အာရှတိုက်အလယ်ပိုင်းဒေသသို့ သဘာဝဓါတ်ငွေ့ပေးပို့မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားအစိုးရထုတ်ပြန်ကြေညာ

 1946

Pika (NP News) - အောက်တိုဘာ ၈

ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် ဥဇဘက်ကစ္စတန်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ပေးပို့မှုများကို အောက်တိုဘာလ (၇)ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သဘာဝဓါတ်ငွေ့ ပေးပို့မှု တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို ရုရှားသမ္မတပူတင်၊ ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev နှင့် ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirzoyev တို့ တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။

အဆိုပါစီမံကိန်းသည် နှစ်ဖက်လုံးအတွက် အကျိုးရှိပြီး ဒေသအတွင်း စွမ်းအင်လုံခြုံရေးကို ပိုမိုအားကောင်းလာစေ ရန် ရည်ရွယ်ထားခြင်းမျိုးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ သဘာဝဓါတ်ငွေ့ပေးပို့မှု အများစုမှာ ဥဇဘက်ကစ္စတန်နိုင်ငံသို့ ဦးတည်ထားသော်လည်း ပေးပို့မှုများထဲမှ အချို့မှာ ကာဇက်စတန်နိုင်ငံ အရှေ့ပိုင်း နှင့် မြောက်ပိုင်းဒေသများသို့ လမ်းကြောင်းပြောင်းသွားမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ပူတင် က "ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဟာ သုံးနိုင်ငံစလုံးအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူး တွေ ရရှိပါလိမ့်မယ်။ ဥဇဘက်ကစ္စတန်ဟာ အိမ်ထောင်စုတွေနဲ့ အရေးပါတဲ့အဆောက်အဦးတွေကို အပူနဲ့ လျှပ်စစ် စွမ်းအင် အဆက်မပြတ်ထောက်ပံ့ပေးနိုင်မယ့် နောက်ထပ် စွမ်းအင်အရင်းအမြစ်ကို ရရှိပါလိမ့်မယ်။ ကာဇက် စတန်နိုင်ငံဟာလည်း သူတို့ရဲ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေရဲ့ဓါတ်ငွေ့လိုအပ်ချက်ပြဿနာကို ဖြေရှင်းနိုင်ပါ လိမ့်မယ်။ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ဟာ သင့်လျော်တဲ့လမ်းကြောင်းတွေကနေတစ်ဆင့် ဓါတ်ငွေ့ ထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်နေပါပြီ" ဟု ပြောခဲ့သည်။

အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံက ယုံကြည်စိတ်ချရသော သဘာဝဓါတ်ငွေ့ ပေးပို့သည့်နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကိုလည်း အတည်ပြုပေးသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောခဲ့သည်။

ပူတင်က "ကျွန်တော်တို့ဟာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားပြီး သဘာဝဓါတ်ငွေ့ကိုတင်သွင်းဖို့စိတ်ဝင်စားတဲ့ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့က မိတ်ဆွေတွေနဲ့ အခြားနိုင်ငံတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
အာရွတိုက္အလယ္ပိုင္းေဒသသို႔ သဘာဝဓါတ္ေငြ႕ေပးပို႔မႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားအစိုးရထုတ္ျပန္ေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၈

႐ုရွားႏိုင္ငံသည္ ကာဇက္စတန္ႏိုင္ငံမွတစ္ဆင့္ ဥဇဘက္ကစၥတန္ႏိုင္ငံသို႔ သဘာဝဓါတ္ေငြ႕ေပးပို႔မႈမ်ားကို ေအာက္တိုဘာလ (၇)ရက္တြင္ စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

သဘာဝဓါတ္ေငြ႕ ေပးပို႔မႈ တရားဝင္မိတ္ဆက္ပြဲအခမ္းအနားကို ႐ုရွားသမၼတပူတင္၊ ကာဇက္စတန္သမၼတ Kassym-Jomart Tokayev ႏွင့္ ဥဇဘက္ကစၥတန္သမၼတ Shavkat Mirzoyev တို႔ တက္ေရာက္ခဲ့ေၾကာင္း လည္း သိရသည္။

