မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား၏ ခွင့်ပြုရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာအဖြစ် သတ်မှတ်

1525

စော(NP News)- စက်တင်ဘာ ၂၆
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား၏ ခွင့်ပြုရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာအဖြစ် လာမည့် အောက်တိုဘာလ (၁)ရက်နေ့မှစ၍ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတံတားစီမံကိန်း၏ ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်တွင် တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ပြီး ရေလယ်ပင်မတံတားသံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်း၌ အသုံးပြုခဲ့သော Form Traveler ကို ပြန်လည်ဖြုတ်သိမ်းခြင်းလုပ်ငန်းစဉ်အား စက်တင်ဘာ (၁၇) ရက်မှ (၂၀) ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန်တွင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ တံတားအောက် ရေလမ်းကြောင်းမှ ဖြတ်သန်းခုတ်မောင်းရမည့် ရေယာဥ်များအားလုံးအတွက် ခွင့်ပြုရေလမ်း ကင်းလွတ်အမြင့် (Permissible Air Draft) ကိုရေအမြင့်ဆုံး အမှတ်၏အထက် (above the Highest High Water) ၄၄ မီတာဖြစ်သည်ကို လာမည့် အောက်တိုဘာ ၁ ရက်မှ စ၍ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ)တံတား၏ ခြင့္ျပဳေရလမ္းကင္းလြတ္အျမင့္ကို (၄၄)မီတာအျဖစ္ သတ္မွတ္
ေစာ(NP News)- စက္တင္ဘာ ၂၆
ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ)တံတား၏ ခြင့္ျပဳေရလမ္းကင္းလြတ္အျမင့္ကို (၄၄)မီတာအျဖစ္ လာမည့္ ေအာက္တိုဘာလ (၁)ရက္ေန႔မွစ၍ သတ္မွတ္လိုက္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါတံတားစီမံကိန္း၏ ေရလယ္ပင္မတံတားသံမဏိဆိုင္းႀကိဳးမ်ား တပ္ဆင္ျခင္းလုပ္ငန္းေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၅ ခုႏွစ္ ဩဂုတ္လကုန္တြင္ တပ္ဆင္ၿပီးစီးခဲ့ၿပီျဖစ္ၿပီး ေရလယ္ပင္မတံတားသံမဏိဆိုင္းႀကိဳးမ်ား တပ္ဆင္ျခင္းလုပ္ငန္း၌ အသုံးျပဳခဲ့ေသာ Form Traveler ကို ျပန္လည္ျဖဳတ္သိမ္းျခင္းလုပ္ငန္းစဥ္အား စက္တင္ဘာ (၁၇) ရက္မွ (၂၀) ရက္အထိ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ယခုအခ်ိန္တြင္ ေဆာင္႐ြက္ၿပီးစီးသြားၿပီျဖစ္၍ တံတားေအာက္ ေရလမ္းေၾကာင္းမွ ျဖတ္သန္းခုတ္ေမာင္းရမည့္ ေရယာဥ္မ်ားအားလုံးအတြက္ ခြင့္ျပဳေရလမ္း ကင္းလြတ္အျမင့္ (Permissible Air Draft) ကိုေရအျမင့္ဆုံး အမွတ္၏အထက္ (above the Highest High Water) ၄၄ မီတာျဖစ္သည္ကို လာမည့္ ေအာက္တိုဘာ ၁ ရက္မွ စ၍ သတ္မွတ္လိုက္ေၾကာင္း ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္က ထုတ္ျပန္ထားသည္။
ျမန္မာ-ကိုရီးယားခ်စ္ၾကည္ ေရး(ဒလ)တံတား စီမံကိန္းလုပ္ငန္းမ်ားအားလုံး ဒီဇင္ဘာလကုန္တြင္ ၿပီးစီးႏိုင္ေရး ရည္မွန္းခ်က္ထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။