ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားကို ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

327

Pika (NP News) - ဇူလိုင် ၁၆
ရက်ပေါင်း(၅၀)အတွင်း ယူကရိန်းပဋိပက္ခကို အဆုံးသတ်ဖို့ သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် ရုရှားရဲ့ ကုန်သွယ်ဖက်တွေအပေါ် (၁၀၀)ရာခိုင်နှုန်းအထိ ပြင်းထန်တဲ့အခွန်စည်းကြပ်မှုတွေကို ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး မာ့ခ်ရူတီနဲ့တွေ့ဆုံစဉ်အချိန်အတွင်း အဲဒီသတိပေးချက် ကို ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က”လာမယ့်ရက်ပေါင်း(၅ဝ)အတွင်း သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် အလွန်ဆိုးရွားတဲ့အခွန်စည်းကြပ်မှုတွေကို ကျွန်တော်တို့ချမှတ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားအပေါ် ပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မယ့် အမေရိကန်လွှတ်တော်ရဲ့ ဥပဒေမူကြမ်း အကြောင်းကိုလည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်က “အဲဒီဥပဒေမူကြမ်းကို ကျွန်တော်တို့မလိုအပ်ဘူးဆိုတာ မသေချာပါဘူး။ ပြီးတော့ အဲဒါက ကျွန်တော်တို့အတွက် အသုံးဝင်လာနိုင်ပါ တယ်” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းကို နောက်ထပ်ပက်ထရီယော့ဒုံးကျည်တွေ ကူညီပံ့ပိုးပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြု ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုခြိမ်းခြောက်ပြောဆိုမှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ႐ုရွားကို ေဒၚနယ္ထရမ့္ ၿခိမ္းေျခာက္
Pika (NP News) - ဇူလိုင္ ၁၆
ရက္ေပါင္း(၅၀)အတြင္း ယူကရိန္းပဋိပကၡကို အဆုံးသတ္ဖို႔ သေဘာတူညီခ်က္မရရွိခဲ့ဘူးဆိုရင္ ႐ုရွားရဲ႕ ကုန္သြယ္ဖက္ေတြအေပၚ (၁၀၀)ရာခိုင္ႏႈန္းအထိ ျပင္းထန္တဲ့အခြန္စည္းၾကပ္မႈေတြကို ခ်မွတ္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ေနတိုးအဖြဲ႕ အေထြေထြအတြင္းေရးမႉး မာ့ခ္႐ူတီနဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အဲဒီသတိေပးခ်က္ ကို ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က”လာမယ့္ရက္ေပါင္း(၅ဝ)အတြင္း သေဘာတူညီခ်က္မရရွိခဲ့ဘူးဆိုရင္ အလြန္ဆိုး႐ြားတဲ့အခြန္စည္းၾကပ္မႈေတြကို ကြၽန္ေတာ္တို႔ခ်မွတ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားအေပၚ ျပင္းထန္တဲ့ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္မယ့္ အေမရိကန္လႊတ္ေတာ္ရဲ႕ ဥပေဒမူၾကမ္း အေၾကာင္းကိုလည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္က “အဲဒီဥပေဒမူၾကမ္းကို ကြၽန္ေတာ္တို႔မလိုအပ္ဘူးဆိုတာ မေသခ်ာပါဘူး။ ၿပီးေတာ့ အဲဒါက ကြၽန္ေတာ္တို႔အတြက္ အသုံးဝင္လာႏိုင္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းကို ေနာက္ထပ္ပက္ထရီေယာ့ဒုံးက်ည္ေတြ ကူညီပံ့ပိုးေပးသြားမယ္လို႔ ေဒၚနယ္ထရမ့္က အတည္ျပဳ ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။