ထိုင်းမီဒီယာမှာ ရှယ်ယာများပိုင်ဆိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို မစိုးရိမ်ကြောင်း ထိုင်းရှေ့သို့ချီပါတီခေါင်းဆောင်ပြော

582

ဂျန်ဇက် (NP News) - ဇူလိုင် ၁ဝ
ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ ပါတီဖြစ်တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတာက ၎င်းအနေနဲ့ မီဒီယာ လုပ်ငန်းမှာ ရှယ်ယာများပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုတွေကို စိုးရိမ်မှုမရှိ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း ဝန်ကြီးချုပ် အသစ်ရွေးချယ်သွားမှာဖြစ်ရာပီတက ဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ လိုလားနေသူဖြစ်ကြောင်း သိရပါတယ်။ ထိုင်းရွေးကောက်ပွဲကော်မရှင်ဥပဒေတွေထဲမှာ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မယ့်သူများဟာ မီဒီယာလုပ်ငန်းတွေကို ပိုင်ဆိုင်ခြင်း ဒါမှမဟုတ် ရှယ်ယာပိုင်ဆိုင်ခြင်း မရှိရဆိုတဲ့ သတ်မှတ်ချက်များ ရှိနေပြီး စည်းကမ်းအတိုင်း လိုက်နာမှုမရှိပါက အရည်အချင်းပျက်ယွင်းခံရသူအဖြစ် သတ်မှတ် ခံရမှာဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် မကြာမီ ရှေ့သို့ချီပါတီခေါင်းဆောင် ဟာ ရွေးကောက်ပွဲကော်မရှင်စည်းကမ်း တွေကို ချိုးဖောက်ခဲ့ပြီး မီဒီယာလုပ်ငန်းမှာ ရှယ်ယာပေါင်းသောင်းချီပိုင်ဆိုင်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူ တစ်ဦး က တိုင်ကြားခဲ့ကြောင်း သိရပါတယ်။ ပီတာက ၎င်းအပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ ရေပန်း အစားဆုံးဖြစ်နေတဲ့ ပီတာလင်ဂျာရိုအမ်ရက်ရဲ့မီဒီယာလုပ်ငန်းပိုင်ဆိုင်ခြင်း ရှိ၊မရှိ ဆိုတဲ့အချက်ကို စစ်ဆေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားသင့် မသင့်ဆိုတာကို ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်းရှေ့သို့ချီပါတီဟာ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖို့ လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၆ မဲရဖို့ လိုအပ်နေ ပေမယ့် လက်ရှိအချိန်မှာ အောက်လွှတ်တော်အတွင်း ထောက်ခံမဲ ၃၁၂ မဲသာရရှိထားပြီး အထက်လွှတ်တော် ကိုယ်စားလှယ်များရဲ့ထောက်ခံမဲဖြစ်ဖို့ လိုအပ်နေပါတယ်။ ပီတာက ၎င်းအနေနဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာစေဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ပီတာက ၎င်းအနေနဲ့ ဝန်ကြီးချုပ်အသစ်ဖြစ်လာစေဖို့ ထောက်ခံမဲ မဖြစ်မနေပေးအောင် အထက်လွှတ်တော်အမတ်တွေကို ဖိအားပေးမှာ မဟုတ်ကြောင်း၊ အထက်လွှတ်တော်အမတ်တွေဟာ ကိုယ်ပိုင်အမြင်နဲ့ပတ်သက်ပြီး အခွင့်အရေးရှိကြောင်း ပြောပါတယ်။
Zawgyi Version;
ထိုင္းမီဒီယာမွာ ရွယ္ယာမ်ားပိုင္ဆိုင္တယ္ဆိုတဲ့ စြပ္စြဲခ်က္အတြက္ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ စုံစမ္းစစ္ေဆးမႈကို မစိုးရိမ္ေၾကာင္း ထိုင္းေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁ဝ
ေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးအႏိုင္ရထားတဲ့ ပါတီျဖစ္တဲ့ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတာက ၎အေနနဲ႔ မီဒီယာ လုပ္ငန္းမွာ ရွယ္ယာမ်ားပိုင္ဆိုင္မႈနဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕စုံစမ္းစစ္ေဆးမႈေတြကို စိုးရိမ္မႈမရွိ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ထိုင္းႏိုင္ငံမွာ လာမယ့္ရက္ပိုင္းအတြင္း ဝန္ႀကီးခ်ဳပ္ အသစ္ေ႐ြးခ်ယ္သြားမွာျဖစ္ရာပီတက ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္ဖို႔ လိုလားေနသူျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒေတြထဲမွာ ေ႐ြးေကာက္ပြဲ ပါဝင္ ယွဥ္ၿပိဳင္မယ့္သူမ်ားဟာ မီဒီယာလုပ္ငန္းေတြကို ပိုင္ဆိုင္ျခင္း ဒါမွမဟုတ္ ရွယ္ယာပိုင္ဆိုင္ျခင္း မရွိရဆိုတဲ့ သတ္မွတ္ခ်က္မ်ား ရွိေနၿပီး စည္းကမ္းအတိုင္း လိုက္နာမႈမရွိပါက အရည္အခ်င္းပ်က္ယြင္းခံရသူအျဖစ္ သတ္မွတ္ ခံရမွာျဖစ္ပါတယ္။
ထိုင္းေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ မၾကာမီ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္စည္းကမ္း ေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး မီဒီယာလုပ္ငန္းမွာ ရွယ္ယာေပါင္းေသာင္းခ်ီပိုင္ဆိုင္ခဲ့တယ္လို႔ တက္ႂကြလႈပ္ရွားသူ တစ္ဦး က တိုင္ၾကားခဲ့ေၾကာင္း သိရပါတယ္။ ပီတာက ၎အေပၚ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕စုံစမ္းစစ္ေဆးမႈေတြဟာ ပုံမွန္အတိုင္းသာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖို႔ ေရပန္း အစားဆုံးျဖစ္ေနတဲ့ ပီတာလင္ဂ်ာ႐ိုအမ္ရက္ရဲ႕မီဒီယာလုပ္ငန္းပိုင္ဆိုင္ျခင္း ရွိ၊မရွိ ဆိုတဲ့အခ်က္ကို စစ္ေဆးဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားသင့္ မသင့္ဆိုတာကို ဆုံးျဖတ္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ထိုင္းေရွ႕သို႔ခ်ီပါတီဟာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖို႔ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္းရဲ႕ေထာက္ခံမဲ ၃၇၆ မဲရဖို႔ လိုအပ္ေန ေပမယ့္ လက္ရွိအခ်ိန္မွာ ေအာက္လႊတ္ေတာ္အတြင္း ေထာက္ခံမဲ ၃၁၂ မဲသာရရွိထားၿပီး အထက္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားရဲ႕ေထာက္ခံမဲျဖစ္ဖို႔ လိုအပ္ေနပါတယ္။ ပီတာက ၎အေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာေစဖို႔ အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ပီတာက ၎အေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာေစဖို႔ ေထာက္ခံမဲ မျဖစ္မေနေပးေအာင္ အထက္လႊတ္ေတာ္အမတ္ေတြကို ဖိအားေပးမွာ မဟုတ္ေၾကာင္း၊ အထက္လႊတ္ေတာ္အမတ္ေတြဟာ ကိုယ္ပိုင္အျမင္နဲ႔ပတ္သက္ၿပီး အခြင့္အေရးရွိေၾကာင္း ေျပာပါတယ္။