အဆိုပါစီမံကိန္းသည္ ႏွစ္ဖက္လုံးအတြက္ အက်ိဳးရွိၿပီး ေဒသအတြင္း စြမ္းအင္လုံၿခဳံေရးကို ပိုမိုအားေကာင္းလာေစ ရန္ ရည္႐ြယ္ထားျခင္းမ်ိဳးျဖစ္ေၾကာင္း ပူတင္က ေျပာၾကားခဲ့သည္။ သဘာဝဓါတ္ေငြ႕ေပးပို႔မႈ အမ်ားစုမွာ ဥဇဘက္ကစၥတန္ႏိုင္ငံသို႔ ဦးတည္ထားေသာ္လည္း ေပးပို႔မႈမ်ားထဲမွ အခ်ိဳ႕မွာ ကာဇက္စတန္ႏိုင္ငံ အေရွ႕ပိုင္း ႏွင့္ ေျမာက္ပိုင္းေဒသမ်ားသို႔ လမ္းေၾကာင္းေျပာင္းသြားမည္ျဖစ္ေၾကာင္း ပူတင္က ေျပာၾကားခဲ့သည္။

ပူတင္ က "ဒီစီမံကိန္းကို အေကာင္အထည္ေဖာ္တာဟာ သုံးႏိုင္ငံစလုံးအတြက္ သိသာထင္ရွားတဲ့ အက်ိဳးေက်းဇူး ေတြ ရရွိပါလိမ့္မယ္။ ဥဇဘက္ကစၥတန္ဟာ အိမ္ေထာင္စုေတြနဲ႔ အေရးပါတဲ့အေဆာက္အဦးေတြကို အပူနဲ႔ လွ်ပ္စစ္ စြမ္းအင္ အဆက္မျပတ္ေထာက္ပံ့ေပးႏိုင္မယ့္ ေနာက္ထပ္ စြမ္းအင္အရင္းအျမစ္ကို ရရွိပါလိမ့္မယ္။ ကာဇက္ စတန္ႏိုင္ငံဟာလည္း သူတို႔ရဲ႕ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းေဒသေတြရဲ႕ဓါတ္ေငြ႕လိုအပ္ခ်က္ျပႆနာကို ေျဖရွင္းႏိုင္ပါ လိမ့္မယ္။ ႐ုရွားစြမ္းအင္ကုမၸဏီ Gazprom ဟာ သင့္ေလ်ာ္တဲ့လမ္းေၾကာင္းေတြကေနတစ္ဆင့္ ဓါတ္ေငြ႕ ေထာက္ပံ့ေပးႏိုင္ဖို႔ လုပ္ေဆာင္ေနပါၿပီ" ဟု ေျပာခဲ့သည္။

အဆိုပါစီမံကိန္းသည္ ႐ုရွားႏိုင္ငံက ယုံၾကည္စိတ္ခ်ရေသာ သဘာဝဓါတ္ေငြ႕ ေပးပို႔သည့္ႏိုင္ငံျဖစ္သည္ဆိုသည့္အခ်က္ကိုလည္း အတည္ျပဳေပးသြားႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ပူတင္က ထပ္မံေျပာခဲ့သည္။

ပူတင္က "ကြၽန္ေတာ္တို႔ဟာ ေနာက္ထပ္ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔ လမ္းဖြင့္ထားၿပီး သဘာဝဓါတ္ေငြ႕ကိုတင္သြင္းဖို႔စိတ္ဝင္စားတဲ့ ကာဇက္စတန္၊ ဥဇဘက္ကစၥတန္ႏိုင္ငံတို႔က မိတ္ေဆြေတြနဲ႔ အျခားႏိုင္ငံေတြရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာပါ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.