တိုင်း(၃)တိုင်းမှ PDF အဖွဲ့ဝင် (၃၆)ဦး လက်နက်များဖြင့် ဥပဒေဘောင်အတွင်း အလင်းဝင်

650

သန့်ဇင် (NP News) - အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ PDF အဖွဲ့ဝင် (၃၆)ဦး လက်နက်များဖြင့် ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ လှိုင်သာယာမြို့ နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တို့မှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ မုံရွာမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့ နယ်တွင်လည်း PDF အဖွဲ့ဝင် အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၃)ဦးတို့ အလင်းဝင်ရောက်လာကြကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအတွင်း ၎င်းတို့နှင့်အတူပါရှိလာသည့် MK-12 တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၁၂ ဗို့ကျည် (၉)တောင့်၊ လက်လုပ်ပစ္စတိုတစ်လက်နှင့် လက်လုပ်ပစ္စတို ကျည်အိမ်တစ်ခုတို့အား လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် အတင်းအဓမ္မ စုဆောင်းခံကြ ရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်တို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်းများ ဖြစ်ပေါ်လာခဲ့ ကြောင်း သိရသည်။
ထို့ပြင် ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တိုင္း(၃)တိုင္းမွ PDF အဖြဲ႕ဝင္ (၃၆)ဦး လက္နက္မ်ားျဖင့္ ဥပေဒေဘာင္အတြင္း အလင္းဝင္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမွ PDF အဖြဲ႕ဝင္ (၃၆)ဦး လက္နက္မ်ားျဖင့္ ဥပေဒေဘာင္အတြင္း အလင္းဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၂၁ ရက္) က ရန္ကုန္တိုင္းေဒသႀကီး ေမွာ္ဘီၿမိဳ႕နယ္၊ လွည္းကူးၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕ နယ္၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သုံးခြၿမိဳ႕နယ္၊ ဒလၿမိဳ႕နယ္၊ ေက်ာက္တန္းၿမိဳ႕နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး ေဝါၿမိဳ႕နယ္တို႔မွ PDF အမည္ခံအဖြဲ႕ဝင္ အမ်ိဳးသား(၁၂)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔ ဥပေဒေဘာင္အတြင္း အလင္းဝင္ေရာက္လာၾကေၾကာင္း သိရသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး ျမင္းမူၿမိဳ႕နယ္၊ မုံ႐ြာၿမိဳ႕နယ္၊ ဝန္းသိုၿမိဳ႕နယ္၊ ေ႐ႊဘိုၿမိဳ႕နယ္ႏွင့္ ကန႔္ဘလူၿမိဳ႕ နယ္တြင္လည္း PDF အဖြဲ႕ဝင္ အမ်ိဳးသား(၁၈)ဦး ႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔ အလင္းဝင္ေရာက္လာၾကေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲ ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမ ႏွင့္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ ေဇယ်ာသီရိခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားအတြင္း ၎တို႔ႏွင့္အတူပါရွိလာသည့္ MK-12 တစ္လက္၊ က်ည္အိမ္တစ္ခု၊ ၁၂ ဗို႔က်ည္ (၉)ေတာင့္၊ လက္လုပ္ပစၥတိုတစ္လက္ႏွင့္ လက္လုပ္ပစၥတို က်ည္အိမ္တစ္ခုတို႔အား လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာၾကသည့္ PDF အဖြဲ႕ဝင္မ်ားသည္ အတင္းအဓမၼ စုေဆာင္းခံၾက ရျခင္း၊ အၾကမ္းဖက္အဖြဲ႕မ်ား၏ အက်ိဳးစီးပြားအတြက္ အျပစ္မဲ့ျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၊ ဖမ္းဆီး၊ သတ္ျဖတ္ျခင္တို႔အျပင္ စစ္ေရးပစ္မွတ္မဟုတ္သည့္ အေျခခံအေဆာက္အအုံမ်ား၊ လမ္း၊ တံတားမ်ားကို မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္ေတာ့ျခင္းမ်ား ျဖစ္ေပၚလာခဲ့ ေၾကာင္း သိရသည္။
ထို႔ျပင္ ၎အဖြဲ႕မ်ားအတြင္း၌ပင္ လူမ်ိဳးေရးခြဲျခားဆက္ဆံမႈႏွင့္ အဆင့္အတန္းခြဲျခား၍ အခ်င္းခ်င္းဗိုလ္က်ႏွိပ္စက္၊ သတ္ျဖတ္ျခင္း၊ အဓမၼမႈက်ဴးလြန္ျခင္း၊ အေနအစားဆင္းရဲ၍ ပင္ပန္းဆင္းရဲစြာေနထိုင္ရျခင္းႏွင့္ တပ္မေတာ္၏ တိုက္စစ္ကိုခုခံႏိုင္ေတာ့ျခင္းမရွိဘဲ စိတ္ဓာတ္က်ဆင္းလာျခင္းတို႔အျပင္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံၿပီး ဥပေဒေဘာင္အတြင္း ၿငိမ္းခ်မ္းစြာေနထိုင္၍ ၎တို႔ေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ရသည့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ ျပန္လည္အက်ိဳးျပဳလိုျခင္းတို႔ေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။