မော်လမြိုင်မြို့မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်း၌ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စာသင်ဆောင်(၂)ဆောင်နှင့်ဓမ္မာရုံတို့ ပျက်စီး

 824

စော(NP News) - အောက်တိုဘာ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ အ.ထ.က (၉)ကျောင်း၌ ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စာသင်ဆောင်(၂)ဆောင်နှင့် ဓမ္မာရုံတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂၅ ရက်)၊ နံနက် (၃)နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အ.ထ.က (၉)ကျောင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာချမ်းသာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ဝါယာရှော့ဖြစ်တဲ့ပုံစံမျိုးလို့ ကြားတာပဲ။ အရင်တစ်ခါက စာသင်ဆောင် (၂)ဆောင်လောင်သွားလို့ အသစ်ပြန်လုပ်ထားတာ။ စာသင်ဆောင်အဟောင်း (၂)ဆောင်ကျန်တာပေါ့နော်။ အခုကျန်တဲ့အဟောင်း (၂)ဆောင်လည်း ကုန်သွားတာပဲ။ ဓမ္မရုံတစ်ခုလည်း ပါသွားတယ်ကြားတယ်”ဟု ကျန်းမာချမ်းသာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုအား မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်(၁၀၀)သက်တမ်းရှိ အ.ထ.က(၉)ကျောင်းသည် ပြီးခဲ့သည့် (ဩဂုတ် လ ၄ ရက်)၊ နံနက် အစောပိုင်းတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 4 အဆင့်ဖြင့် (၄)နာရီကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕မွ ႏွစ္(၁၀၀)ေက်ာ္သက္တမ္းရွိ အ.ထ.က (၉)ေက်ာင္း၌ ဒုတိယအႀကိမ္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ စာသင္ေဆာင္(၂)ေဆာင္ႏွင့္ဓမၼာ႐ုံတို႔ ပ်က္စီး
ေစာ(NP News) - ေအာက္တိုဘာ ၂၅

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွ ႏွစ္(၁၀၀)ေက်ာ္သက္တမ္းရွိ အ.ထ.က (၉)ေက်ာင္း၌ ဒုတိယအႀကိမ္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ စာသင္ေဆာင္(၂)ေဆာင္ႏွင့္ ဓမၼာ႐ုံတို႔ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၂၅ ရက္)၊ နံနက္ (၃)နာရီဝန္းက်င္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ပန္းပဲတန္းရပ္ကြက္ရွိ အ.ထ.က (၉)ေက်ာင္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း က်န္းမာခ်မ္းသာအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

“ဝါယာေရွာ့ျဖစ္တဲ့ပုံစံမ်ိဳးလို႔ ၾကားတာပဲ။ အရင္တစ္ခါက စာသင္ေဆာင္ (၂)ေဆာင္ေလာင္သြားလို႔ အသစ္ျပန္လုပ္ထားတာ။ စာသင္ေဆာင္အေဟာင္း (၂)ေဆာင္က်န္တာေပါ့ေနာ္။ အခုက်န္တဲ့အေဟာင္း (၂)ေဆာင္လည္း ကုန္သြားတာပဲ။ ဓမၼ႐ုံတစ္ခုလည္း ပါသြားတယ္ၾကားတယ္”ဟု က်န္းမာခ်မ္းသာအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈအား ေမာ္လၿမိဳင္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံလူမႈကူညီေရးအဖြဲ႕မ်ားမွ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ (၅)နာရီဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္မႈျဖစ္ပြားရသည့္ အေၾကာင္းအရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားကို သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ႏွစ္(၁၀၀)သက္တမ္းရွိ အ.ထ.က(၉)ေက်ာင္းသည္ ၿပီးခဲ့သည့္ (ဩဂုတ္ လ ၄ ရက္)၊ နံနက္ အေစာပိုင္းတြင္လည္း မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး Level 4 အဆင့္ျဖင့္ (၄)နာရီၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.