MoU လုပ်သားများသက်တမ်းပြည့်ပါက Over- Stay စာရင်းမဝင်စေရန် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရမည်

2721
ကျော်(NP News) - နိုဝင်ဘာ ၃
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် MoU သက်တမ်းပြည့်ပါက Over-Stay စာရင်းမဝင်စေရေးအတွက် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့က အသိပေးထားသည်။
မြန်မာ MoU အလုပ်သမားအချို့သည် MoU သက်တမ်းပြည့်ပြီးချိန်၌ နယ်စပ်ဂိတ်/စခန်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းမပြု၍ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်သူ(Over-Stay)စာရင်းဝင်သွားခဲ့ကြောင်း မြန်မာသံရုံး၏ အသိပေးချက်အရ သိရသည်။
Over-Stay စာရင်းဝင်သွားသည့် မြန်မာနိုင်ငံသားများသည် စစ်ဆေးချိန်၌ Over-Stay ဖြစ်ကြောင်းတွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရခြင်း၊ အရေးယူခြင်း၊ ဝင်ခွင့်ကန့်သတ်ခြင်းများ ကြုံတွေ့ရနိုင်သည်ဟု အသိပေးထားသည်။
ထို့ကြောင့် မြန်မာ MoU အလုပ်သမားများအနေဖြင့် သက်တမ်းပြည့်ပါက သတ်မှတ်နယ်စပ်ဂိတ်/စခန်းများမှ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရန် နှင့် နိုင်ငံကူးလက်မှတ်တွင် ထိုင်းနိုင်ငံ၏ အထွက်တံဆိပ်တုံးရိုက်နှိပ်ရန်လည်း မြန်မာသံရုံးက အသိပေးထားသည်။
MoU သက်တမ်းပြည့်ပြီးသည့် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံသို့ပြည်လည်ဝင်ရောက်ချိန်၌ နှစ်နိုင်ငံနယ်စပ်ဂိတ်/စခန်းများအား ဖြတ်သန်းချိန်တွင် နိုင်ငံကူးလက်မှတ်၌ အထွက်/အဝင် တံဆိပ်တုံးများကို နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအဖွဲ့များမှ ရိုက်နှိပ်ခြင်း၊စာရင်းပယ်ဖျက်ခြင်းများပြုလုပ်ကြကြောင်း သိရသည်။

zawgyi version
MoU လုပ္သားမ်ားသက္တမ္းျပည့္ပါက Over- Stay စာရင္းမဝင္ေစရန္ ျမန္မာႏိုင္ငံသို႔ျပန္လည္ထြက္ခြာရမည္
ေက်ာ္(NP News) - ႏိုဝင္ဘာ ၃
ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္လာေရာက္အလုပ္လုပ္ကိုင္ေနေသာ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ MoU သက္တမ္းျပည့္ပါက Over-Stay စာရင္းမဝင္ေစေရးအတြက္ ျမန္မာႏိုင္ငံသို႔ျပန္လည္ထြက္ခြာၾကရန္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၊ ဘန္ေကာက္ၿမိဳ႕က အသိေပးထားသည္။
ျမန္မာ MoU အလုပ္သမားအခ်ိဳ႕သည္ MoU သက္တမ္းျပည့္ၿပီးခ်ိန္၌ နယ္စပ္ဂိတ္/စခန္းမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္ျခင္းမျပဳ၍ ထိုင္းႏိုင္ငံအတြင္း ေနထိုင္ခြင့္သက္တမ္းေက်ာ္လြန္ေနထိုင္သူ(Over-Stay)စာရင္းဝင္သြားခဲ့ေၾကာင္း ျမန္မာသံ႐ုံး၏ အသိေပးခ်က္အရ သိရသည္။
Over-Stay စာရင္းဝင္သြားသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ စစ္ေဆးခ်ိန္၌ Over-Stay ျဖစ္ေၾကာင္းေတြ႕ရွိပါက ဒဏ္ေငြေပးေဆာင္ရျခင္း၊ အေရးယူျခင္း၊ ဝင္ခြင့္ကန႔္သတ္ျခင္းမ်ား ႀကဳံေတြ႕ရႏိုင္သည္ဟု အသိေပးထားသည္။
ထို႔ေၾကာင့္ ျမန္မာ MoU အလုပ္သမားမ်ားအေနျဖင့္ သက္တမ္းျပည့္ပါက သတ္မွတ္နယ္စပ္ဂိတ္/စခန္းမ်ားမွ ျမန္မာႏိုင္ငံသို႔ျပန္လည္ထြက္ခြာရန္ ႏွင့္ ႏိုင္ငံကူးလက္မွတ္တြင္ ထိုင္းႏိုင္ငံ၏ အထြက္တံဆိပ္တုံး႐ိုက္ႏွိပ္ရန္လည္း ျမန္မာသံ႐ုံးက အသိေပးထားသည္။
MoU သက္တမ္းျပည့္ၿပီးသည့္ ျမန္မာအလုပ္သမားမ်ားသည္ ျမန္မာႏိုင္ငံသို႔ျပည္လည္ဝင္ေရာက္ခ်ိန္၌ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္/စခန္းမ်ားအား ျဖတ္သန္းခ်ိန္တြင္ ႏိုင္ငံကူးလက္မွတ္၌ အထြက္/အဝင္ တံဆိပ္တုံးမ်ားကို ႏွစ္ႏိုင္ငံလူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕မ်ားမွ ႐ိုက္ႏွိပ္ျခင္း၊စာရင္းပယ္ဖ်က္ျခင္းမ်ားျပဳလုပ္ၾကေၾကာင္း သိရသည္။