ဂျပန်နိုင်ငံရှိ Universal Studios မှာ ရိုလာကိုစတာရဲ့ စနစ်ချို့ ယွင်းခဲ့မှုကြောင့် စီးနင်းသူများ ပေ(၁ဝဝ)ကျော်မှာ ပိတ်မိခဲ့

3308
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၆
ဂျပန်နိုင်ငံ၊ အိုဆာကာရှိ Universal Studios Japan မှာ ရိုလာကိုစတာကြီးရဲ့ စနစ်ချို့ယွင်းခဲ့ခြင်းကြောင့် စီးနင်းလိုက်ပါခဲ့သူအချို့ ပေတစ်ရာကျော်အမြင့်မှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
ကြာသပတေးနေ့(ဒီဇင်ဘာလ ၁၄ ရက်) က မြေပြင်အထက် မီတာ ၄၀ (ပေ ၁၃၀) ထိ အမြင့်ရှိတဲ့ Jurassic Park-themed Flying Dinosaur မှ ရိုလာကိုစတာကြီးမှာ လူ ၃၂ ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ခရီးသည်တွေကို အရေးပေါ်လှေကားနဲ့ မြေပြင်ပေါ် ပြန်လည် ပို့ဆောင်ပေးခဲ့နိုင်တယ်လို့ သိရပါတယ်။
"ဒါတွေက ဖြစ်ပေါ်လာနိုင်တဲ့ အရာတွေမို့ ကျွန်တော်တို့ လုံခြုံ ရေးလုပ်ထုံးလုပ်နည်းကို လိုက်နာပြီး ဝန်ထမ်းတွေက ခရီးသည်တွေကို ဘေးကင်းရာကို လမ်းညွှန်ခဲ့ပါတယ်”လို့ ကိုယ်စားလှယ်က ဒီဇင်ဘာလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ ရိုလာကိုစတာဟာ Jurassic World ကို ပရိသတ်တွေ အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ဖို့ ပြုလုပ်ထားပြီး safety ဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အပြည့်အဝ အန္တရာယ်ကင်းတယ်လို့ Universal ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် စီးနင်းသူ အားလုံးကို ၄၅ မိနစ်အတွင်း ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။

zawgyi version
ဂ်ပန္ႏိုင္ငံရွိ Universal Studios မွာ ႐ိုလာကိုစတာရဲ႕ စနစ္ခ်ိဳ႕ ယြင္းခဲ့မႈေၾကာင့္ စီးနင္းသူမ်ား ေပ(၁ဝဝ)ေက်ာ္မွာ ပိတ္မိခဲ့
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၆
ဂ်ပန္ႏိုင္ငံ၊ အိုဆာကာရွိ Universal Studios Japan မွာ ႐ိုလာကိုစတာႀကီးရဲ႕ စနစ္ခ်ိဳ႕ယြင္းခဲ့ျခင္းေၾကာင့္ စီးနင္းလိုက္ပါခဲ့သူအခ်ိဳ႕ ေပတစ္ရာေက်ာ္အျမင့္မွာ ပိတ္မိေနခဲ့တယ္လို႔ သိရပါတယ္။
ၾကာသပေတးေန႔(ဒီဇင္ဘာလ ၁၄ ရက္) က ေျမျပင္အထက္ မီတာ ၄၀ (ေပ ၁၃၀) ထိ အျမင့္ရွိတဲ့ Jurassic Park-themed Flying Dinosaur မွ ႐ိုလာကိုစတာႀကီးမွာ လူ ၃၂ ဦး လိုက္ပါစီးနင္းခဲ့ပါတယ္။ ကံေကာင္းစြာနဲ႔ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ဘဲ ခရီးသည္ေတြကို အေရးေပၚေလွကားနဲ႔ ေျမျပင္ေပၚ ျပန္လည္ ပို႔ေဆာင္ေပးခဲ့ႏိုင္တယ္လို႔ သိရပါတယ္။
"ဒါေတြက ျဖစ္ေပၚလာႏိုင္တဲ့ အရာေတြမို႔ ကြၽန္ေတာ္တို႔ လုံၿခဳံ ေရးလုပ္ထုံးလုပ္နည္းကို လိုက္နာၿပီး ဝန္ထမ္းေတြက ခရီးသည္ေတြကို ေဘးကင္းရာကို လမ္းၫႊန္ခဲ့ပါတယ္”လို႔ ကိုယ္စားလွယ္က ဒီဇင္ဘာလ ၁၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
အဆိုပါ ႐ိုလာကိုစတာဟာ Jurassic World ကို ပရိသတ္ေတြ အေပၚစီးမွ ၾကည့္ရႈခံစားႏိုင္ဖို႔ ျပဳလုပ္ထားၿပီး safety ျဖစ္ေအာင္ ဒီဇိုင္းထုတ္ထားတာေၾကာင့္ အျပည့္အဝ အႏၲရာယ္ကင္းတယ္လို႔ Universal ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ဆိုပါတယ္။ ဒါေၾကာင့္ စီးနင္းသူ အားလုံးကို ၄၅ မိနစ္အတြင္း ေဘးကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔ ၎က ဆိုခဲ့ပါတယ္။