ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လမ်းပေါ်မှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လည်လှီးသတ်ဖြတ်

 1584

ရောင်နီ (NP News) - စက်တင်ဘာ ၂

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အနောက်ဘက်ရှိ လမ်းပေါ်မှာ အမျိုးသားတစ်ဦးရဲ့ လည်လှီးသတ်ဖြတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှု စက်တင်ဘာ ၁ ရက်က ဖြစ်ခဲ့ပါတယ်။
တိုကျိုမြို့၊ ဆယ်တာဂါရာ ရပ်ကွက်၊ Toyoko Line၊ ကိုမာဇာဝါဒိုင်ဂါကူ ဘူတာမှ အရှေ့မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှာ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဖြစ်အပျက်ကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသမီးကို ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ပထမ ဆေးရုံ ပို့ဆောင်ခဲ့ပေမယ့် မကြာမီ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူနဲ့ သံသယရှိသူ ဘယ်လိုပတ်သတ် ဆက်နွယ်မှု ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။
သံသယရှိသူဟာ အခင်းဖြစ်ပွားရာနေရာမှ ပြေးထွက်တိမ်းရှောင်သွားခဲ့ပြီး ၎င်းကိုမြင်တွေ့လိုက်တဲ့ မျက်မြင်သက်သေကနေတဆင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ လမ္းေပၚမွာ အမ်ိဳးသားတစ္ဦးက အမ်ိဳးသမီးတစ္ဦးကို လည္လွီးသတ္ျဖတ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ အေနာက္ဘက္ရွိ လမ္းေပၚမွာ အမ်ိဳးသားတစ္ဦးရဲ႕ လည္လွီးသတ္ျဖတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့မႈ စက္တင္ဘာ ၁ ရက္က ျဖစ္ခဲ့ပါတယ္။
တိုက်ိဳၿမိဳ႕၊ ဆယ္တာဂါရာ ရပ္ကြက္၊ Toyoko Line၊ ကိုမာဇာဝါဒိုင္ဂါကူ ဘူတာမွ အေရွ႕ေျမာက္ဘက္ မီတာ ၅၀၀ ခန႔္အကြာမွာ စက္တင္ဘာ ၁ ရက္ မြန္းလြဲ ၁ နာရီ ၃၅ မိနစ္ခန႔္က အခင္းျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အျဖစ္အပ်က္ေၾကာင့္ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ အမ်ိဳးသမီးကို ျပင္းထန္တဲ့ ဒဏ္ရာေၾကာင့္ ပထမ ေဆး႐ုံ ပို႔ေဆာင္ခဲ့ေပမယ့္ မၾကာမီ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ေသဆုံးသူနဲ႔ သံသယရွိသူ ဘယ္လိုပတ္သတ္ ဆက္ႏြယ္မႈ ရွိတယ္ဆိုတာေတာ့ မသိရေသးပါဘူး။
သံသယရွိသူဟာ အခင္းျဖစ္ပြားရာေနရာမွ ေျပးထြက္တိမ္းေရွာင္သြားခဲ့ၿပီး ၎ကိုျမင္ေတြ႕လိုက္တဲ့ မ်က္ျမင္သက္ေသကေနတဆင့္ ရဲတပ္ဖြဲ႕က လိုက္လံရွာေဖြေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.