မန္တလေး-လားရှိုးလမ်းတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူ

559

သန့်ဇင် (NP News) - အောက်တိုဘာ ၂၀
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်းတွင် သက်တော် (၈ဝ)ကျော် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ ပျံလွန်တော်မူသွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည့် ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်)၊ ည ၇ နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးသွား ကားလမ်းမပေါ်ရှိ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကား အတိုက်ခံရတဲ့ဘုန်းကြီးကို မြို့ပြင်က (၁၉)မိုင်ကျောင်းတိုက် ကိုယ်တော်က သနားလို့ ဆိုင်ကယ်နဲ့ လိုက်ပို့ တာ။ အဲဒီအချိန် ဘုန်းကြီးက ဗိုက်ဆာလို့ မုန့်ဆင်းဝယ်ဖို့ လမ်းကူးလိုက်တဲ့အချိန်မှာ မှောင်ကလဲ မှောင်နေတော့ ကားက တိုက်မိပြီး မောင်းပြေးသွားတာပေါ့” ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကားတိုက်ခံရသည် သံဃာတော်မှာ သက်တော်(၈၃)နှစ်ရှိကာ ပြင်ဦးလွင်မြို့အပြင်ဘက်ရှိ ကျောင်းတိုက် တစ်ခုတွင် သီတင်းသုံး နေထိုင်ကြောင်းသိရပြီး ကားတိုက်ခံရစဉ် ဒဏ်ရာပြင်းထန်စွာရရှိကာ ပျံလွန်တော်မူသွားခဲ့ ကြောင်း သိရသည်။
“ကားတိုက်ခံရတော့ ဘုန်းကြီးက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာပါ။ အဲဒါနဲ့ဆေးရုံပို့ဖို့လုပ်တော့ ဆေးရုံသွား တဲ့လမ်းမှာပဲ ပျံလွန်တော်မူသွားတာပါ။ တိုက်တဲ့ကားက တိုက်ပြီးမောင်းပြေးသွားတယ်လို့ သိရတယ်ဗျ။ ဘယ်လို ကားလဲဆိုတာတော့ မသိလိုက်ရဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ပျံလွန်တော်မူသွားသည့် သံဃာတော်အား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည့် ကားအား စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မႏၲေလး-လားရႈိးလမ္းတြင္ သံဃာေတာ္တစ္ပါး ကားတိုက္ခံရ၍ ပ်ံလြန္ေတာ္မူ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၀
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မႏၲေလး-လားရႈိးလမ္းတြင္ သက္ေတာ္ (၈ဝ)ေက်ာ္ သံဃာေတာ္တစ္ပါး ကားတိုက္ခံရ၍ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည့္ ယမန္ေန႔ (ေအာက္တိုဘာလ ၁၉ ရက္)၊ ည ၇ နာရီအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ မႏၲေလး-လားရႈိးသြား ကားလမ္းမေပၚရွိ ေ႐ႊထိပ္တန္း လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ကား အတိုက္ခံရတဲ့ဘုန္းႀကီးကို ၿမိဳ႕ျပင္က (၁၉)မိုင္ေက်ာင္းတိုက္ ကိုယ္ေတာ္က သနားလို႔ ဆိုင္ကယ္နဲ႔ လိုက္ပို႔ တာ။ အဲဒီအခ်ိန္ ဘုန္းႀကီးက ဗိုက္ဆာလို႔ မုန႔္ဆင္းဝယ္ဖို႔ လမ္းကူးလိုက္တဲ့အခ်ိန္မွာ ေမွာင္ကလဲ ေမွာင္ေနေတာ့ ကားက တိုက္မိၿပီး ေမာင္းေျပးသြားတာေပါ့” ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါကားတိုက္ခံရသည္ သံဃာေတာ္မွာ သက္ေတာ္(၈၃)ႏွစ္ရွိကာ ျပင္ဦးလြင္ၿမိဳ႕အျပင္ဘက္ရွိ ေက်ာင္းတိုက္ တစ္ခုတြင္ သီတင္းသုံး ေနထိုင္ေၾကာင္းသိရၿပီး ကားတိုက္ခံရစဥ္ ဒဏ္ရာျပင္းထန္စြာရရွိကာ ပ်ံလြန္ေတာ္မူသြားခဲ့ ေၾကာင္း သိရသည္။
“ကားတိုက္ခံရေတာ့ ဘုန္းႀကီးက ဒဏ္ရာျပင္းျပင္းထန္ထန္ရထားတာပါ။ အဲဒါနဲ႔ေဆး႐ုံပို႔ဖို႔လုပ္ေတာ့ ေဆး႐ုံသြား တဲ့လမ္းမွာပဲ ပ်ံလြန္ေတာ္မူသြားတာပါ။ တိုက္တဲ့ကားက တိုက္ၿပီးေမာင္းေျပးသြားတယ္လို႔ သိရတယ္ဗ်။ ဘယ္လို ကားလဲဆိုတာေတာ့ မသိလိုက္ရဘူးေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ပ်ံလြန္ေတာ္မူသြားသည့္ သံဃာေတာ္အား ျပင္ဦးလြင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားရွိၿပီး ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည့္ ကားအား စုံစမ္းရွာေဖြမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။