ရုရှားသမ္မတက ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 520

Pika (NP News) - ဇူလိုင် ၆
ရုရှားသမ္မတပူတင်ဟာ အနောက်အုပ်စုရဲ့ပိတ်ဆို့အရေးယူမှုတွေကို ဘယ်ကိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ နားလည်တဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းပဋိပက္ခကို ဖြေရှင်းမှုတွေမလုပ်ဆောင်ဘူးဆိုရင် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ရှိလာနိုင်တယ်ဆိုတာကို ပူတင်ကနားလည်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အလားအလာရှိတဲ့ပိတ်ဆို့အရေးယူမှုတွေအကြောင်း ကို ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ပူတင်က ပိတ်ဆို့အရေးယူမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သေချာနားလည်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်က ရုရှားအပေါ် ဖိအားပေးမှုတွေကို အရှိန်မြှင့်တင်နိုင်တယ်ဆိုတာကို ပူတင်က အပြည့်အဝ နားလည်ထားတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ပူတင်က ပရော်ဖက်ရှင်နယ် တစ်ဦးပဲဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေရှိလာနိုင်တယ်ဆိုတာကိုလည်း သူက နားလည်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
တစ်နာရီကြာမြင့်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုအတွင်း ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ဟာ ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်း ဒေသမှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ရုရှား-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version:
႐ုရွားသမၼတက ပေရာ္ဖက္ရွင္နယ္တစ္ဦးျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၆
႐ုရွားသမၼတပူတင္ဟာ အေနာက္အုပ္စုရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို ဘယ္ကိုကိုင္တြယ္ေျဖရွင္းရမလဲဆိုတာ နားလည္တဲ့ ပေရာ္ဖက္ရွင္နယ္တစ္ဦးျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းပဋိပကၡကို ေျဖရွင္းမႈေတြမလုပ္ေဆာင္ဘူးဆိုရင္ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈေတြ ရွိလာႏိုင္တယ္ဆိုတာကို ပူတင္ကနားလည္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မၾကာေသးခင္ကလုပ္ေဆာင္ခဲ့တဲ့ ဖုန္းေခၚဆိုမႈအတြင္း အလားအလာရွိတဲ့ပိတ္ဆို႔အေရးယူမႈေတြအေၾကာင္း ကို ေဆြးေႏြးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ပူတင္က ပိတ္ဆို႔အေရးယူမႈေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းရမလဲဆိုတာ ေသခ်ာနားလည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္က ႐ုရွားအေပၚ ဖိအားေပးမႈေတြကို အရွိန္ျမႇင့္တင္ႏိုင္တယ္ဆိုတာကို ပူတင္က အျပည့္အဝ နားလည္ထားတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ပူတင္က ပေရာ္ဖက္ရွင္နယ္ တစ္ဦးပဲျဖစ္ပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ပိတ္ဆို႔အေရးယူမႈေတြရွိလာႏိုင္တယ္ဆိုတာကိုလည္း သူက နားလည္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
တစ္နာရီၾကာျမင့္ခဲ့တဲ့ဖုန္းေခၚဆိုမႈအတြင္း ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ဟာ ယူကရိန္းပဋိပကၡ၊ အေရွ႕အလယ္ပိုင္း ေဒသမွာျဖစ္ပြားေနတဲ့အေျခအေနေတြနဲ႔ ႐ုရွား-အေမရိကန္ပူးေပါင္းေဆာင္႐ြက္မႈေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.