အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို စိတ်မဝင်စားတော့ဘူးလို့ ဟားမတ်လက်နက်ကိုင်အဖွဲ့ပြော

 316

Pika (NP News) - မေ ၇

ဟားမတ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ဟားမတ်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိ Basem Naim က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသအ‌ပေါ် လုပ်‌ဆောင်နေတဲ့ အစ္စရေးရဲ့စစ်ပွဲကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို ဟားမတ်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိ Basem Naim က တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။ Basem Naim က "ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှုစစ်ပွဲနဲ့ သုတ်သင်ရှင်းလင်းရေးစစ်ပွဲဆက်လက်ဖြစ်ပွားနေသရွေ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်တွေကို ထည့်သွင်းစဉ်းစားဖို့ ဒါမှမဟုတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစ္စရေးအစိုးရကို တစ်ကမ္ဘာလုံးက ဖိအားပေးရမယ်လို့လည်း Basem Naim ကပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့စစ်ဆင်ရေးတွေချဲ့ထွင်မှုက လူဦးရေအများစုကို အိုးမဲ့အိမ်မဲ့ဖြစ်စေလိမ့်မယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားပြီးနောက် တစ်ရက်အကြာမှာ Basem Naim ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

zawgyi version
အပစ္အခတ္ရပ္စဲေရးဆိုင္ရာ ေဆြးေႏြးပြဲေတြကို စိတ္မဝင္စားေတာ့ဘူးလို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ေမ ၇

ဟားမတ္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးနဲ႔ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲေတြကို စိတ္ဝင္စားမႈမရွိေတာ့ဘူးလို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိ Basem Naim က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသအ‌ေပၚ လုပ္‌ေဆာင္ေနတဲ့ အစၥေရးရဲ႕စစ္ပြဲကို ရပ္တန႔္ဖို႔ ႏိုင္ငံတကာအသိုင္း အဝိုင္းကို ဟားမတ္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိ Basem Naim က တိုက္တြန္းခဲ့တယ္လို႔လည္းသိရပါတယ္။ Basem Naim က "ဂါဇာကမ္းေျမာင္ေဒသမွာ ငတ္မြတ္ေခါင္းပါးမႈစစ္ပြဲနဲ႔ သုတ္သင္ရွင္းလင္းေရးစစ္ပြဲဆက္လက္ျဖစ္ပြားေနသေ႐ြ႕ အပစ္အခတ္ရပ္စဲေရး အဆိုျပဳခ်က္အသစ္ေတြကို ထည့္သြင္းစဥ္းစားဖို႔ ဒါမွမဟုတ္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အစီအစဥ္မရွိပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။

ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့ စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အစၥေရးအစိုးရကို တစ္ကမာၻလုံးက ဖိအားေပးရမယ္လို႔လည္း Basem Naim ကေျပာၾကားခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးရဲ႕စစ္ဆင္ေရးေတြခ်ဲ႕ထြင္မႈက လူဦးေရအမ်ားစုကို အိုးမဲ့အိမ္မဲ့ျဖစ္ေစလိမ့္မယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားၿပီးေနာက္ တစ္ရက္အၾကာမွာ Basem Naim ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.