နေပြည်တော်တွင် လျှပ်စစ်ကြေး၊ ဒန်ကြိုး ပိဿချိန် (၆၀၀)ကျော်နှင့်အတူတွေ့ရှိရသော လူ(၈)ဦးကို ဖမ်းဆီးအရေးယူထား

 848

သန့်ဇင်(NP News)-စက်တင်ဘာ ၁
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများတွင် တပ်ဆင်၊ အသုံးပြုသော လျှပ်စစ်ကြေး ၊ ဒန်ကြိုး ပိဿချိန် (၆၀၀)ကျော်နှင့်အတူ လူ(၈)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၃၁ရက်) နံနက် (၁၀) နာရီခွဲက ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ ရွှေနှင်းဆီ (၁) လမ်းရှိ “ဝင်းမဟာ” အဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အထက်ပါ ဆိုင်ရှေ့တွင် ကုန်တင်ယာဉ်တစ်စီးရပ်တန့်ထားပြီး ပစ္စည်းများ တင်ဆောင်နေသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်ပိုင်ရှင်ဖြစ်သည့် အဆိုပါရပ်ကွက်နေ ကျော်လွင် (ခ) ဦးကျော် (၄၉) နှစ်၊ တစ်ရပ်ကွက်တည်း နေသူများဖြစ်ကြသည့် ဒေါ်ညွန့်ညွန့် (၅၁) နှစ်၊ အလုပ်သမားများဖြစ်သော ဖိုးချစ်သဲ (ခ) ချက်ကြီး (၂၂) နှစ်၊ မျိုးမင်းထက် (ခ) ဝတုတ် (၃၀) နှစ်၊ ရဲအောင် (၃၆) နှစ်၊ တင်လှိုင် (၄၀) နှစ်၊ မြစ်သားမြို့နယ် ကသဲကုန်းရွာနေ စိုင်းဘဦး (ခ) ရှမ်းလေး (၃၉) နှစ်နှင့် အောင်ချမ်းသာရွာနေ မျိုးဇော်ဝင်း (၂၅) နှစ် တို့ကို လျှပ်စစ်မီးတိုင်များနှင့် ထရန်စဖော်မာများတွင် အသုံးပြုသည့် လျှပ်စစ်ကြေးကြိုး၊ ဒန်ကြိုး စုစုပေါင်းအလေးချိန် (၆၁၅) ပိဿာ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ (၈)ဦးအား ဒက္ခိဏသီရိ မြို့မရဲစခန်း (ပ) ၄၆/၂၀၂၅ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ လွ်ပ္စစ္ေၾကး၊ ဒန္ႀကိဳး ပိႆခ်ိန္ (၆၀၀)ေက်ာ္ႏွင့္အတူေတြ႕ရွိရေသာ လူ(၈)ဦးကို ဖမ္းဆီးအေရးယူထား
သန႔္ဇင္(NP News)-စက္တင္ဘာ ၁
ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ လွ်ပ္စစ္မီးတိုင္မ်ားႏွင့္ ထရန္စေဖာ္မာမ်ားတြင္ တပ္ဆင္၊ အသုံးျပဳေသာ လွ်ပ္စစ္ေၾကး ၊ ဒန္ႀကိဳး ပိႆခ်ိန္ (၆၀၀)ေက်ာ္ႏွင့္အတူ လူ(၈)ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးေကာင္စီ၏ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔ (ဩဂုတ္လ ၃၁ရက္) နံနက္ (၁၀) နာရီခြဲက ဒကၡိဏသီရိၿမိဳ႕နယ္၊ ဒကၡိဏသီရိရပ္ကြက္၊ ေ႐ႊႏွင္းဆီ (၁) လမ္းရွိ “ဝင္းမဟာ” အေဟာင္းပစၥည္း ေရာင္းဝယ္ေရးဆိုင္ေရွ႕တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒကၡိဏသီရိၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က နယ္ေျမအတြင္း လွည့္ကင္းေဆာင္႐ြက္ေနစဥ္ အထက္ပါ ဆိုင္ေရွ႕တြင္ ကုန္တင္ယာဥ္တစ္စီးရပ္တန႔္ထားၿပီး ပစၥည္းမ်ား တင္ေဆာင္ေနသည္ကို မသကၤာဖြယ္ေတြ႕ရွိသျဖင့္ ဝင္ေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆိုင္ပိုင္ရွင္ျဖစ္သည့္ အဆိုပါရပ္ကြက္ေန ေက်ာ္လြင္ (ခ) ဦးေက်ာ္ (၄၉) ႏွစ္၊ တစ္ရပ္ကြက္တည္း ေနသူမ်ားျဖစ္ၾကသည့္ ေဒၚၫြန႔္ၫြန႔္ (၅၁) ႏွစ္၊ အလုပ္သမားမ်ားျဖစ္ေသာ ဖိုးခ်စ္သဲ (ခ) ခ်က္ႀကီး (၂၂) ႏွစ္၊ မ်ိဳးမင္းထက္ (ခ) ဝတုတ္ (၃၀) ႏွစ္၊ ရဲေအာင္ (၃၆) ႏွစ္၊ တင္လႈိင္ (၄၀) ႏွစ္၊ ျမစ္သားၿမိဳ႕နယ္ ကသဲကုန္း႐ြာေန စိုင္းဘဦး (ခ) ရွမ္းေလး (၃၉) ႏွစ္ႏွင့္ ေအာင္ခ်မ္းသာ႐ြာေန မ်ိဳးေဇာ္ဝင္း (၂၅) ႏွစ္ တို႔ကို လွ်ပ္စစ္မီးတိုင္မ်ားႏွင့္ ထရန္စေဖာ္မာမ်ားတြင္ အသုံးျပဳသည့္ လွ်ပ္စစ္ေၾကးႀကိဳး၊ ဒန္ႀကိဳး စုစုေပါင္းအေလးခ်ိန္ (၆၁၅) ပိႆာ ႏွင့္အတူ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔ (၈)ဦးအား ဒကၡိဏသီရိ ၿမိဳ႕မရဲစခန္း (ပ) ၄၆/၂၀၂၅ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒပုဒ္မ ၆ (၁) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.