အခြေခံပညာကျောင်းအချို့ပိတ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ဟု နစကပြောခွင့်ရဆို

1136
ကျော် (NP News) - နိုဝင်ဘာ ၂၁
လတ်တလောထွက်ပေါ်နေသည့် အခြေခံပညာကျောင်းအချို့ပိတ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထွက်ပေါ်နေသည့် ကောလာဟလသတင်းများ၊ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ထပ်မံလွှဲပြောင်းပေးမှု၊ တိုက်ပွဲဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယမန်နေ့ (နိုဝင်ဘာလ ၂ဝ ရက်)က မီဒီယာများအား ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထုတ်လွှင့်နေတာကိုတွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးထုတ်လွှင့်နေကြပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထိုသို့ အခြေခံပညာကျောင်းများပိတ်မည်ဟု သတင်းထွက်ပေါ်နေမှုများသည် ကောလာဟလသာဖြစ်ပြီး မည်သည့် အခြေခံပညာကျောင်းမှ ပိတ်ထားခြင်းမရှိဟု ပြောသည်။
"ဘယ်ကျောင်းမှပိတ်ထားတာမရှိပါဘူး။ ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်သွားမှာပါ။ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် တက္ကသိုလ်၊ ကောလိပ်များကိုလည်း နိုဝင်ဘာလ ၂၃ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိသည်ဟု ပြောသည်။
"တက္ကသိုလ်၊ ကောလိပ်တွေ ကျောင်းအပ်လက်ခံရာမှာလည်း အရင်နှစ်ကထက်ပိုပြီး လက်ခံရရှိတာကိုတွေ့ရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဝေးသင်တက္ကသိုလ်စာမေးပွဲများဖြေဆိုရာတွင် လုံခြုံရေးအခြေအနေအရ လွိုင်ကော်မြို့နှင့်ကသာမြို့တို့တွင်သာ နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ စာမေးပွဲဖြေဆိုမှုကို ယာယီဆိုင်းငံ့ထားခဲ့ကာ ပြန်လည်ဖြေဆိုမှုများပြုလုပ်ပေးသွားမည်ဟု ၎င်းကပြောသည်။
ယင်းသို့ ကောလာဟလသတင်းများထုတ်လွှင့်မှုသည် နိုင်ငံတော်၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများကို ထိခိုက်ပျက်စီးစေလို၍ ထုတ်လွှင့်နေကြခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

zawgyi version
အေျခခံပညာေက်ာင္းအခ်ိဳ႕ပိတ္မည္ဆိုျခင္းမွာ ေကာလာဟလသာျဖစ္ဟု နစကေျပာခြင့္ရဆို
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၁
လတ္တေလာထြက္ေပၚေနသည့္ အေျခခံပညာေက်ာင္းအခ်ိဳ႕ပိတ္မည္ဆိုျခင္းမွာ ေကာလာဟလသာျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထြက္ေပၚေနသည့္ ေကာလာဟလသတင္းမ်ား၊ တရားမဝင္ ဝင္ေရာက္လာေသာ တ႐ုတ္ႏိုင္ငံသားမ်ားအား တ႐ုတ္ႏိုင္ငံသို႔ထပ္မံလႊဲေျပာင္းေပးမႈ၊ တိုက္ပြဲျဖစ္ပြားေနမႈမ်ားႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းမွ ယမန္ေန႔ (ႏိုဝင္ဘာလ ၂ဝ ရက္)က မီဒီယာမ်ားအား ရွင္းလင္းေျပာၾကားရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
"ဒီေန႔မွာေတာ့ အေျခခံပညာေက်ာင္းေတြနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထုတ္လႊင့္ေနတာကိုေတြ႕ရပါတယ္။ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ အေျခခံပညာေက်ာင္းေတြပိတ္ရမယ့္ အေျခအေနရွိတယ္၊ ေက်ာင္းပိတ္မယ္ဆိုတာမ်ိဳးထုတ္လႊင့္ေနၾကပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထိုသို႔ အေျခခံပညာေက်ာင္းမ်ားပိတ္မည္ဟု သတင္းထြက္ေပၚေနမႈမ်ားသည္ ေကာလာဟလသာျဖစ္ၿပီး မည္သည့္ အေျခခံပညာေက်ာင္းမွ ပိတ္ထားျခင္းမရွိဟု ေျပာသည္။
"ဘယ္ေက်ာင္းမွပိတ္ထားတာမရွိပါဘူး။ ပုံမွန္အတိုင္းဆက္လက္ဖြင့္လွစ္သြားမွာပါ။ ေက်ာင္းသား၊ေက်ာင္းသူေတြအေနနဲ႔ စိတ္ေအးခ်မ္းသာစြာ ဆက္လက္ပညာသင္ၾကားၾကဖို႔ ေျပာၾကားလိုပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ တကၠသိုလ္၊ ေကာလိပ္မ်ားကိုလည္း ႏိုဝင္ဘာလ ၂၃ ရက္တြင္ ျပန္လည္ဖြင့္လွစ္မည္ျဖစ္ကာ ႏိုဝင္ဘာလ ၁၆ ရက္မွစတင္၍ ေက်ာင္းအပ္လက္ခံေပးလ်က္ရွိသည္ဟု ေျပာသည္။
"တကၠသိုလ္၊ ေကာလိပ္ေတြ ေက်ာင္းအပ္လက္ခံရာမွာလည္း အရင္ႏွစ္ကထက္ပိုၿပီး လက္ခံရရွိတာကိုေတြ႕ရပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
အေဝးသင္တကၠသိုလ္စာေမးပြဲမ်ားေျဖဆိုရာတြင္ လုံၿခဳံေရးအေျခအေနအရ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ကသာၿမိဳ႕တို႔တြင္သာ ႏိုဝင္ဘာလ ၁၃ ရက္မွစတင္၍ စာေမးပြဲေျဖဆိုမႈကို ယာယီဆိုင္းငံ့ထားခဲ့ကာ ျပန္လည္ေျဖဆိုမႈမ်ားျပဳလုပ္ေပးသြားမည္ဟု ၎ကေျပာသည္။
ယင္းသို႔ ေကာလာဟလသတင္းမ်ားထုတ္လႊင့္မႈသည္ ႏိုင္ငံေတာ္၏ လူမႈေရးက႑၊ စီးပြားေရးက႑မ်ားကို ထိခိုက္ပ်က္စီးေစလို၍ ထုတ္လႊင့္ေနၾကျခင္းျဖစ္သည္ဟုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။