ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း နည်းပြသစ်ပိုချက်တီနိုဆို

662
Pika (NP News) - ဩဂုတ် ၂၆
ယမန်နေ့ (ဩဂုတ်လ(၂၅)ရက်)၊ ညက ကစားခဲ့သောလူတန်တောင်းအသင်းနှင့်ပွဲတွင် (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် နည်းပြသစ်ပိုချက်တီနိုသည် ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးအသင်းနည်းပြအဖြစ် ၎င်း၏ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ခြင်းကို ဝမ်းသာမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လူတန်တောင်းအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ချဲလ်ဆီးအသင်း တောင်ပံကစားသမား စတာလင်သည် ပွဲချိန်(၁၇)မိနစ်တွင် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန်(၆၈)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ချဲလ်ဆီးအသင်းတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်သည် ပွဲချိန်(၇၅)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီအစတွင် လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတို့နှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ပွဲရှုံးကာ၊ တစ်ပွဲသရေဖြင့် အမှတ်(၁)မှတ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ချဲလ်ဆီးအသင်းသည် လူတန်တောင်းနှင့်ကစားခဲ့သော တတိယမြောက် ပရီးမီးယားလိဂ်ပွဲစဉ်တွင် (၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အမှတ်(၃)မှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးနည်းပြပိုချက်တီနိုက "လူတန်တောင်းနဲ့ကစားပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါဟာ ကစားသမားတွေ၊ ပရိသတ်တွေအတွက် ထိုက်တန်တဲ့ အနိုင်ရရှိမှုတစ်ခုပါ။ ပထမဆုံးနိုင်ပွဲက တကယ်ကို အရေးကြီးပြီး အသင်းကစားသမားတွေဟာ ယုံကြည်မှုအပြည့်နဲ့ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ဒီလိုနိုင်ပွဲတွေဟာ လာမယ့်ပွဲစဉ်တွေအတွက် အကောင်းဆုံး စိတ်ခွန်အားဖြစ်စေတဲ့ အရာတွေပါပဲ"ဟုပြောဆိုခဲ့သည်။

zawgyi version
ခ်ဲလ္ဆီးနည္းျပအျဖစ္ ပထမဆုံးႏိုင္ပြဲကို ရယူႏိုင္ခဲ့သည့္အတြက္ ေပ်ာ္႐ႊင္မိေၾကာင္း နည္းျပသစ္ပိုခ်က္တီႏိုဆို
Pika (NP News) - ဩဂုတ္ ၂၆
ယမန္ေန႔ (ဩဂုတ္လ(၂၅)ရက္)၊ ညက ကစားခဲ့ေသာလူတန္ေတာင္းအသင္းႏွင့္ပြဲတြင္ (၃)ဂိုး၊ ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ နည္းျပသစ္ပိုခ်က္တီႏိုသည္ ပရီးမီးယားလိဂ္တြင္ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္ ၎၏ပထမဆုံးႏိုင္ပြဲကို ရရွိခဲ့ျခင္းကို ဝမ္းသာမိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
လူတန္ေတာင္းအသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ခ်ဲလ္ဆီးအသင္း ေတာင္ပံကစားသမား စတာလင္သည္ ပြဲခ်ိန္(၁၇)မိနစ္တြင္ အဖြင့္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္(၆၈)မိနစ္တြင္ တစ္ဂိုးထပ္မံသြင္းယူေပးႏိုင္ခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ ခ်ဲလ္ဆီးအသင္းတိုက္စစ္မႉး နီကိုလက္စ္ဂ်က္ဆင္သည္ ပြဲခ်ိန္(၇၅)မိနစ္တြင္ တစ္ဂိုးထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၃)ဂိုး၊ ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
ခ်ဲလ္ဆီးအသင္းသည္ လက္ရွိပရီးမီးယားလိဂ္ရာသီအစတြင္ လီဗာပူးလ္၊ ဝက္စ္ဟမ္းအသင္းတို႔ႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး တစ္ပြဲရႈံးကာ၊ တစ္ပြဲသေရျဖင့္ အမွတ္(၁)မွတ္သာ ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ခ်ဲလ္ဆီးအသင္းသည္ လူတန္ေတာင္းႏွင့္ကစားခဲ့ေသာ တတိယေျမာက္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ (၃)ဂိုး၊ ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္(၃)မွတ္ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။
ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏိုက "လူတန္ေတာင္းနဲ႔ကစားပြဲကို အႏိုင္ရရွိခဲ့တဲ့အတြက္ ဝမ္းသာမိပါတယ္။ ဒါဟာ ကစားသမားေတြ၊ ပရိသတ္ေတြအတြက္ ထိုက္တန္တဲ့ အႏိုင္ရရွိမႈတစ္ခုပါ။ ပထမဆုံးႏိုင္ပြဲက တကယ္ကို အေရးႀကီးၿပီး အသင္းကစားသမားေတြဟာ ယုံၾကည္မႈအျပည့္နဲ႔ ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့အတြက္လည္း ေပ်ာ္႐ႊင္မိပါတယ္။ ဒီလိုႏိုင္ပြဲေတြဟာ လာမယ့္ပြဲစဥ္ေတြအတြက္ အေကာင္းဆုံး စိတ္ခြန္အားျဖစ္ေစတဲ့ အရာေတြပါပဲ"ဟုေျပာဆိုခဲ့သည္။