ယူကရိန်းပဋိပက္ခ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို လိုလားနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြော

 179

Pika (NP News) - မေ ၂ဝ

ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေကနေတစ်ဆင့် ၎င်းရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရရှိဖို့ ရုရှားက လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ ပန်းတိုင်တွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ရရှိအောင် ကူညီပေးမယ်ဆိုရင် ပိုပြီးကောင်းသွားလိမ့်မယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ရည်မှန်းချက်ပန်းတိုင်တွေထဲမှာ ယူကရိန်းကနေတိုးအဖွဲ့မှာ မပါဝင်ရေး၊ ရုရှားလူမျိုးတွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ ယူဆထားတဲ့ ယူကရိန်းရဲ့မူဝါဒတွေ အဆုံးသတ်ရေးနဲ့ ယူကရိန်းအမျိုးသားရေးဝါဒီအုပ်စုတွေရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးရေးတို့ပါဝင်တယ်လို့ သိရပါတယ်။ မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ရုရှားသမ္မတပူတင်က ၎င်းဟာ ယူကရိန်းပဋိပက္ခဖြစ်ပွားရတဲ့ဇစ်မြစ်ကို ဖယ်ရှားပစ်လိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး၊ ရုရှားနိုင်ငံ နဲ့ ရုရှားပြည်သူတွေရဲ့ အကျိုးစီးပွားတွေ လုံခြုံစေဖို့အတွက် အခြေအနေတွေကို ဖန်တီးလိုတယ်လို့လည်း ပူတင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုတွေ ရှိနေပေမယ့်လည်း ရုရှားနဲ့ယူကရိန်းတို့ဟာ လက်ရှိအချိန်အထိ သိသာထင်ရှားတဲ့ သဘောတူညီချက်တွေကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းပဋိပကၡ ရည္မွန္းခ်က္ပန္းတိုင္ေတြအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းနည္းကို လိုလားေနဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေမ ၂ဝ

ယူကရိန္းပဋိပကၡကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြကေနတစ္ဆင့္ ၎ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကိုရရွိဖို႔ ႐ုရွားက လမ္းဖြင့္ထားဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ ပန္းတိုင္ေတြကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ရရွိေအာင္ ကူညီေပးမယ္ဆိုရင္ ပိုၿပီးေကာင္းသြားလိမ့္မယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ ႐ုရွားရဲ႕ရည္မွန္းခ်က္ပန္းတိုင္ေတြထဲမွာ ယူကရိန္းကေနတိုးအဖြဲ႕မွာ မပါဝင္ေရး၊ ႐ုရွားလူမ်ိဳးေတြအေပၚ ခြဲျခားဆက္ဆံတယ္လို႔ ယူဆထားတဲ့ ယူကရိန္းရဲ႕မူဝါဒေတြ အဆုံးသတ္ေရးနဲ႔ ယူကရိန္းအမ်ိဳးသားေရးဝါဒီအုပ္စုေတြရဲ႕ ဩဇာလႊမ္းမိုးမႈကို တားဆီးေရးတို႔ပါဝင္တယ္လို႔ သိရပါတယ္။ မၾကာေသးခင္ကလုပ္ေဆာင္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုအတြင္း ႐ုရွားသမၼတပူတင္က ၎ဟာ ယူကရိန္းပဋိပကၡျဖစ္ပြားရတဲ့ဇစ္ျမစ္ကို ဖယ္ရွားပစ္လိုတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရး၊ ႐ုရွားႏိုင္ငံ နဲ႔ ႐ုရွားျပည္သူေတြရဲ႕ အက်ိဳးစီးပြားေတြ လုံၿခဳံေစဖို႔အတြက္ အေျခအေနေတြကို ဖန္တီးလိုတယ္လို႔လည္း ပူတင္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က ၾကားဝင္ေစ့စပ္ေပးမႈေတြ ရွိေနေပမယ့္လည္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ လက္ရွိအခ်ိန္အထိ သိသာထင္ရွားတဲ့ သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.