ပြည်တွင်းခရီးသွားဈေးကွက် ရရှိရေးကို လုပ်ငန်းရှင်များက မြှင့်တင်ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

 476

သန့်ဇင်(NP News)-အောက်တိုဘာ ၁
ပြည်တွင်းခရီးသွားဈေးကွက် ရရှိရေးကို လုပ်ငန်းရှင်များက မြှင့်တင်ဆောင်ရွက်ကြရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(စက်တင်ဘာ ၃၀ရက်)၊ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ ပြည်နယ်ခန်းမ၌ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ဝန်ကြီးဌာန အနေဖြင့် ပြည်ပခရီးသွားဧည့်သည် ပိုမိုတိုးတက်ဝင်ရောက်လာရေးဆောင်ရွက်သလို ပြည်တွင်းခရီး သွားဧည့်သည်များ ပိုမိုလည်ပတ်နိုင်စေရန်လည်း ကြိုးစားဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ကြောင့် လုပ်ငန်းရှင်များက လည်း ပြည်တွင်းခရီးသွားဈေးကွက် ရရှိရေးကိုပါ မြှင့်တင်ဆောင်ရွက်ကြရန် လိုကြောင်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။
နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် စက်တင် ဘာလ (၂၃) ရက်နေ့တွင် ပြန်လည် ဖွဲစည်းပေးခဲ့ပြီး ဖြစ်၍ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသ ဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲစည်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ခရိုင်၊ မြိုနယ်အဆင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲများကိုလည်း ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ၊ ဒေသခံများ ပါဝင်ပြီး လက်ရှိ အခြေအနေနှင့်ကိုက်ညီအောင် ဖွဲစည်းဆောင်ရွက် သွားရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ကချင်ပြည်နယ်သည် သဘာဝအလှအပများ၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် များ ပေါကြွယ်ဝပြီး တိုင်းရင်းသားမျိုးနွယ်စုများဖြင့် ပြည် တွင်း ၊ ပြည်ပခရီးသွားများအတွက် ဆွဲ ဆောင်မှုရှိသော ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ပိုင်ဆိုင် ထားရှိသဖြင့် အဆိုပါ အရင်းအမြစ်များကို အသုံးချပြီး ခရီးသွားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။
ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို ပူးပေါင်းမှု အားကောင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာပါက ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး အဆင်သင့် ဖြစ်နေစေရေးအတွက် ပြင်ဆင် ကြိုးစား ဆောင်ရွက်ထားကြရန် လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ခရီးသွား လုပ်ငန်းမှာ ဒေသခံအလွှာစုံကို ဝင်ငွေရစေပြီး ဒေသခံများ၏ လူမှုစီးပွား ဘဝတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့် အတွက် ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြား ခဲ့သည်။

Zawgyi Version:
ျပည္တြင္းခရီးသြားေဈးကြက္ ရရွိေရးကို လုပ္ငန္းရွင္မ်ားက ျမႇင့္တင္ေဆာင္႐ြက္ၾကရန္ ျပည္ေထာင္စုဝန္ႀကီးတိုက္တြန္း
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၁
ျပည္တြင္းခရီးသြားေဈးကြက္ ရရွိေရးကို လုပ္ငန္းရွင္မ်ားက ျမႇင့္တင္ေဆာင္႐ြက္ၾကရန္ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး Jeng Phang ေနာ္ေတာင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(စက္တင္ဘာ ၃၀ရက္)၊ နံနက္ပိုင္းက ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ၊ ျပည္နယ္ခန္းမ၌ ဟိုတယ္ႏွင့္ခရီးသြားဆိုင္ရာ အသင္းအဖြဲ မ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိအေျခအေနတြင္ ဝန္ႀကီးဌာန အေနျဖင့္ ျပည္ပခရီးသြားဧည့္သည္ ပိုမိုတိုးတက္ဝင္ေရာက္လာေရးေဆာင္႐ြက္သလို ျပည္တြင္းခရီး သြားဧည့္သည္မ်ား ပိုမိုလည္ပတ္ႏိုင္ေစရန္လည္း ႀကိဳးစားေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေၾကာင့္ လုပ္ငန္းရွင္မ်ားက လည္း ျပည္တြင္းခရီးသြားေဈးကြက္ ရရွိေရးကိုပါ ျမႇင့္တင္ေဆာင္႐ြက္ၾကရန္ လိုေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း ဥပေဒႏွင့္အညီ အမ်ိဳးသားခရီးသြားလုပ္ငန္းဖြံၿဖိဳးတိုးတက္မႈဗဟိုေကာ္မတီကို ၂၀၂၅ ခုႏွစ္ စက္တင္ ဘာလ (၂၃) ရက္ေန႔တြင္ ျပန္လည္ ဖြဲစည္းေပးခဲ့ၿပီး ျဖစ္၍ ခရီးသြားလုပ္ငန္းေကာ္မတီႏွင့္ ေဒသ ဆိုင္ရာခရီးသြား လုပ္ငန္းေကာ္မတီ အဆင့္ဆင့္ကို ဖြဲစည္းေဆာင္႐ြက္သြားရန္ စီစဥ္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ခ႐ိုင္၊ ၿမိဳနယ္အဆင့္ ေဒသဆိုင္ရာစီမံခန႔္ခြဲမႈအဖြဲမ်ားကိုလည္း ဌာနဆိုင္ရာမ်ား၊ လုပ္ငန္းရွင္မ်ား ၊ ေဒသခံမ်ား ပါဝင္ၿပီး လက္ရွိ အေျခအေနႏွင့္ကိုက္ညီေအာင္ ဖြဲစည္းေဆာင္႐ြက္ သြားရန္ ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ကခ်င္ျပည္နယ္သည္ သဘာဝအလွအပမ်ား၊ ႐ိုးရာ ယဥ္ေက်းမႈအေမြအႏွစ္ မ်ား ေပါႂကြယ္ဝၿပီး တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားျဖင့္ ျပည္ တြင္း ၊ ျပည္ပခရီးသြားမ်ားအတြက္ ဆြဲ ေဆာင္မႈရွိေသာ ခရီးစဥ္ေဒသမ်ား၊ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားစြာ ပိုင္ဆိုင္ ထားရွိသျဖင့္ အဆိုပါ အရင္းအျမစ္မ်ားကို အသုံးခ်ၿပီး ခရီးသြားလုပ္ငန္းမ်ား တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။
ခရီးသြားလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေရးအတြက္ အစိုးရႏွင့္ ပုဂၢလိကတို ပူးေပါင္းမႈ အားေကာင္းစြာျဖင့္ ေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ခရီးသြားဧည့္သည္မ်ား တိုးတက္ဝင္ေရာက္လာပါက ဝန္ေဆာင္မႈေကာင္းမ်ား ေပးႏိုင္ေရး အဆင္သင့္ ျဖစ္ေနေစေရးအတြက္ ျပင္ဆင္ ႀကိဳးစား ေဆာင္႐ြက္ထားၾကရန္ လိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ခရီးသြား လုပ္ငန္းမွာ ေဒသခံအလႊာစုံကို ဝင္ေငြရေစၿပီး ေဒသခံမ်ား၏ လူမႈစီးပြား ဘဝတိုးတက္ေရးကို အေထာက္အပံ့ျဖစ္ေစသည့္ အတြက္ ကခ်င္ျပည္နယ္အတြင္း ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေရး အားလုံးဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ေပးၾကေစလို ေၾကာင္း လည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကား ခဲ့သည္။

Related news

© 2021. All rights reserved.