F-16 တိုက်လေယာဉ်နည်းပညာတွေ ပါကစ္စတန်ကိုရောင်းချပေးဖို့ အမေရိကန် အတည်ပြု

54

Pika (NP News) - ဒီဇင်ဘာ ၁၃
ပါကစ္စတန်နိုင်ငံရဲ့ F-16 တိုက်လေယာဉ်တွေအတွက် နည်းပညာနဲ့အထောက်အကူပြုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်က အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ပါကစ္စတန်အစိုးရက ပြောကြားခဲ့ပါတယ်။ အဆိုပြုထားတဲ့ ရောင်းချမှုဟာ ပါကစ္စတန်ရဲ့ F-16 တပ်ဖွဲ့ကို ခေတ်မီအောင်ပြုလုပ်ဖို့နဲ့ လည်ပတ်မှုဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှု တွေကိုဖြေရှင်းဖို့ ရည်ရွယ်ထားတယ်လို့ အမေရိကန်ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
(DSCA) က “ဒီရောင်းချမှုက ပါကစ္စတန်ရဲ့လက်ရှိအကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အမေရိကန်နဲ့ မိတ်ဖက်တပ်ဖွဲ့တွေရဲ့အပြန်အလှန်လည်ပတ်နိုင်မှုကို ထိန်းသိမ်းစေနိုင်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို အထောက်အကူဖြစ်စေပါလိမ့်မယ်။ ပြီးတော့ ဒီရောင်းချမှုက အနာဂါတ်အရေးပေါ်စစ်ဆင်ရေးတွေအတွက် ပြင်ဆင်မှုတွေမှာလည်း အထောက်အကူဖြစ်စေပါ လိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်က အတည်ပြုခဲ့တဲ့ပါကစ္စတန်ကိုရောင်းချမှုရဲ့ခန့်မှန်းခြေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၈၆)သန်း ဖြစ်ပြီး နည်းပညာနဲ့ထောက်ပံ့ပို့ဆောင်ရေးပံ့ပိုးမှု ဝန်ဆောင်မှုတွေ၊ လေ့လာမှုတွေနဲ့စစ်တမ်းတွေကိုလည်း ပံ့ပိုးပေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ (၂၀၂၁)ခုနှစ်တုန်းက ပါကစ္စတန်ဟာ ၎င်းရဲ့ F-16 တပ်ဖွဲ့ကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ပေးဖို့အတွက် အမေရိကန်ကို တောင်းဆိုခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာနေတာကြောင့် အမေရိကန်က ကူညီပေးတာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
F-16 တိုက္ေလယာဥ္နည္းပညာေတြ ပါကစၥတန္ကိုေရာင္းခ်ေပးဖို႔ အေမရိကန္ အတည္ျပဳ
Pika (NP News) - ဒီဇင္ဘာ ၁၃
ပါကစၥတန္ႏိုင္ငံရဲ႕ F-16 တိုက္ေလယာဥ္ေတြအတြက္ နည္းပညာနဲ႔အေထာက္အကူျပဳပစၥည္းေတြ ေရာင္းခ်ေပးဖို႔ အေမရိကန္က အတည္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ပါကစၥတန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ အဆိုျပဳထားတဲ့ ေရာင္းခ်မႈဟာ ပါကစၥတန္ရဲ႕ F-16 တပ္ဖြဲ႕ကို ေခတ္မီေအာင္ျပဳလုပ္ဖို႔နဲ႔ လည္ပတ္မႈေဘးကင္းေရးဆိုင္ရာ စိုးရိမ္မႈ ေတြကိုေျဖရွင္းဖို႔ ရည္႐ြယ္ထားတယ္လို႔ အေမရိကန္ကာကြယ္ေရးလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈေအဂ်င္စီ (DSCA) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
(DSCA) က “ဒီေရာင္းခ်မႈက ပါကစၥတန္ရဲ႕လက္ရွိအၾကမ္းဖက္မႈတိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ အေမရိကန္နဲ႔ မိတ္ဖက္တပ္ဖြဲ႕ေတြရဲ႕အျပန္အလွန္လည္ပတ္ႏိုင္မႈကို ထိန္းသိမ္းေစႏိုင္ၿပီးေတာ့ အေမရိကန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒ နဲ႔ အမ်ိဳးသားလုံၿခဳံေရး ရည္မွန္းခ်က္ေတြကို အေထာက္အကူျဖစ္ေစပါလိမ့္မယ္။ ၿပီးေတာ့ ဒီေရာင္းခ်မႈက အနာဂါတ္အေရးေပၚစစ္ဆင္ေရးေတြအတြက္ ျပင္ဆင္မႈေတြမွာလည္း အေထာက္အကူျဖစ္ေစပါ လိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္က အတည္ျပဳခဲ့တဲ့ပါကစၥတန္ကိုေရာင္းခ်မႈရဲ႕ခန႔္မွန္းေျခတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၆၈၆)သန္း ျဖစ္ၿပီး နည္းပညာနဲ႔ေထာက္ပံ့ပို႔ေဆာင္ေရးပံ့ပိုးမႈ ဝန္ေဆာင္မႈေတြ၊ ေလ့လာမႈေတြနဲ႔စစ္တမ္းေတြကိုလည္း ပံ့ပိုးေပး သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ (၂၀၂၁)ခုႏွစ္တုန္းက ပါကစၥတန္ဟာ ၎ရဲ႕ F-16 တပ္ဖြဲ႕ကို အဆင့္ျမႇင့္တင္မႈေတြ လုပ္ေဆာင္ေပးဖို႔အတြက္ အေမရိကန္ကို ေတာင္းဆိုခဲ့ေပမယ့္လည္း အဲဒီအခ်ိန္တုန္းက ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး တင္းမာေနတာေၾကာင့္ အေမရိကန္က ကူညီေပးတာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။