပြီး လျှောက်လွှာပိတ် သည့်နေ့တွင် အသက်(၅၂)နှစ်ထက် မကျော်လွန်သူဖြစ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မဟာသိပ္ပံသင်တန်းအတွက် ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ရရှိရန် လိုအပ်ပြီး၊ လျှောက်လွှာပိတ်သည့်နေ့ တွင် အသက်(၄၅)နှစ် မကျော်လွန်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်လွှာပိတ်သည့်ရက်မှာ ဩဂုတ်လ (၄)ရက်နေ့ဖြစ်ပြီး သင်တန်းဝင်ခွင့်အတွက် ရေးဖြေ နှင့် နှုတ်ဖြေ စာမေးပွဲ များကိုလည်း စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးတြင္ ေဆးဘက္ဆိုင္ရာနည္းပညာပါရဂူသင္တန္း ႏွင့္ မဟာသိပၸံသင္တန္းမ်ားအတြက္ သင္တန္းသားမ်ား ေခၚယူေန
ေစာ (NP News) - ဇြန္လ ၂၃
မႏၲေလးတြင္ ေဆးဘက္ဆိုင္ရာ နည္းပညာပါရဂူသင္တန္းႏွင့္ မဟာသိပၸံသင္တန္းမ်ားအတြက္ သင္တန္းသားမ်ား ေခၚယူေနေၾကာင္း သိရသည္။
ေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မွ ယမန္ေန႔(ဇြန္လ ၂၂ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထား ျခင္းျဖစ္သည္။
အဆိုပါသင္တန္းတြင္ ေဆးဘက္ဆိုင္ရာခႏၶာသန္စြမ္းမႈနည္းပညာ ပါရဂူသင္တန္းသားမ်ားအတြက္ သင္တန္း ကာလ (၃)ႏွစ္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဓာတ္ခြဲနည္းပညာ၊ ခႏၶာသန္စြမ္းမႈနည္းပညာအျပင္ ဓာတ္မွန္ႏွင့္ ပုံရိပ္ေဖာ္နည္းပညာ မဟာသိပၸံသင္တန္း သားမ်ားအတြက္ သင္တန္းကာလ (၂)ႏွစ္စီ သင္ၾကားရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပါရဂူသင္တန္းအတြက္ ေဆးဘက္ဆိုင္ရာနည္းပညာမဟာသိပၸံဘြဲ႕ ရရွိရန္လိုအပ္ၿပီး ေလွ်ာက္လႊာပိတ္ သည့္ေန႔တြင္ အသက္(၅၂)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔ျပင္ မဟာသိပၸံသင္တန္းအတြက္ ေဆးဘက္ဆိုင္ရာနည္းပညာဘြဲ႕ရရွိရန္ လိုအပ္ၿပီး၊ ေလွ်ာက္လႊာပိတ္သည့္ေန႔ တြင္ အသက္(၄၅)ႏွစ္ မေက်ာ္လြန္ရန္ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေလွ်ာက္လႊာပိတ္သည့္ရက္မွာ ဩဂုတ္လ (၄)ရက္ေန႔ျဖစ္ၿပီး သင္တန္းဝင္ခြင့္အတြက္ ေရးေျဖ ႏွင့္ ႏႈတ္ေျဖ စာေမးပြဲ မ်ားကိုလည္း စစ္ေဆးေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။