မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်မည့် Myanmar CDC ၌ နည်းပညာများပြန်လည်အသုံးချမည့်သင်တန်းအား တရုတ်နိုင်ငံ၌ဖွင့်လှစ်ရာ မြန်မာနိုင်ငံမှ (၃၃)ဦးတက်ရောက်

 1012

ကျော် (NP News) - နိုဝင်ဘာ ၂

မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်မည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့်လေ့ကျင့်ရေးဗဟိုဌာန (Myanmar CDC) တွင် နည်းပညာများပြန်လည်အသုံးချမည့် သင်တန်းအား တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ရှိ ကျန်စုကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

သင်တန်းအား နိုဝင်ဘာလ ၂ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်(၄)ဦး၊ ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ပညာရှင်(၂၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဓာတ်ခွဲခန်းနှင့်ပတ်သက်သော ကူးစက်ရောဂါများကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာနည်းပညာရပ်များအား လေ့လာသင်ကြားနိုင်မည်ဖြစ်ကာ နိုင်ငံတကာမှပညာရှင်များနှင့်လည်း အတွေ့အကြုံကောင်းများဖလှယ်နိုင်ခြင်း၊ မြန်မာနိုင်ငံမှ ဓာတ်ခွဲခန်းဆိုင်ရာပညာရှင်များကို နည်းပညာများပြန်လည်မျှဝေပေးနိုင်ခြင်းများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဖွင့်လှစ်မည့် ကူးစက်ရောဂါများကာကွယ်ထိန်းချုပ်ရေးနှင့်လေ့ကျင့်ရေးဗဟိုဌာနတွင် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ ကပ်ပါးရောဂါဌာနခွဲ နှင့် ဓာတ်ခွဲဌာနခွဲများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ တုပ်ကွေးရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဘက်တီးရီးယားရောဂါ နှင့် ကပ်ပါးရောဂါများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဓာတ်ခွဲစစ်ဆေးခြင်း၊ လုပ်ငန်းခွင်နှင့် ဓာတုဗေဒအဆိပ်သင့်မှုဆိုင်ရာဓာတ်ခွဲစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Myanmar CDC ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိပြီး ယွမ်သန်း (၄ဝဝ)ခန့် တန်ဖိုးရှိသည့် နိုင်ငံတကာအဆင့်မီစီမံကိန်းတစ်ခုလည်းဖြစ်သည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ပထမဆုံးဖြင့္လွစ္မည့္ Myanmar CDC ၌ နည္းပညာမ်ားျပန္လည္အသုံးခ်မည့္သင္တန္းအား တ႐ုတ္ႏိုင္ငံ၌ဖြင့္လွစ္ရာ ျမန္မာႏိုင္ငံမွ (၃၃)ဦးတက္ေရာက္

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂

ျမန္မာႏိုင္ငံတြင္ ပထမဆုံးဖြင့္လွစ္မည့္ ကူးစက္ေရာဂါမ်ား ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ေလ့က်င့္ေရးဗဟိုဌာန (Myanmar CDC) တြင္ နည္းပညာမ်ားျပန္လည္အသုံးခ်မည့္ သင္တန္းအား တ႐ုတ္ႏိုင္ငံ၊ နန္က်င္းၿမိဳ႕ရွိ က်န္စုကူးစက္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဌာနတြင္ ဖြင့္လွစ္ပို႔ခ်လ်က္ရွိေၾကာင္း သိရသည္။

သင္တန္းအား ႏိုဝင္ဘာလ ၂ ရက္မွ ဒီဇင္ဘာလ ၃၁ ရက္အထိ ဖြင့္လွစ္သင္ၾကား‌ေပးသြားမည္ျဖစ္ရာ ျမန္မာႏိုင္ငံ၊ က်န္းမာေရးဝန္ႀကီးဌာနမွ အထူးကုဆရာဝန္(၄)ဦး၊ ဓာတ္ခြဲခန္းဆိုင္ရာကြၽမ္းက်င္ပညာရွင္(၂၉)ဦး တက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

သင္တန္းတြင္ ဓာတ္ခြဲခန္းႏွင့္ပတ္သက္ေသာ ကူးစက္ေရာဂါမ်ားကာကြယ္ေရးႏွင့္ထိန္းခ်ဳပ္ေရးဆိုင္ရာနည္းပညာရပ္မ်ားအား ေလ့လာသင္ၾကားႏိုင္မည္ျဖစ္ကာ ႏိုင္ငံတကာမွပညာရွင္မ်ားႏွင့္လည္း အေတြ႕အႀကဳံေကာင္းမ်ားဖလွယ္ႏိုင္ျခင္း၊ ျမန္မာႏိုင္ငံမွ ဓာတ္ခြဲခန္းဆိုင္ရာပညာရွင္မ်ားကို နည္းပညာမ်ားျပန္လည္မွ်ေဝေပးႏိုင္ျခင္းမ်ားျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ဖြင့္လွစ္မည့္ ကူးစက္ေရာဂါမ်ားကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ေလ့က်င့္ေရးဗဟိုဌာနတြင္ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ၊ ေရာဂါႏွိမ္နင္းေရးဌာနခြဲ၊ ကပ္ပါးေရာဂါဌာနခြဲ ႏွင့္ ဓာတ္ခြဲဌာနခြဲမ်ားပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ တုပ္ေကြးေရာဂါ၊ ဗိုင္းရပ္စ္ေရာဂါ၊ ဘက္တီးရီးယားေရာဂါ ႏွင့္ ကပ္ပါးေရာဂါမ်ားကို ဓာတ္ခြဲစစ္ေဆးျခင္း၊ အစားအေသာက္ေဘးကင္းလုံၿခဳံေရးဆိုင္ရာ ဓာတ္ခြဲစစ္ေဆးျခင္း၊ လုပ္ငန္းခြင္ႏွင့္ ဓာတုေဗဒအဆိပ္သင့္မႈဆိုင္ရာဓာတ္ခြဲစစ္ေဆးျခင္းမ်ားကိုလည္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ Myanmar CDC ကို ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ေဆာက္လ်က္ရွိၿပီး ယြမ္သန္း (၄ဝဝ)ခန႔္ တန္ဖိုးရွိသည့္ ႏိုင္ငံတကာအဆင့္မီစီမံကိန္းတစ္ခုလည္းျဖစ္သည္။

Related news

© 2021. All rights reserved.