ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ပြော

355

ပီယ (NP News) - ဩဂုတ် ၂
ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသော အမှာစကားအတွင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့ (ဩဂုတ်လ ၁ ရက်) က နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရအဖွဲ့သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထားပန်ဆင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှု များမရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း ဝန်ကြီးချုပ် က ပြောသည်။
ပြည်သူများ၏လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲ သည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဆန္ဒမဲမပေးနိုင်သူများအား ကြိုတင်မဲများပေးနိုင်ရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်းလည်း ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ဝန်ကြီးချုပ်က မှာကြားသည်။

Zawgyi Version:
ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ျပည္သူမ်ားအားလုံး ဆႏၵမဲမ်ားေပးႏိုင္ေရး ေဆာင္႐ြက္ေပးရန္ ဝန္ႀကီးခ်ဳပ္ေျပာ
ပီယ (NP News) - ဩဂုတ္ ၂
ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ျပည္သူမ်ားအားလုံး ဆႏၵမဲမ်ားေပးႏိုင္ေရး ေဆာင္႐ြက္ေပးရန္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးညိဳေစာက ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးတြင္ ေျပာၾကားေသာ အမွာစကားအတြင္း ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေဝးကို ယမန္ေန႔ (ဩဂုတ္လ ၁ ရက္) က ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္႐ုံး အစည္း အေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ယခုအစိုးရအဖြဲ႕သည္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုအစိုးရ အဖြဲ႕ျဖစ္ေၾကာင္း၊ မိမိတို႔အစိုးရအေနျဖင့္ တို႔တာဝန္အေရး (၃) ပါးျဖစ္သည့္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးတို႔အား ဦးထိပ္ထားပန္ဆင္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္သြားရန္လိုေၾကာင္း၊ အလားတူ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီမွ ခ်မွတ္ထားသည့္ ဦးတည္ခ်က္(၄)ရပ္အား လိုက္နာအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။
ယခုအခ်ိန္တြင္ မိမိတို႔ႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးအရ၊ တိုင္းရင္းသားေရးအရ၊ ဘာသာေရးအရ သေဘာထားကြဲလြဲမႈ မ်ားမရွိသင့္ေတာ့ဘဲ ၿငိမ္းခ်မ္းစြာျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ႏိုင္ငံအတြင္း ေနထိုင္ၾကသူမ်ားအားလုံးက ဒီမိုကေရစီလမ္းေၾကာင္းမွ ေသြဖယ္သြားႏိုင္သည့္ လုပ္ေဆာင္ခ်က္မ်ားကို ေရွာင္ရွားၾကရမည္ျဖစ္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ တည္ဆဲ ဥပေဒမ်ားကို ေလးစားလိုက္နာၾကရန္လိုေၾကာင္း ဝန္ႀကီးခ်ဳပ္ က ေျပာသည္။
ျပည္သူမ်ား၏လိုလားခ်က္ျဖစ္သည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ၌ ေလွ်ာက္လွမ္းရာတြင္ ေ႐ြးေကာက္ပြဲ သည္ အဓိကက်ေၾကာင္း၊ ထို႔ေၾကာင့္ ယခုႏွစ္ဒီဇင္ဘာလတြင္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္သြားမည္ျဖစ္သည္ကို ႏိုင္ငံေတာ္အႀကီးအကဲက ျပည္သူမ်ားကို အသိေပးေျပာၾကားၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ ျပည္သူမ်ားအားလုံး ဆႏၵမဲမ်ားေပးႏိုင္ေရး မိမိတို႔အေနျဖင့္ ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဆႏၵမဲမေပးႏိုင္သူမ်ားအား ႀကိဳတင္မဲမ်ားေပးႏိုင္ေရး သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္ေပးသြားရန္လိုေၾကာင္းလည္း ေျပာၾကားသည္။
ႏိုင္ငံေတာ္အေနျဖင့္ စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးသြားမည္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရး အေနျဖင့္ ပါတီစုံဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုစနစ္ကို က်င့္သုံးႏိုင္ေရး ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ လြတ္လပ္ၿပီးတရားမွ်တသည့္ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး သက္ဆိုင္ရာဝန္ႀကီးဌာနအသီးသီးက က႑မ်ားအလိုက္ ပါဝင္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဝန္ႀကီးခ်ဳပ္က မွာၾကားသည္။