အွန်လိုင်းဈေးအရောင်းအဝယ်များ၏ အားနည်းချက်များကို ဖြေရှင်းရန် မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း စီးပွါးကူးသန်းဝန်ကြီးဆို

 1151

NP News - ဇူလိုင် ၂၄

လတ်တလောတွင် မြန်မာနိုင်ငံ၌ အွန်လိုင်းနည်းပညာသုံး ကုန်သွယ်ရေးစနစ် တိတိကျကျ တည်ဆောက်နိုင်ခြင်းမရှိခြင်းကြောင့် အွန်လိုင်းဈေးရောင်းချမှု ပုံစံမျိုးစုံဖြစ်ပေါ်နေရာ တရားဝင်အကာအကွယ်ပေးရန် နှင့် စားသုံးသူ မနစ်နာစေရန် အွန်လိုင်းဈေးရောင်းချမှုများကို ဥပဒေအရ မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကပြောသည်။

နိုင်ငံတကာတွင် အွန်လိုင်းစီးပွားရေးလုပ်ငန်းတိုင်းသည် ဥပ‌ဒေအရ မှတ်ပုံတင်ရန်၊ အခွန်ဆောင်ရန်၊ စည်းမျဉ်းသတ်မှတ်ချက်များလိုက်နာရန် ဆောင်ရွက်ထားခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း စနစ်တကျဖြစ်စေရန်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“အွန်လိုင်းအရောင်းအဝယ်အများစုက Facebook လို၊ Tiktok လို Social Media Network များပေါ်က ရောင်းကြဝယ်ကြတယ်။ တချို့လည်း App များသုံးပြီး ရောင်းကြဝယ်ကြတယ်၊ ယေဘုယျအားဖြင့် အလွန်အဆင်ပြေသက်တောင့်သက်သာရှိကြပါတယ်၊ ခိုးလို့ခုလု ဖြစ်ကြရတာက စားသုံးသူတွေ ဖြစ်ပါတယ်၊ အချို့ နမူနာပြတဲ့ပစ္စည်းနဲ့ ရောက်လာတဲ့ပစ္စည်း လုံးဝမတူ၊ အရည်အသွေးမကောင်း၊ အထင်နဲ့ လက်တွေ့ကွာဟ၊ အချို့ငွေချေပြီးပစ္စည်းမရောက်၊ အချို့ အလိမ်ခံရ၊ အနုပညာရှင်များ နဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူအချို့ မူပိုင်ခွင့်တွေချိုးဖောက်ခံရ၊ စားသုံးသူရေးရာ ဦးစီးဌာနမှာ online sales ကြောင့် နစ်နာသူတွေရဲ့ တိုင်စာတွေက တစ်ပုံတခေါင်းရောက်ရှိလာပါတယ်” ဟု ဝန်ကြီး ဦးအောင်နိုင်ဦးက ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောကြားခဲ့သည်။

ထိခိုက်နစ်နာသူများကို စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဖြေရှင်းပေးရန်အတွက် အွန်လိုင်းဈေးအရောင်းလုပ်ငန်းများကို မှတ်ပုံတင်ရန် သတ်မှတ်ချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“မှတ်ပုံတင်တာကိုလည်း online ကပဲ တင်ရပါမယ်။ ရုံးလာစရာ မလိုပါ။ မကြာမီ Online Sales Registration System ထွက်လာပါတော့မယ်။ မှတ်ပုံတင်ကြေးအနည်းငယ်ပေးရပါမယ်(online payment) ၊ online က ကုန်ရောင်းလိုသူ၊ ဝန်ဆောင်မှုရောင်းလိုသူကုမ္ပဏီ/ အဖွဲ့အစည်း/လူပုဂ္ဂိုလ် အားလုံးမှတ်ပုံတင်ရပါမယ်။ လူပုဂ္ဂိုလ်ကတော့ မှတ်ပုံတင်ကြေး သက်သာပါမယ်။ မှတ်ပုံတင်တာ အတည်ပြုချက်ရဖို့ နာရီပိုင်းပဲစောင့်ရပါမယ်”ဟု စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးအောင်နိုင်ဦး ကဆက်လက်ပြောသည်။

အွန်လိုင်းမှတဆင့် လူမှုကွန်ယက် ၊ အက်ပလီကေးရှင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ရောင်းချနေမှုများကို ပိတ်ပင်ရန်မဟုတ်ဘဲ ဥပဒေအရတားမြစ်ထားသည့် ကုန်စည် မဟုတ်ပါက ဆက်လက်ရောင်းချနိုင်ကြောင်း၊ စားသုံးသူနစ်နာစေခြင်းမရှိစေဘဲလွတ်လပ်စွာ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်း ဈေးရောင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ရန်နည်းလမ်းများ နှင့် စည်းမျဉ်း စည်းကမ်းအသေး စိတ် သတ်မှတ်ချက်များကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ရှင်းလင်းပွဲ တစ်ရပ်ကျင်းပ သွားမည်ဖြစ်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။

zawgyi version
အြန္လိုင္းေဈးအေရာင္းအဝယ္မ်ား၏ အားနည္းခ်က္မ်ားကို ေျဖရွင္းရန္ မွတ္ပုံတင္ခိုင္းျခင္းျဖစ္ေၾကာင္း စီးပြါးကူးသန္းဝန္ႀကီးဆို

