ထိုင်းနိုင်ငံ၌ မြန်မာအမျိုးသားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သောကြောင့် ၎င်း၏ မိသားစုဝင်အား နစ်နာကြေး ဘတ်(၁)သန်းကျော် ပေးအပ်

2620

စော (NP News) - အောက်တိုဘာ ၂၀
ထိုင်းနိုင်ငံ၌ မြန်မာအမျိုးသားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သောကြောင့် ၎င်း၏ မိသားစုဝင်အား နစ်နာကြေး ဘတ် (၁)သန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ Evergrowing Resoutces Recycling Co.,Ltd တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် မေလ (၁၂)ရက်တွင် လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား တိမ်းမှောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူမှာ မောင်ဇော်လင်းထက်ဖြစ်ပြီး ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
၎င်း၏ ကျန်ရစ်သူမိသားစုဝင်များမှ အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးခဲ့ရာ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံးအတွက် ချာချင်ဆောင်မြို့ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေ ဘတ်(၁,ဝ၁၇,၂၄၄ ဒသမ ၂၂) သန်းတိတိအား ပြီးခဲ့သည့် အောက်တိုဘာ (၄)ရက် နှင့် (၁၂)ရက် တို့တွင် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နစ်နာကြေးငွေများကို အလုပ်သမားသံအရာရှိရုံးမှ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံး၏ လက်ထဲသို့ ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်၏ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်လည်း အလုပ်သမား သံအရာရှိရုံးမှ အသိပေးတိုက်တွန်းထားသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ၌ ျမန္မာအမ်ိဳးသားတစ္ဦး လုပ္ငန္းခြင္အတြင္း ေသဆုံးခဲ့ေသာေၾကာင့္ ၎၏ မိသားစုဝင္အား နစ္နာေၾကး ဘတ္(၁)သန္းေက်ာ္ ေပးအပ္
ေစာ (NP News) - ေအာက္တိုဘာ ၂၀
ထိုင္းႏိုင္ငံ၌ ျမန္မာအမ်ိဳးသားတစ္ဦး လုပ္ငန္းခြင္အတြင္း ေသဆုံးခဲ့ေသာေၾကာင့္ ၎၏ မိသားစုဝင္အား နစ္နာေၾကး ဘတ္ (၁)သန္းေက်ာ္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ယမန္ေန႔ (ေအာက္တိုဘာ ၁၉ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံ၊ ခြၽန္ဘူရီၿမိဳ႕ရွိ Evergrowing Resoutces Recycling Co.,Ltd တြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာ အမ်ိဳးသားတစ္ဦးသည္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ေမလ (၁၂)ရက္တြင္ လုပ္ငန္းခြင္အတြင္း ေဖာ့ကလစ္ကား တိမ္းေမွာက္၍ ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါေသဆုံးသူမွာ ေမာင္ေဇာ္လင္းထက္ျဖစ္ၿပီး ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
၎၏ က်န္ရစ္သူမိသားစုဝင္မ်ားမွ အက်ိဳးခံစားခြင့္မ်ား ရရွိႏိုင္ေရးအတြက္ အလုပ္သမားသံအရာရွိ႐ုံးမွ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ေဆာင္႐ြက္ေပးခဲ့ရာ ၎၏ မိခင္ျဖစ္သူ ေဒၚခင္ၿပဳံးအတြက္ ခ်ာခ်င္ေဆာင္ၿမိဳ႕ လူမႈဖူလုံေရး႐ုံးမွ နစ္နာေၾကးေငြ ဘတ္(၁,ဝ၁၇,၂၄၄ ဒသမ ၂၂) သန္းတိတိအား ၿပီးခဲ့သည့္ ေအာက္တိုဘာ (၄)ရက္ ႏွင့္ (၁၂)ရက္ တို႔တြင္ အသီးသီးေပးအပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ နစ္နာေၾကးေငြမ်ားကို အလုပ္သမားသံအရာရွိ႐ုံးမွ မိခင္ျဖစ္သူ ေဒၚခင္ၿပဳံး၏ လက္ထဲသို႔ ယမန္ေန႔ (ေအာက္တိုဘာ ၁၉ ရက္) တြင္ ေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္လ်က္ရွိေနသည့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ သက္ဆိုင္ရာလုပ္ငန္းခြင္၏ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စည္းကမ္းခ်က္မ်ားအား လိုက္နာေဆာင္႐ြက္ၾကရန္လည္း အလုပ္သမား သံအရာရွိ႐ုံးမွ အသိေပးတိုက္တြန္းထားသည္။