ရထားသံလမ်းပေါ်တွင် အိပ်ပေါ်နေသည့်အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားမှု ရန်ကုန်မြို့ ၌ ဖြစ်ပွား

6834
စော (NP News) - ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ အိပ်ပေါ်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွား မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန့်နေ့ (ဒီဇင်ဘာ ၁၆ ရက်) ည (၇)နာရီဝန်းကျင်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းဘူတာနှင့် စက်မှုဇုန်ဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနောင် နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူက ရထားလမ်းပေါ်မှာ မူးပြီး အိပ်နေတာ။ ပါသွားတဲ့လူပြောတာတော့ ဘေးမှာ အရက်ပုလင်းတွေဘာတွေ တွေ့တယ်လို့ ပြောတယ်။ ရထားသံလမ်းပေါ် ခေါင်းအုံးပြီး အိပ်နေတော့ ရထားက တက်ကြိတ်သွားတာပေါ့” ဟု ကနောင် နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ၎င်းအမျိုးသားနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ မသိရှိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားသည့် ရုပ်အလောင်းအား အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
ရထားသံလမ္းေပၚတြင္ အိပ္ေပၚေနသည့္အမ်ိဳးသားတစ္ဦး ရထားႀကိတ္ခံရ၍ ေခါင္းျပတ္ေသဆုံးသြားမႈ ရန္ကုန္ၿမိဳ႕ ၌ ျဖစ္ပြား
ေစာ (NP News) - ဒီဇင္ဘာ ၁၇
ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၌ အိပ္ေပၚေနသည့္ အမ်ိဳးသားတစ္ဦး ရထားႀကိတ္ခံရ၍ ေခါင္းျပတ္ေသဆုံးသြား မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္သည္ ယမန႔္ေန႔ (ဒီဇင္ဘာ ၁၆ ရက္) ည (၇)နာရီဝန္းက်င္အခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ တညင္းကုန္းဘူတာႏွင့္ စက္မႈဇုန္ဘူတာၾကားရွိ ရထားသံလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကေနာင္ နာေရး/ရွင္ေရး လူမႈကူညီေရးအသင္းထံမွ သိရသည္။
“သူက ရထားလမ္းေပၚမွာ မူးၿပီး အိပ္ေနတာ။ ပါသြားတဲ့လူေျပာတာေတာ့ ေဘးမွာ အရက္ပုလင္းေတြဘာေတြ ေတြ႕တယ္လို႔ ေျပာတယ္။ ရထားသံလမ္းေပၚ ေခါင္းအုံးၿပီး အိပ္ေနေတာ့ ရထားက တက္ႀကိတ္သြားတာေပါ့” ဟု ကေနာင္ နာေရး/ရွင္ေရး လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ၎အမ်ိဳးသားႏွင့္ပတ္သက္သည့္ မည္သည့္အခ်က္အလက္ကိုမွ် မသိရွိရေၾကာင္း ၎က ဆက္လက္ေျပာသည္။
ရထားႀကိတ္ခံရ၍ ေခါင္းျပတ္ေသဆုံးသြားသည့္ ႐ုပ္အေလာင္းအား အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။