အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင် နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ဆွေးနွေးမှုကိုရှောင်ရှားခဲ့ဟု ထိုင်းစစ်ဘက်ပြော

 1297

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို အာဆီယံဒေသတွင်းရှိ နိုင်ငံအချို့၏လေတပ်ဦးစီးချုပ်များ မတက်ရောက်ခဲ့သော်လည်း ထိုင်းလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Alongkorn Vannarat ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြောင်း ထိုင်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူ Wassana Nanum က ထုတ်ဖော်ပြောကြားလိုက်သည်။

အကြိမ် ၂၀ မြောက်အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘရူးနိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့၏ လေတပ်ဦးစီးချုပ်များကိုယ်တိုင်တက်ရောက်ခဲ့သော်လည်း စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ လေတပ်ဦးစီးချုပ်များလူကိုယ်တိုင်တက်ရောက်ခြင်းမရှိကြောင်းသိရသည်။

အဆိုပါ အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို “ASEAN Air Forces' Cooperation for Sustainable Environment”ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့က ရုပ်သံဖိုင်များပေးပို့ကာ ပါဝင်ဆွေး နွေးခဲ့ကြောင်းသိရသည်။ ထိုင်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Wassana Nanum က " နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကိုရှောင်ရှားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးသွားဖွယ်ရှိနေပါတယ်" ဟုပြောသည်။

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးကာ အစည်းအဝေးတက်ရောက်လာသော နိုင်ငံများ၏လေတပ်ဦးစီးချုပ်များကြား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

zawgyi version
အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးတြင္ ႏိုင္ငံေရးႏွင့္စစ္ေရးကိစၥမ်ား ေဆြးေႏြးမႈကိုေရွာင္ရွားခဲ့ဟု ထိုင္းစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနသည့္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးကို အာဆီယံေဒသတြင္းရွိ ႏိုင္ငံအခ်ိဳ႕၏ေလတပ္ဦးစီးခ်ဳပ္မ်ား မတက္ေရာက္ခဲ့ေသာ္လည္း ထိုင္းေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Alongkorn Vannarat ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး သဘာဝပတ္ဝန္းက်င္ဆိုင္ရာကိစၥမ်ားကို အဓိကထားေဆြးေႏြးခဲ့ေၾကာင္း ထိုင္းေလတပ္၏ ေျပာေရးဆိုခြင့္ရွိသူ Wassana Nanum က ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

အႀကိမ္ ၂၀ ေျမာက္အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးကို စက္တင္ဘာလ ၁၃ ရက္က ေနျပည္ေတာ္တြင္ က်င္းပခဲ့ၿပီး အာဆီယံေဒသတြင္းႏိုင္ငံမ်ားျဖစ္သည့္ ထိုင္း၊ ဘ႐ူးႏိုင္း၊ လာအို၊ ဗီယက္နမ္၊ ကေမာၻဒီးယားႏိုင္ငံတို႔၏ ေလတပ္ဦးစီးခ်ဳပ္မ်ားကိုယ္တိုင္တက္ေရာက္ခဲ့ေသာ္လည္း စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔၏ ေလတပ္ဦးစီးခ်ဳပ္မ်ားလူကိုယ္တိုင္တက္ေရာက္ျခင္းမရွိေၾကာင္းသိရသည္။

အဆိုပါ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးကို “ASEAN Air Forces' Cooperation for Sustainable Environment”ေခါင္းစဥ္ျဖင့္က်င္းပခဲ့ျခင္းျဖစ္ၿပီး စင္ကာပူ၊ ဖိလစ္ပိုင္ႏိုင္ငံတို႔က ႐ုပ္သံဖိုင္မ်ားေပးပို႔ကာ ပါဝင္ေဆြး ေႏြးခဲ့ေၾကာင္းသိရသည္။ ထိုင္းေလတပ္၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သည့္ Wassana Nanum က " ႏိုင္ငံေရးနဲ႔ စစ္ေရးဆိုင္ရာ ေဆြးေႏြးမႈေတြကိုေရွာင္ရွားမွာျဖစ္ၿပီး သဘာဝပတ္ဝန္းက်င္ဆိုင္ရာကိစၥေတြကို ေဆြးေႏြးသြားဖြယ္ရွိေနပါတယ္" ဟုေျပာသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္က (၂၀)ႀကိမ္ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးအဖြင့္ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး အစည္းအေဝးကို ဖြင့္လွစ္ေပးကာ အစည္းအေဝးတက္ေရာက္လာေသာ ႏိုင္ငံမ်ား၏ေလတပ္ဦးစီးခ်ဳပ္မ်ားၾကား ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကၿပီး (၂၀)ႀကိမ္ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝး၏ ဆုံးျဖတ္ခ်က္မ်ားအား အတည္ျပဳခဲ့ေၾကာင္းသိရသည္။

ဗိုလ္ခ်ဳပ္ႀကီးထြန္းေအာင္သည္ (၂၁) ႀကိမ္ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားအစည္းအေဝးတြင္ အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္မည့္ ကေမာၻဒီးယားႏိုင္ငံေလတပ္ဦးစီးခ်ဳပ္ Gen.Soeung Samnang ထံသို႔ ဥကၠ႒တာဝန္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.