လိင်ပိုင်းဆိုင်ရာအဓိပ္ပာယ်တွေပါဝင်နေတဲ့ ဖုန်းကာဗာကို အသုံးပြုနေခြင်းကြောင့် ဝေဖန်ခံနေရတဲ့ တောင်ကိုရီးယား သရုပ်ဆောင် ချိုယောင်းဝူ

53

ရောင်နီ (NP News) - စက်တင်ဘာ ၁၁
တောင်ကိုရီးယားသရုပ်ဆောင် ချိုယောင်းဝူဟာ လိင်ပိုင်းဆိုင်ရာအရိပ်အမြွတ်တွေ ပါဝင်နေတဲ့ ဖုန်းကာဗာ ကို အသုံးပြုနေတဲ့ ပုံရိပ်တွေကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်ခံနေရပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက Hyundai Seoul မှာ ပြုလုပ်တဲ့ 'Tom Ford Beauty' သတင်းစာရှင်းလင်းပွဲ မှာ ချိုယောင်းဝူ က တက်ရောက်ခဲ့ပါတယ်။ အဲဒီ ပွဲအတွင်းမှာ သူကိုင်ခဲ့တဲ့ ဖုန်းကာဗာဒီဇိုင်းဟာ အင်တာနက် သုံးစွဲသူတွေရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ ဖုန်းကာဗာမှာ "LOVE MERCI" လို့ အမည်ပေးထားတဲ့ လူကြီးကစားစရာ ရောင်းချတဲ့ ဆိုင်ရှေ့မှာ ကျောင်းယူနီဖောင်းဝတ် ကျောင်းသူလေးတစ်ဦး မတ်တပ်ရပ်နေပုံ ဖြစ်နေလို့ပဲဖြစ်ပါတယ်။
"LOVE MERCI" ဟာ ဂျပန်နိုင်ငံ အာကီဟာဘရာ ရပ်ကွက်မှာရှိတဲ့ လူကြီးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့ တကယ့် အမည်လည်း ဖြစ်ပါတယ်။ အဆိုပါဖုန်းကာဗာကို ဖန်တီးသူဟာ အသက်မပြည့်သေးတဲ့ကလေးတွေကို ပစ်မှတ်ထား ပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးပုံစံပစ္စည်းတွေ ထုတ်နေသူဖြစ်တာကြောင့် ချိုယောင်းဝူဟာ သူ့ဆီက မှာယူပြီး အဆိုပါဖုန်းကာဗာကို အသုံးပြုနေသလား ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။
ချိုယောင်းဝူဟာ အရင်ကလည်း လူမှုပတ်ဝန်းကျင်က လူဆိုးအဖြစ် သတ်မှတ်ထားတဲ့ သူကို instagram မှာ following လုပ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရဖူးသေးပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ Baeksang Art Award ဆုပေးပွဲမှာ မျက်နှာသစ်သရုပ်ဆောင်ဆု ရရှိခဲ့ထားပြီးနောက် နာမည်ကြီးလာတဲ့အလျှောက် ပရိသတ်ရဲ့ မျက်စိဒေါက်ထောက် ကြည့်ခံနေရသူလည်းဖြစ်နေပါတယ်။

Zawgyi Version:
လိင္ပိုင္းဆိုင္ရာအဓိပၸာယ္ေတြပါဝင္ေနတဲ့ ဖုန္းကာဗာကို အသုံးျပဳေနျခင္းေၾကာင့္ ေဝဖန္ခံေနရတဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ခ်ိဳေယာင္းဝူ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ခ်ိဳေယာင္းဝူဟာ လိင္ပိုင္းဆိုင္ရာအရိပ္အႁမြတ္ေတြ ပါဝင္ေနတဲ့ ဖုန္းကာဗာ ကို အသုံးျပဳေနတဲ့ ပုံရိပ္ေတြေၾကာင့္ ဆိုရွယ္မီဒီယာမွာ ေဝဖန္ခံေနရပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းက Hyundai Seoul မွာ ျပဳလုပ္တဲ့ 'Tom Ford Beauty' သတင္းစာရွင္းလင္းပြဲ မွာ ခ်ိဳေယာင္းဝူ က တက္ေရာက္ခဲ့ပါတယ္။ အဲဒီ ပြဲအတြင္းမွာ သူကိုင္ခဲ့တဲ့ ဖုန္းကာဗာဒီဇိုင္းဟာ အင္တာနက္ သုံးစြဲသူေတြရဲ႕အာ႐ုံစိုက္မႈကို ရရွိခဲ့တာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဖုန္းကာဗာမွာ "LOVE MERCI" လို႔ အမည္ေပးထားတဲ့ လူႀကီးကစားစရာ ေရာင္းခ်တဲ့ ဆိုင္ေရွ႕မွာ ေက်ာင္းယူနီေဖာင္းဝတ္ ေက်ာင္းသူေလးတစ္ဦး မတ္တပ္ရပ္ေနပုံ ျဖစ္ေနလို႔ပဲျဖစ္ပါတယ္။
"LOVE MERCI" ဟာ ဂ်ပန္ႏိုင္ငံ အာကီဟာဘရာ ရပ္ကြက္မွာရွိတဲ့ လူႀကီးပစၥည္းအေရာင္းဆိုင္တစ္ခုရဲ႕ တကယ့္ အမည္လည္း ျဖစ္ပါတယ္။ အဆိုပါဖုန္းကာဗာကို ဖန္တီးသူဟာ အသက္မျပည့္ေသးတဲ့ကေလးေတြကို ပစ္မွတ္ထား ၿပီး လိင္ပိုင္းဆိုင္ရာေဖ်ာ္ေျဖေရးပုံစံပစၥည္းေတြ ထုတ္ေနသူျဖစ္တာေၾကာင့္ ခ်ိဳေယာင္းဝူဟာ သူ႔ဆီက မွာယူၿပီး အဆိုပါဖုန္းကာဗာကို အသုံးျပဳေနသလား ဆိုၿပီး ေဝဖန္ေနၾကတာျဖစ္ပါတယ္။
ခ်ိဳေယာင္းဝူဟာ အရင္ကလည္း လူမႈပတ္ဝန္းက်င္က လူဆိုးအျဖစ္ သတ္မွတ္ထားတဲ့ သူကို instagram မွာ following လုပ္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရဖူးေသးပါတယ္။ ၂၀၂၅ ခုႏွစ္ရဲ႕ Baeksang Art Award ဆုေပးပြဲမွာ မ်က္ႏွာသစ္သ႐ုပ္ေဆာင္ဆု ရရွိခဲ့ထားၿပီးေနာက္ နာမည္ႀကီးလာတဲ့အေလွ်ာက္ ပရိသတ္ရဲ႕ မ်က္စိေဒါက္ေထာက္ ၾကည့္ခံေနရသူလည္းျဖစ္ေနပါတယ္။