မြစ်ကြီးနားမြို့၌ Light Truck ကားကို (၆)ဘီးကားက ဝင်တိုက်၊ (၂)ဦး ထိခိုက်ဒဏ်ရာရ

 1029

သန့်ဇင် (NP News) - နိုဝင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Light truck ကားကို (၆)ဘီးကားမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(နိုဝင်ဘာလ ၅ ရက်)၊ နံနက် ၁၁ နာရီခန့်က မြစ်ကြီးနားမြို့၊ ခေမာသီရိလမ်းသွယ် ၁၃ ထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အတိုက်ခံရတဲ့ ကားက Light Truck ကားပါ။ တိုက်တဲ့ကားက သဲကျောက်တင်တဲ့ (၆)ဘီးကားပေါ့။ Light Truck ကားကလမ်းကြားထဲက ထွက်လာပြီး လမ်းမပေါ်ရောက်နေချိန် (၆)ဘီးကားက တိုက်ပြီး မောင်းပြေးသွားတယ်။ သို့သော် ပတ်ဝန်းကျင်ကလူတွေက လိုက်ဖမ်းပေးခဲ့တဲ့အတွက် သူ့ကို နောင်ခမ်းရှမ်းရွာနားမှာ ဖမ်းမိခဲ့တယ်” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယာဉ်တိုက်မှုတွင် Light Truck ကားပေါ်လိုက်ပါလာသည့် အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး Light Truck ကားခေါင်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“အမျိုးသမီးကတော့ ခေါင်းပေါက်ပြဲသွားတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာက သိပ်ကြီးကြီးမားမားတော့ မရှိပါဘူး။ Light Truck ကားတော့ ခေါင်းရောကိုယ်ထည်ပါ ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိခိုက်ဒဏ်ရရှိသူ(၂)ဦးအား မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
ျမစ္ႀကီးနားၿမိဳ႕၌ Light Truck ကားကို (၆)ဘီးကားက ဝင္တိုက္၊ (၂)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၅

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ Light truck ကားကို (၆)ဘီးကားမွ ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ႏိုဝင္ဘာလ ၅ ရက္)၊ နံနက္ ၁၁ နာရီခန႔္က ျမစ္ႀကီးနားၿမိဳ႕၊ ေခမာသီရိလမ္းသြယ္ ၁၃ ထိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“အတိုက္ခံရတဲ့ ကားက Light Truck ကားပါ။ တိုက္တဲ့ကားက သဲေက်ာက္တင္တဲ့ (၆)ဘီးကားေပါ့။ Light Truck ကားကလမ္းၾကားထဲက ထြက္လာၿပီး လမ္းမေပၚေရာက္ေနခ်ိန္ (၆)ဘီးကားက တိုက္ၿပီး ေမာင္းေျပးသြားတယ္။ သို႔ေသာ္ ပတ္ဝန္းက်င္ကလူေတြက လိုက္ဖမ္းေပးခဲ့တဲ့အတြက္ သူ႔ကို ေနာင္ခမ္းရွမ္း႐ြာနားမွာ ဖမ္းမိခဲ့တယ္” ဟု မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယာဥ္တိုက္မႈတြင္ Light Truck ကားေပၚလိုက္ပါလာသည့္ အသက္(၂၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး Light Truck ကားေခါင္းတစ္ခုလုံးနီးပါး ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“အမ်ိဳးသမီးကေတာ့ ေခါင္းေပါက္ၿပဲသြားတယ္။ ယာဥ္ေမာင္းကေတာ့ ထိခိုက္ဒဏ္ရာက သိပ္ႀကီးႀကီးမားမားေတာ့ မရွိပါဘူး။ Light Truck ကားေတာ့ ေခါင္းေရာကိုယ္ထည္ပါ ပ်က္စီးသြားတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ထိခိုက္ဒဏ္ရရွိသူ(၂)ဦးအား မ်ိဳးဆက္သစ္လူမႈကယ္ဆယ္ေရးအသင္းမွ ျမစ္ႀကီးနားၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.