အီဂျစ်နိုင်ငံကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသာချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုပေးမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 623

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၉

အစ္စရေးနိုင်ငံအနေနဲ့ အီဂျစ်နိုင်ငံကိုဖြတ်သန်းပြီး ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးပို့ဖို့ ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

အစားအစာ၊ ရေ နဲ့ ဆေးဝါးကဲ့သို့သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းတွေကို ဂါဇာဒေသကို ပေးပို့ခွင့်ပေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အီဂျစ်နိုင်ငံသမ္မတ အယ်စီစီဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့နိုင်ဖို့ ရာဖယ်နယ်စပ်ကို ဖွင့်လှစ်ပေးဖို့သဘောတူညီခဲ့ကြောင်း ထပ်မံပြောဆိုထားပါတယ်။

အမေရိကန်သမ္မတက "အီဂျစ်သမ္မတဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့မယ့် ကုန်ကားအစီးရေ ၂၀ ကို နယ်စပ်ဒေသစတင်ဖြတ်သန်းခွင့်ပေးဖို့ သဘောတူညီခဲ့ပါတယ်"လို့ ပြောပါတယ်။

နယ်စပ်ဒေသလမ်းတွေကို ပြင်ဆင်ဖို့လိုအပ်နေခြင်းကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး သင်္ဘောတွေဟာ လာမယ့် အောက်တိုဘာလ ၂၀ ရက်အထိ အီဂျစ်နယ်စပ်ကို ရောက်ရှိမှာမဟုတ်သေးကြောင်း အမေရိကန်သမ္မတကပြောပါတယ်။

အမေရိကန်သမ္မတက ကုလသမဂ္ဂအဖွဲ့အစည်းဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ အခြားဘက်အခြမ်းကနေ ကူညီပံ့ပိုးပေးရဖွယ်ရှိနေကြောင်း ဆိုပါတယ်။ အစ္စရေးဟာ အောက်တိုဘာလ ၇ ရက်ကစတင်ပြီး ဟားမက်စ်တွေထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း သိန်းချီနေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို ဂါဇာဒေသကို ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ ဝန်းရံပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီအများအပြားလိုအပ်နေကြောင်းသိရပါတယ်။

zawgyi version
အီဂ်စ္ႏိုင္ငံကိုျဖတ္သန္းၿပီး ဂါဇာေဒသကို လူသာခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးဖို႔ ခြင့္ျပဳေပးမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၉

အစၥေရးႏိုင္ငံအေနနဲ႔ အီဂ်စ္ႏိုင္ငံကိုျဖတ္သန္းၿပီး ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးပို႔ဖို႔ ခြင့္ျပဳေပးသြားဖြယ္ရွိေနေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုရဲ႕႐ုံးက သတင္းထုတ္ျပန္လိုက္ပါတယ္။

အစားအစာ၊ ေရ နဲ႔ ေဆးဝါးကဲ့သို႔ေသာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးပစၥည္းေတြကို ဂါဇာေဒသကို ေပးပို႔ခြင့္ေပးသြားမွာျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္႐ုံးက ေျပာပါတယ္။ ဒါ့ျပင္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကလည္း အီဂ်စ္ႏိုင္ငံသမၼတ အယ္စီစီဟာ ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးပို႔ႏိုင္ဖို႔ ရာဖယ္နယ္စပ္ကို ဖြင့္လွစ္ေပးဖို႔သေဘာတူညီခဲ့ေၾကာင္း ထပ္မံေျပာဆိုထားပါတယ္။

အေမရိကန္သမၼတက "အီဂ်စ္သမၼတဟာ ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ ေပးပို႔မယ့္ ကုန္ကားအစီးေရ ၂၀ ကို နယ္စပ္ေဒသစတင္ျဖတ္သန္းခြင့္ေပးဖို႔ သေဘာတူညီခဲ့ပါတယ္"လို႔ ေျပာပါတယ္။

နယ္စပ္ေဒသလမ္းေတြကို ျပင္ဆင္ဖို႔လိုအပ္ေနျခင္းေၾကာင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရး သေဘၤာေတြဟာ လာမယ့္ ေအာက္တိုဘာလ ၂၀ ရက္အထိ အီဂ်စ္နယ္စပ္ကို ေရာက္ရွိမွာမဟုတ္ေသးေၾကာင္း အေမရိကန္သမၼတကေျပာပါတယ္။

အေမရိကန္သမၼတက ကုလသမဂၢအဖြဲ႕အစည္းဟာ ဂါဇာေဒသကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးႏိုင္ဖို႔ အျခားဘက္အျခမ္းကေန ကူညီပံ့ပိုးေပးရဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ အစၥေရးဟာ ေအာက္တိုဘာလ ၇ ရက္ကစတင္ၿပီး ဟားမက္စ္ေတြထိန္းခ်ဳပ္ထားတဲ့ ဂါဇာေဒသကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ လူေပါင္း သိန္းခ်ီေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရသလို ဂါဇာေဒသကို ျဖတ္ေလးျဖတ္ပုံစံမ်ိဳးနဲ႔ ဝန္းရံပိတ္ဆို႔ထားတဲ့အတြက္ ေဒသခံေတြဟာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီအမ်ားအျပားလိုအပ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.