မန္တလေးရွှေအသင်း၌ ရွှေလာရောက်တန်းစီဝယ်ယူသူများပြားနေ၍ မဲနှိုက်စနစ်ဖြင့်သာရောင်းချ

884

NP News - ဇွန် ၂၈
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ် သုံးသောင်းနှုန်းဖြင့်ရောင်းချပေးနေရာ ပြင်ပရွှေဈေးထက် ဈေးလျော့ရောင်းပေးခြင်းကြောင့် လာရောက်တန်းစီဝယ်ယူသူများနေပြီး မဲနှိုက်စနစ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်ရက်ပိုင်းက ဦးသူတန်းစီစနစ်ဖြင့် ရောင်းချပေးနေရာမှ နေရာဦးပြီး ပြန်ရောင်းစားသူအချို့ရှိလာ ခြင်းကြောင့် အမှန်တကယ် ရွှေဝယ်ယူလိုသူများ ဝယ်မရဖြစ်ခဲ့ကြောင်းသိရသည်။
မန္တလေးရွှေအသင်းအနေဖြင့် ဇွန်လ၂၈ ရက်မှစတင်ကာ တန်းစီဦးသူရောင်းပေးစနစ်မဟုတ်ပဲ မဲစနစ်ဖြင့် တန်းတူညီမျှရောင်းချပေးမည်ဖြစ်ပြီး နောက်ရက်များတွင်လည်း တန်းစီစရာမလိုဘဲ တန်းတူမဲနှိုက်စနစ်ဖြင့်သာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း အသင်းရုံးကထုတ်ပြန်ထားသည်။
ယနေ့ (ဇွန်လ ၂၈ ရက်)မန္တလေးရွှေအသင်းက ရောင်းချသည့် ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်း (၃ဝ၃ဝဝဝဝ) ကျပ်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်လ (၂၉)ရက် အီးဒ်နေ့တွင် အရောင်းတစ်ရက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးရွှေအသင်းက ဇွန်လ ၂ဝ ရက်မှစတင်ကာ လူတစ်ဦးလျှင် ရွှေတစ်ကျပ်သားနှုန်း ရောင်းချပေးနေခြင်းဖြစ်ပြီး ဇွန်လ ၂၆ ရက်အထိ ရွှေ ၂၃၇ ကျပ်သားရောင်းချထားပြီး စုစုပေါင်း ရွှေတစ်ကျပ်သားအတုံး (၇၃ဝ) ခန့်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
မႏၲေလးေ႐ႊအသင္း၌ ေ႐ႊလာေရာက္တန္းစီဝယ္ယူသူမ်ားျပားေန၍ မဲႏႈိက္စနစ္ျဖင့္သာေရာင္းခ်
NP News - ဇြန္ ၂၈
မႏၲေလးတိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေ႐ႊတစ္က်ပ္သား က်ပ္သိန္းသုံးဆယ္ သုံးေသာင္းႏႈန္းျဖင့္ေရာင္းခ်ေပးေနရာ ျပင္ပေ႐ႊေဈးထက္ ေဈးေလ်ာ့ေရာင္းေပးျခင္းေၾကာင့္ လာေရာက္တန္းစီဝယ္ယူသူမ်ားေနၿပီး မဲႏႈိက္စနစ္ျဖင့္သာ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္ရက္ပိုင္းက ဦးသူတန္းစီစနစ္ျဖင့္ ေရာင္းခ်ေပးေနရာမွ ေနရာဦးၿပီး ျပန္ေရာင္းစားသူအခ်ိဳ႕ရွိလာ ျခင္းေၾကာင့္ အမွန္တကယ္ ေ႐ႊဝယ္ယူလိုသူမ်ား ဝယ္မရျဖစ္ခဲ့ေၾကာင္းသိရသည္။
မႏၲေလးေ႐ႊအသင္းအေနျဖင့္ ဇြန္လ၂၈ ရက္မွစတင္ကာ တန္းစီဦးသူေရာင္းေပးစနစ္မဟုတ္ပဲ မဲစနစ္ျဖင့္ တန္းတူညီမွ်ေရာင္းခ်ေပးမည္ျဖစ္ၿပီး ေနာက္ရက္မ်ားတြင္လည္း တန္းစီစရာမလိုဘဲ တန္းတူမဲႏႈိက္စနစ္ျဖင့္သာ ေရာင္းခ်ေပးေတာ့မည္ျဖစ္ေၾကာင္း အသင္း႐ုံးကထုတ္ျပန္ထားသည္။
ယေန႔ (ဇြန္လ ၂၈ ရက္)မႏၲေလးေ႐ႊအသင္းက ေရာင္းခ်သည့္ ေ႐ႊေဈးသည္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္သိန္း (၃ဝ၃ဝဝဝဝ) က်ပ္ျဖစ္ေၾကာင္း သိရသည္။
လာမည့္ ဇြန္လ (၂၉)ရက္ အီးဒ္ေန႔တြင္ အေရာင္းတစ္ရက္ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးေ႐ႊအသင္းက ဇြန္လ ၂ဝ ရက္မွစတင္ကာ လူတစ္ဦးလွ်င္ ေ႐ႊတစ္က်ပ္သားႏႈန္း ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး ဇြန္လ ၂၆ ရက္အထိ ေ႐ႊ ၂၃၇ က်ပ္သားေရာင္းခ်ထားၿပီး စုစုေပါင္း ေ႐ႊတစ္က်ပ္သားအတုံး (၇၃ဝ) ခန႔္အထိ ဆက္လက္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။