တောင်ကိုရီးယားနာမည်ကြီး streamer မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ

440
ရောင်နီ (NP News) - နိုဝင်ဘာ ၃
တောင်ကိုရီးယား နာမည်ကျော် အင်တာနက် streamer BJ(Broadcast Jockey) Seya ဟာ မူးယစ် ဆေးဝါးသုံးစွဲမှုနဲ့ တရားစွဲဆိုခံထားရကာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရ ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က ဆိုးလ် အထက်တရားရုံးရဲ့ရာဇဝတ်မှုဌာနခွဲ ၆-၃ မှ တရားသူကြီးတွေက BJ Seya ကို အခြားစွဲချက်တွေနဲ့အတူ ပြင်းထန် ပြစ်ဒဏ်ဆိုင်ရာအက်ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု ကုသရေး ၄၀ နာရီ ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဟာ သူ့ရဲ့ကိုယ်တိုင် ရဲစခန်းမှာ ဖွင့်ဟဝန်ခံ အဖမ်းခံမှုနဲ့ အခြားအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး မူလထောင်ဒဏ် ၃ နှစ်နဲ့ ၆ လ မှ လျှော့ချလိုက်ခြင်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုမှာ BJ Seya ဟာ မူးယစ်ဆေး လက်ဝယ်ထားရှိမှုစွဲချက်မှ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
BJ Seya ဟာ၂၀၀၈ ခုနှစ်မှစ AfreecaTV မှာ ပါဝင်ကာ လူသိများခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လမှာတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့ကာ ရဲစခန်းမှာ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားနာမည္ႀကီး streamer မူးယစ္ေဆးဝါးသုံးစြဲမႈနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃
ေတာင္ကိုရီးယား နာမည္ေက်ာ္ အင္တာနက္ streamer BJ(Broadcast Jockey) Seya ဟာ မူးယစ္ ေဆးဝါးသုံးစြဲမႈနဲ႔ တရားစြဲဆိုခံထားရကာ ဒုတိယအႀကိမ္ ႐ုံးတင္စစ္ေဆးမႈမွာ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရ ပါတယ္။
ေအာက္တိုဘာ ၂၉ ရက္ေန႔က ဆိုးလ္ အထက္တရား႐ုံးရဲ႕ရာဇဝတ္မႈဌာနခြဲ ၆-၃ မွ တရားသူႀကီးေတြက BJ Seya ကို အျခားစြဲခ်က္ေတြနဲ႔အတူ ျပင္းထန္ ျပစ္ဒဏ္ဆိုင္ရာအက္ဥပေဒခ်ိဳးေဖာက္မႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ မူးယစ္ေဆးဝါးစြဲလမ္းမႈ ကုသေရး ၄၀ နာရီ ခ်မွတ္ခဲ့ပါတယ္။ ဒီျပစ္ဒဏ္ဟာ သူ႔ရဲ႕ကိုယ္တိုင္ ရဲစခန္းမွာ ဖြင့္ဟဝန္ခံ အဖမ္းခံမႈနဲ႔ အျခားအေျခအေနေတြကို ထည့္သြင္းစဥ္းစားၿပီး မူလေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ၆ လ မွ ေလွ်ာ့ခ်လိုက္ျခင္း ျဖစ္ပါတယ္။ ဒုတိယအႀကိမ္ ႐ုံးတင္စစ္ေဆးမႈမွာ BJ Seya ဟာ မူးယစ္ေဆး လက္ဝယ္ထားရွိမႈစြဲခ်က္မွ လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။
BJ Seya ဟာ၂၀၀၈ ခုႏွစ္မွစ AfreecaTV မွာ ပါဝင္ကာ လူသိမ်ားခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္ မတ္လမွာေတာ့ တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုမွာ မူးယစ္ေဆးဝါး သုံးစြဲခဲ့ေၾကာင္း ဝန္ခံခဲ့ကာ ရဲစခန္းမွာ ကိုယ္တိုင္သြားေရာက္ အဖမ္းခံခဲ့တာ ျဖစ္ပါတယ္။