နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများကို လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝကောက်ခံနိုင်ရေး လုပ်ဆောင်သင့်ဟုဆို

1223
ယွန်း (NP News) - သြဂုတ် ၅
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများကို လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝကောက်ခံနိုင်ရေး လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က သြဂုတ်လ(၄)ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပခဲ့သော မြို့နယ်အခွန်ဦးစီးမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခွန်ဦးစီးဌာနမှူးများအနေဖြင့် အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ပြည့်ဝစွာ ကောက်ခံနိုင်ရေးကို ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် အခွန်လျှော့ပေါ့ခွင့်၊ အခွန်သက်သာခွင့်ပြုခြင်းများကိုလည်း ဥပဒေနှင့်အညီ အထူးသတိပြုဆောင်ရွက်သွားရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အလားတူ အခွန်ထမ်းပြည်သူများက တာဝန်သိစွာ ပေးဆောင်သောအခွန်ငွေများကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိခွဲဝေသုံးစွဲဆောင်ရွက်နေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်ရန် အသိ ပညာပေးဆောင်ရွက်ရေးကိုလည်း ထည့်သွင်းပြောကြားထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျန်မြန်စေရန်အတွက် ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများနှင့် မိုဘိုင်းငွေပေး ချေမှုနည်းလမ်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁)ရက်မှစ၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေဖွင့်လှစ်ထားသော အခွန် ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် ရန်ကုန်မြို့လယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ၌ အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်ဖြင့်သာ အခွန်ပေးဆောင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေတာ္မွ ရသင့္ရထိုက္သည့္ အခြန္ေငြမ်ားကို ေလ်ာ့နည္းလြတ္ကင္းမႈမရွိဘဲ အျပည့္အဝေကာက္ခံႏိုင္ေရး လုပ္ေဆာင္သင့္ဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၅
ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္သည့္ အခြန္ေငြမ်ားကို ေလ်ာ့နည္းလြတ္ကင္းမႈမရွိဘဲ အျပည့္အဝေကာက္ခံႏိုင္ေရး လုပ္ေဆာင္ရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္က ၾသဂုတ္လ(၄)ရက္တြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၌ က်င္းပခဲ့ေသာ ၿမိဳ႕နယ္အခြန္ဦးစီးမႉးလုပ္ငန္းကြၽမ္းက်င္မႈသင္တန္းဆင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အခြန္ဦးစီးဌာနမႉးမ်ားအေနျဖင့္ အဓိကတာဝန္ျဖစ္ေသာ ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္သည့္ အခြန္ေငြမ်ား ေလ်ာ့နည္းလြတ္ကင္းမႈမရွိဘဲ သက္ဆိုင္ရာ အခြန္ဥပေဒမ်ားႏွင့္အညီ ျပည့္ဝစြာ ေကာက္ခံႏိုင္ေရးကို ေဆာင္႐ြက္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားခဲ့သည္။
ထို႔ျပင္ အခြန္ေလွ်ာ့ေပါ့ခြင့္၊ အခြန္သက္သာခြင့္ျပဳျခင္းမ်ားကိုလည္း ဥပေဒႏွင့္အညီ အထူးသတိျပဳေဆာင္႐ြက္သြားရန္ ၎က ဆက္လက္ေျပာၾကားခဲ့သည္။
အလားတူ အခြန္ထမ္းျပည္သူမ်ားက တာဝန္သိစြာ ေပးေဆာင္ေသာအခြန္ေငြမ်ားကို ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္းမ်ား အပါအဝင္ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး၊ လူမႈေရး၊ ဆက္သြယ္ေရး၊ စိုက္ပ်ိဳးေရး၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး က႑မ်ားအျပင္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ားတြင္ အက်ိဳးရွိရွိခြဲေဝသုံးစြဲေဆာင္႐ြက္ေနသည္ကို အခြန္ထမ္းျပည္သူမ်ား သိရွိနားလည္ရန္ အသိ ပညာေပးေဆာင္႐ြက္ေရးကိုလည္း ထည့္သြင္းေျပာၾကားထားသည္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ အခြန္ထမ္းျပည္သူမ်ား အခြန္ေပးေဆာင္ရာတြင္ လြယ္ကူလ်န္ျမန္ေစရန္အတြက္ ပုဂၢလိကဘဏ္မ်ား၏ အီလက္ထေရာနစ္ေငြေပးေခ်မႈ နည္းလမ္းမ်ားႏွင့္ မိုဘိုင္းေငြေပး ေခ်မႈနည္းလမ္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ(၁)ရက္မွစ၍ ႏိုင္ငံပိုင္ဘဏ္မ်ားတြင္ ဘဏ္ေငြဖြင့္လွစ္ထားေသာ အခြန္ ထမ္းမ်ားမွအပ အခြန္ထမ္းႀကီးမ်ားဆိုင္ရာ အခြန္႐ုံးႏွင့္ ရန္ကုန္ၿမိဳ႕လယ္ရွိ အလယ္အလတ္အခြန္ထမ္းမ်ားဆိုင္ရာ အခြန္႐ုံးမ်ား၌ အခြန္ထမ္းကုမၸဏီအဖြဲ႕အစည္းမ်ားအေနျဖင့္ အီလက္ထေရာနစ္ ေငြေပးေခ်မႈစနစ္ျဖင့္သာ အခြန္ေပးေဆာင္ျခင္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။