NP News - ဇူလိုင္ ၂၄

လတ္တေလာတြင္ ျမန္မာႏိုင္ငံ၌ အြန္လိုင္းနည္းပညာသုံး ကုန္သြယ္ေရးစနစ္ တိတိက်က် တည္ေဆာက္ႏိုင္ျခင္းမရွိျခင္းေၾကာင့္ အြန္လိုင္းေဈးေရာင္းခ်မႈ ပုံစံမ်ိဳးစုံျဖစ္ေပၚေနရာ တရားဝင္အကာအကြယ္ေပးရန္ ႏွင့္ စားသုံးသူ မနစ္နာေစရန္ အြန္လိုင္းေဈးေရာင္းခ်မႈမ်ားကို ဥပေဒအရ မွတ္ပုံတင္ခိုင္းျခင္းျဖစ္ေၾကာင္း စီးပြါးေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦး ကေျပာသည္။

ႏိုင္ငံတကာတြင္ အြန္လိုင္းစီးပြားေရးလုပ္ငန္းတိုင္းသည္ ဥပ‌ေဒအရ မွတ္ပုံတင္ရန္၊ အခြန္ေဆာင္ရန္၊ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားလိုက္နာရန္ ေဆာင္႐ြက္ထားျခင္းေၾကာင့္ ျမန္မာႏိုင္ငံတြင္လည္း စနစ္တက်ျဖစ္ေစရန္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အြန္လိုင္းအေရာင္းအဝယ္အမ်ားစုက Facebook လို၊ Tiktok လို Social Media Network မ်ားေပၚက ေရာင္းၾကဝယ္ၾကတယ္။ တခ်ိဳ႕လည္း App မ်ားသုံးၿပီး ေရာင္းၾကဝယ္ၾကတယ္၊ ေယဘုယ်အားျဖင့္ အလြန္အဆင္ေျပသက္ေတာင့္သက္သာရွိၾကပါတယ္၊ ခိုးလို႔ခုလု ျဖစ္ၾကရတာက စားသုံးသူေတြ ျဖစ္ပါတယ္၊ အခ်ိဳ႕ နမူနာျပတဲ့ပစၥည္းနဲ႔ ေရာက္လာတဲ့ပစၥည္း လုံးဝမတူ၊ အရည္အေသြးမေကာင္း၊ အထင္နဲ႔ လက္ေတြ႕ကြာဟ၊ အခ်ိဳ႕ေငြေခ်ၿပီးပစၥည္းမေရာက္၊ အခ်ိဳ႕ အလိမ္ခံရ၊ အႏုပညာရွင္မ်ား နဲ႔ ကုန္ပစၥည္း ထုတ္လုပ္သူအခ်ိဳ႕ မူပိုင္ခြင့္ေတြခ်ိဳးေဖာက္ခံရ၊ စားသုံးသူေရးရာ ဦးစီးဌာနမွာ online sales ေၾကာင့္ နစ္နာသူေတြရဲ႕ တိုင္စာေတြက တစ္ပုံတေခါင္းေရာက္ရွိလာပါတယ္” ဟု ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ၎၏ လူမႈကြန္ယက္မွတဆင့္ ေျပာၾကားခဲ့သည္။

ထိခိုက္နစ္နာသူမ်ားကို စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ တာဝန္ယူေျဖရွင္းေပးရန္အတြက္ အြန္လိုင္းေဈးအေရာင္းလုပ္ငန္းမ်ားကို မွတ္ပုံတင္ရန္ သတ္မွတ္ခ်က္ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။

“မွတ္ပုံတင္တာကိုလည္း online ကပဲ တင္ရပါမယ္။ ႐ုံးလာစရာ မလိုပါ။ မၾကာမီ Online Sales Registration System ထြက္လာပါေတာ့မယ္။ မွတ္ပုံတင္ေၾကးအနည္းငယ္ေပးရပါမယ္(online payment) ၊ online က ကုန္ေရာင္းလိုသူ၊ ဝန္ေဆာင္မႈေရာင္းလိုသူကုမၸဏီ/ အဖြဲ႕အစည္း/လူပုဂၢိဳလ္ အားလုံးမွတ္ပုံတင္ရပါမယ္။ လူပုဂၢိဳလ္ကေတာ့ မွတ္ပုံတင္ေၾကး သက္သာပါမယ္။ မွတ္ပုံတင္တာ အတည္ျပဳခ်က္ရဖို႔ နာရီပိုင္းပဲေစာင့္ရပါမယ္”ဟု စီးပြါးေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဝန္ႀကီး ဦးေအာင္ႏိုင္ဦး ကဆက္လက္ေျပာသည္။

အြန္လိုင္းမွတဆင့္ လူမႈကြန္ယက္ ၊ အက္ပလီေကးရွင္းအပါအဝင္ နည္းလမ္းေပါင္းစုံျဖင့္ ေရာင္းခ်ေနမႈမ်ားကို ပိတ္ပင္ရန္မဟုတ္ဘဲ ဥပေဒအရတားျမစ္ထားသည့္ ကုန္စည္ မဟုတ္ပါက ဆက္လက္ေရာင္းခ်ႏိုင္ေၾကာင္း၊ စားသုံးသူနစ္နာေစျခင္းမရွိေစဘဲလြတ္လပ္စြာ ေရာင္းခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အြန္လိုင္း ေဈးေရာင္းလုပ္ငန္းမ်ားအတြက္ မွတ္ပုံတင္ရန္နည္းလမ္းမ်ား ႏွင့္ စည္းမ်ဥ္း စည္းကမ္းအေသး စိတ္ သတ္မွတ္ခ်က္မ်ားကို ရန္ကုန္ၿမိဳ႕ရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ရွင္းလင္းပြဲ တစ္ရပ္က်င္းပ သြားမည္ျဖစ္ေၾကာင္း စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနမွသိရသည္။

Related news

© 2021. All rights reserved.