အစ္စရေးအတွက် သူလျိုလုပ်ပေးတဲ့ အမျိုးသားနှစ်ဦးကို ပါလက်စတိုင်းလူအုပ်ကြီး ကွပ်မျက်

 4580

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆

ပါလက်စတိုင်းလက်နက်ကိုင်အုပ်စုတွေဟာ အနောက်ဘက်ကမ်းခြေမှာ အမျိုးသားနှစ်ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

ပါလက်စတိုင်းအုပ်စုတွေဟာ အဆိုပါ အမျိုးသားနှစ်ဦးကို အစ္စရေးနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အစ္စရေးအတွက် သူလျိုလုပ်ပေးနေတယ်လို့ စွပ်စွဲကာ အနောက်ဘက်ကမ်းခြေရှိ Tulkarem မြို့မှာကွပ်မျက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသားနှစ်ဦးကို ကွပ်မျက်တဲ့ရုပ်သံဖိုင်ကိုဖော်ပြခဲ့ရာ ပါလက်စတိုင်းလူအုပ်ကြီးဟာ ကွပ်မျက်ခံရသူနှစ်ဦးကို အော်ဟစ်ဆဲဆိုတာမျိုးတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းဒေသခံတွေဟာ ဒုက္ခသည်စခန်းရှိ ကုလသမဂ္ဂကျောင်းရဲ့နံရံမှာ အဆိုပါအမျိုးသားနှစ်ဦးကို ကွပ်မျက် ခဲ့တာဖြစ်ပြီး ၎င်းနှစ်ဦးရဲ့ခြေဖဝါးကို သံဇူးကြိုးနဲ့ချိတ်ဆွဲကာ ကွပ်မျက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။ ရုပ်သံဖိုင် ထဲမှာ လူအုပ်စုကြီးဟာ ကွပ်မျက်ခဲ့တဲ့ ပါလက်စတိုင်းလူမျိုး အမျိုးသားနှစ်ဦးကို သစ္စာဖောက်ဆိုတဲ့ အသုံးအနှုန်း တွေ၊ အလာဟူအက်ဘာဆိုတဲ့ စကားလုံးတွေကို ကြွေးကြော်ခဲ့ကြောင်း သိရပါတယ်။

ကွပ်မျက်ခံရသူနှစ်ဦးဟာ အသက် ၃၁ နှစ်အရွယ်ရှိ Hamza Mubarak ဆိုသူနဲ့ အသက် ၂၉ နှစ်အရွယ်ရှိ Azam Juabra ဆိုသူတို့ဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးဟာ အစ္စရေးကို မကြာခဏဆိုသလို အကြမ်းဖက်မှု စစ်ဆင်ရေးနဲ့ပတ်သက်ပြီး သတင်းများပေးခဲ့ ကြောင်း စွပ်စွဲခံခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ဟာ အောက်တိုဘာ ၇ ရက်က စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးဟာ ဂါဇာဒေသကိုမြေပြင်ထိုးစစ်ဆင်နွှဲနေကာ လက်ရှိအချိန်မှာ ယာယီအပစ်ခတ်ရပ်စဲ ထားကြောင်း ဆိုပါတယ်။

Zawgyi Version;
အစၥေရးအတြက္ သူလ်ိဳလုပ္ေပးတဲ့ အမ်ိဳးသားႏွစ္ဦးကို ပါလက္စတိုင္းလူအုပ္ႀကီး ကြပ္မ်က္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆

ပါလက္စတိုင္းလက္နက္ကိုင္အုပ္စုေတြဟာ အေနာက္ဘက္ကမ္းေျခမွာ အမ်ိဳးသားႏွစ္ဦးကို ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကြပ္မ်က္လိုက္ေၾကာင္း သိရပါတယ္။

ပါလက္စတိုင္းအုပ္စုေတြဟာ အဆိုပါ အမ်ိဳးသားႏွစ္ဦးကို အစၥေရးႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး အစၥေရးအတြက္ သူလ်ိဳလုပ္ေပးေနတယ္လို႔ စြပ္စြဲကာ အေနာက္ဘက္ကမ္းေျခရွိ Tulkarem ၿမိဳ႕မွာကြပ္မ်က္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါအမ်ိဳးသားႏွစ္ဦးကို ကြပ္မ်က္တဲ့႐ုပ္သံဖိုင္ကိုေဖာ္ျပခဲ့ရာ ပါလက္စတိုင္းလူအုပ္ႀကီးဟာ ကြပ္မ်က္ခံရသူႏွစ္ဦးကို ေအာ္ဟစ္ဆဲဆိုတာမ်ိဳးေတြလည္း ရွိခဲ့ေၾကာင္း သိရပါတယ္။

ပါလက္စတိုင္းေဒသခံေတြဟာ ဒုကၡသည္စခန္းရွိ ကုလသမဂၢေက်ာင္းရဲ႕နံရံမွာ အဆိုပါအမ်ိဳးသားႏွစ္ဦးကို ကြပ္မ်က္ ခဲ့တာျဖစ္ၿပီး ၎ႏွစ္ဦးရဲ႕ေျခဖဝါးကို သံဇူးႀကိဳးနဲ႔ခ်ိတ္ဆြဲကာ ကြပ္မ်က္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။ ႐ုပ္သံဖိုင္ ထဲမွာ လူအုပ္စုႀကီးဟာ ကြပ္မ်က္ခဲ့တဲ့ ပါလက္စတိုင္းလူမ်ိဳး အမ်ိဳးသားႏွစ္ဦးကို သစၥာေဖာက္ဆိုတဲ့ အသုံးအႏႈန္း ေတြ၊ အလာဟူအက္ဘာဆိုတဲ့ စကားလုံးေတြကို ေႂကြးေၾကာ္ခဲ့ေၾကာင္း သိရပါတယ္။

ကြပ္မ်က္ခံရသူႏွစ္ဦးဟာ အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ Hamza Mubarak ဆိုသူနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ Azam Juabra ဆိုသူတို႔ျဖစ္ေၾကာင္း သိရပါတယ္။

၎တို႔ႏွစ္ဦးဟာ အစၥေရးကို မၾကာခဏဆိုသလို အၾကမ္းဖက္မႈ စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး သတင္းမ်ားေပးခဲ့ ေၾကာင္း စြပ္စြဲခံခဲ့ရေၾကာင္း သိရပါတယ္။ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ဟာ ေအာက္တိုဘာ ၇ ရက္က စစ္ပြဲစတင္ခဲ့ၿပီး အစၥေရးဟာ ဂါဇာေဒသကိုေျမျပင္ထိုးစစ္ဆင္ႏႊဲေနကာ လက္ရွိအခ်ိန္မွာ ယာယီအပစ္ခတ္ရပ္စဲ ထားေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.